images
UN
UN
အင်ဒိုနီးရှားနိုင်ငံမှ တရားမဝင်ငါးခိုးဖမ်းစက်လှေတစ်စင်းနှင့် အင်ဒိုနီးရှား နိုင်ငံသား ၁၅ ဦး ဖမ်းဆီးရမိ
ယူဒီနေ Thursday, 08 November 2018
ကော့သောင်းမြို့နယ်၌ အင်ဒို နီးရှားနိုင်ငံမှ တရားမဝင် ငါးခိုး ဖမ်းစက်လှေတစ်စင်းနှင့် အင်ဒိုနီး ရှား နိုင်ငံသား ၁၅ ဦး ဖမ်းဆီးရမိ ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ယခုလ ၆ရက် ည ၁၁ နာရီ ၁ဝမိနစ်က ကော့သောင်း မြို့နယ် ဇာဒက်ကြီးကျွန်း ရခစ (၅၈)မှ တပ်မတော်သားများသည် စစ်ရေယာဉ်အမှတ် T-201 ဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် သန်ကျွန်းအနောက်မြောက် ၅၄ မိုင်ခန့်အကွာ၌ အင်ဒိုနီးရှားနိုင်ငံ သား ဂျာမာလူတင်(၃၆နှစ်) ပဲ့နင်း (ဖ)အာဘူဘာကာ ပါကျား ၁၆ဦး လိုက်ပါလာသည့် BINT ANG JASA အမည်ရှိ အင်ဒိုနီးရှားနိုင်ငံ မှ တရားမဝင်ငါးခိုးဖမ်းစက်လှေ တစ်စင်း (အလျား ၅၅ ပေ၊ အနံ ၁၆ ပေ ၅လက်မ၊ ရေစူး ၇ ပေ ၅ လက်မခန့်၊ FUSO HP 125 အင်ဂျင်တပ်) အားတွေ့ရှိ ဖမ်းဆီး စဉ် ၄င်းတို့သည် ရေထဲသို့ ခုန်ချ ထွက်ပြေးခဲ့ရာ ဂျာမာလူတင်ပါ ၁၅ ဦးအား ပြန်လည်ဆယ်ယူရရှိခဲ့ ပြီး နူရိုအင်(၄၁နှစ်)မှာ ပြင်ပ ဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသွားခဲ့ ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် တွင် ဖမ်းဆီးရမိသည့်စက်လှေနှင့် အင်ဒိုနီးရှား နိုင်ငံသားများအား ရခစ (၅၈) ၌ ထိန်းသိမ်းထားရှိပြီး ဂျာမာလူတင်ပါ ၁၅ ဦးအား မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုဦး စီးမှူးဦးစိုးတင့်ထံလွှဲပြောင်း အပ်နှံ ခဲ့သည်။
၎င်းအင်ဒိုနီး ရှားနိုင်ငံသားများ သည် အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြား ကျွန်းမှ မြန်မာနိုင်ငံရေပိုင်နက် အတွင်းသို့ ဝင်ရောက်ငါးခိုးဖမ်း ခြင်းဖြစ်သဖြင့် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်တန်း၍ ဂျာမာလူ တင်ပါ ၁၅ ဦး အားကော့သောင်း မြို့မရဲစခန်း (ပ)၂ဝဝ၉/၂ဝ၁၈၊ နိုင်ငံခြားငါး ဥပဒေ ပုဒ်မ၃၈(က) (ခ)ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။