images
UN
UN
မူဆယ်ရှိ သစ်သီးများရောင်းဝယ်သည့် ကုန်သွယ်ရေးဂိတ်အား အချိန်တိုးမြှင့်ဖွင့်လှစ်မည်
NG Friday, 11 January 2019
မူဆယ်မြို့တွင် သစ်သီးများ အရောင်းအဝယ် ပြုလုပ်ခွင့်ပေး ထားသော ကျင်စန်းကျော့ ကုန် သွယ်ရေးဂိတ်အား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည့် အပြင် ကုန်သွယ်ရေးဂိတ်ဖွင့်လှစ် ချိန်အား တိုးမြှင့်ပေးထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြ သည်။
ကျင်စန်းကျော့ကုန်သွယ်ရေး ဂိတ်အား လုံခြုံရေးနှင့်ဆိုင်သည့် အကြောင်းအရာများကြောင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ရက်တွင် ယာယီ ပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ ကျင်စန်းကျော့ကုန်သွယ် ရေးဂိတ်အား ယာယီပိတ်ထားမှု ကြောင့် ပြည်တွင်းရှိ သစ်သီးဝလံ စိုက်ပျိုးသောတောင်သူများနှင့် ကုန်သည်များ နစ်နာမှုများဖြစ်ပေါ် လာခဲ့ခြင်းကြောင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဌာန၊ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူ များကြားတွင် ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ပြီးနောက် ယမန်နေ့တွင် ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ် အား ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်အား ယခင်က နံနက် ၆နာရီမှ ညနေ ၄နာရီခွဲ အထိသာ ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နံနက် ၆နာရီ မှ ညနေ ၆နာရီအထိ အချိန်တိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းဒုတိယ အတွင်းဝန်တစ်ဦးက အတည်ပြု ပြောကြားသည်။