images
UN
UN
ဖမ်းဆီးသိမ်းယူထားသည့်သင်္ဘောအားပြန်ပေးရန် မြောက်ကိုရီးယားတောင်းဆို
KK(IR) Wednesday, 15 May 2019
အမေရိကန်ကဖမ်းဆီးသိမ်းယူ ထားသည့် ကုန်တင်သင်္ဘောကို ချက်ချင်းပြန်ပေးရန် မြောက်ကိုရီး ယားကတောင်းဆိုခဲ့ပြီး ၄င်းလုပ် ရပ်သည် တရားဥပဒေနှင့်ဆန့်ကျင် သော ဓားပြတိုက်မှုတစ်ခုပင်ဖြစ် သည်ဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်သီတင်းပတ် အတွင်း အမေရိကန်တရားရေး ဌာနက မြောက်ကိုရီးယားအစိုးရ သည် ကျောက်မီးသွေးတင်ပို့ရန် အတွက် ယင်းသင်္ဘောကိုသုံးစွဲကာ နိုင်ငံတကာ၏အရေးယူဒဏ်ခတ်မှု များကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲ ခဲ့သည်။
Wise Honest ဟုအမည်ရ သည့်အဆိုပါသင်္ဘောသည် ၂ဝ၁၈ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၌ ပထမဦးဆုံးတရားဝင်ဖမ်းဆီးသိမ်း ယူခြင်းခံခဲ့ရခြင်းဖြစ်သည်။ ၄င်း သင်္ဘောကိုဖမ်းဆီးသိမ်းယူခြင်းသည် ဒေါ်နယ်ထရန့်နှင့် ကင်မ်ဂျုံအန် အကြားပြုလုပ်ခဲ့သည့် ၂ဝ၁၈ ခုနှစ် ထိပ်သီးစည်းဝေးပွဲ သဘောတူညီ ချက်၏ အနှစ်သာရကိုဖောက်ဖျက် ခြင်းပင်ဖြစ်သည်ဟု မြောက်ကိုရီး ယားကပြောကြားခဲ့ကြောင်း သိရ သည်။ မြောက်ကိုရီးယားကို ဖိအားပေးထိန်းချုပ်နိုင်မည်ဟု အမေရိကန်အနေဖြင့် ယုံကြည်နေ မည်ဆိုပါက အကြီးမားဆုံးသော မှားယွင်းသည့် တွက်ချက်မှုပင်ဖြစ် လိမ့်မည်ဟု မြောက်ကိုရီးယားက ကြေညာချက်တွင်ပြောကြားထား ကြောင်း သိရသည်။ ယခုဖြစ်ရပ် သည် အရေးယူဒဏ်ခတ်မှုများ အား ချိုးဖောက်မှုအတွက် မြောက် ကိုရီးယားသင်္ဘောတစ်စင်းအား အမေရိကန်မှ ပထမဦးဆုံးဖမ်းဆီး သိမ်းယူမှုပင်ဖြစ်ပြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးများ ပိုမိုဆိုးရွားလာ စဉ်အတွင်းထွက်ပေါ်လာခြင်းဖြစ် သည်။ Ref: BBC News