images
UN
UN
အမေရိကန်-ဂျာမနီဆက်ဆံရေးအပေါ် ဂျာမနီနိုင်ငံသားများအကောင်းမြင်မှုလျော့ကျ
Sunday, 10 February 2019
ဂျာမနီနိုင်ငံသားများ၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍအပေါ် ရှုမြင် ထားမှုများအား သိရှိရန်ရည်ရွယ်ပြုလုပ်ခဲ့သည့်စစ်တမ်းတစ်ရပ်အရ ဂျာမနီနိုင်ငံသားများသည် အမေရိကန်-ဂျာမနီဆက်ဆံရေးအပေါ် အကောင်းမြင်မှုလျော့ကျလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။
စစ်တမ်းကောက်ခံပြီးနောက် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအတွင်း ၌ ဂျာမနီနှင့်အမေရိကန်ကြားရှိ လက်ရှိဆက်ဆံရေးအခြေအနေမှာဆိုးရွား သည်ဟု ရှုမြင်ထားသောဂျာမနီနိုင်ငံသားဦးရေမှာ ၈၅ ရာခိုင်နှုန်းအထိ ရှိနေသည့်အပြင် ဆက်ဆံရေးအလွန်ဆိုးရွားသည်ဟု ရှုမြင်သူဦးရေမှာ လည်း ရာခိုင်နှုန်း ၆ဝ နီးပါးအထိရှိနေခြင်းကြောင့် အမေရိကန်-ဂျာမနီ ဆက်ဆံရေးအပေါ် ဂျာမနီနိုင်ငံသားများအကောင်းမြင်မှုလျော့ကျနေသည့် အပြင်အနုတ်လက္ခဏာဆောင်သည့်ရှုမြင်ချက်များတိုးပွားလျက်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဂျာမနီ၏အစဉ်အလာပြိုင်ဘက်နိုင်ငံအဖြစ် သတ်မှတ်ထားသော ရုရှားက ဂျာမနီအပေါ်ခြိမ်းခြောက်ရန်ပြုနိုင်စွမ်း ရှိသည်ဟု ရှုမြင်သည့်ဂျာမနီနိုင်ငံသားဦးရေမှာ ၁ဝ ရာခိုင်နှုန်းအောက် သို့ရောက်ရှိသွားခြင်းကြောင့် ဂျာမနီနိုင်ငံသားအများစုသည် အမေရိကန် ထက်ရုရှားနှင့်ဆက်ဆံရေးက ပိုမိုအကျိုးရှိသည်ဟု ယူဆနေခြင်းဖြစ်ဖွယ် ရှိကြောင်းလည်းတွေ့ရှိခဲ့သည်။ NG(Ref; AFP)