images
UN
UN
ဘော့စနီးယားအား အဖွဲ့ဝင်အဖြစ်လက်ခံရေး နေတိုးအဖွဲ့မီးစိမ်းပြ
နောင်နောင် Thursday, 06 December 2018
ဘော့စနီးယား-ဟာဇဲဂိုဗီးနီး ယားအား ကမ္ဘာ့အကြီးဆုံးမဟာ မိတ်အဖွဲ့ဖြစ်သော နေတိုးအဖွဲ့တွင် ပါဝင်နိုင်ရေးအတွက် အရေးပါ သော ခြေလှမ်းတစ်ခုအနေဖြင့် ဘော့စနီးယားအားအဖွဲ့ဝင်အဖြစ် ကန့်ကွက်မှုများရှိနေသော်လည်း ယမန်နေ့တွင် နေတိုးအဖွဲ့က မီးစိမ်းပြခဲ့သည်ဟုသိရသည်။
နေတိုးနိုင်ငံခြားရေးဝန်ကြီးများ သည် လူမျိုးရေးအရခွဲခြားထား သော ဘောကန်ကျွန်းဆွယ်နိုင်ငံ ကို မဟာမိတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ပြုပြင်ပြောင်းလဲ မှု ပထမဆုံးနှစ်စဉ်အစီအစဉ်ကို တင်ပြရန်ဘရပ်ဆဲလ်တွေ့ဆုံဆွေး နွေးပွဲသို့ ဖိတ်ခေါ်ခဲ့ကြောင်းသိရ သည်။ ယင်းသို့ ဖိတ်ခေါ်ခဲ့မှုသည် အဖွဲ့ဝင်ဖြစ်ရေးအတွက် စိတ်အား တက်ကြွသောနိုင်ငံများအတွက် ကြိုတင်ဆောင်ရွက်ရန် အထောက် အပံ့ဖြစ်စေသည့် နေတိုးအဖွဲ့ဝင် ဖြစ်ရေး လုပ်ဆောင်မှုအစီအစဉ်(MAP)၏ တစ်စိတ်တစ်ဒေသဖြစ် သည်။
သို့သော် ဘော့စနီးယားအနေ ဖြင့် ဗြဏ ဖိတ်ခေါ်မှုကို လက်ခံ ခြင်း ရှိမရှိ မရှင်းလင်းသည့်တိုင် အောင် ယင်းလုပ်ဆောင်မှုသည် ဘော့စနီးယားအား အဖွဲ့ဝင်အဖြစ် အချိန်မရွေး ချက်ချင်းပါဝင်နိုင် မည်ဟုမဆိုလိုပေ။
၎င်းတို့၏ နှစ်စဉ်အမျိုးသား အစီအစဉ်ကို နေတိုးအဖွဲ့ဘက်မှ လက်ခံဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ သို့သော် ၄င်းတို့အားဆုံးဖြတ်ခိုင်း ထားပြီး ၄င်းတို့အဆင်သင့်ဖြစ်လျှင် မိမိတို့အနေဖြင့် အဆင်သင့်ပင် ဖြစ်ကြောင်း နေတိုးအဖွဲ့အထွေ ထွေအတွင်းရေးမှူးချုပ်Jens Stoltenberg က ဆိုသည်။ နေတိုး နှင့်အီးယူကဲ့သို့သော အနောက် အုပ်စုအနေဖြင့် ဘော့စနီးယား ကဲ့သို့သောဘောလကန်ကျွန်းဆွယ် ရှိနိုင်ငံများ၏ ပေါင်းစည်းမှုသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အင်အားတစ်ရပ်အဖြစ် ရှုမြင် ကြောင်းလည်း သိရသည်။
Ref: Fox News