images
UN
UN
ဘိလပ်မြေစက်ရုံစီမံကိန်းကန့်ကွက်သူများနှင့်ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်ပွား ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံများဒဏ်ရာရ
ထက်မြက်အောင် Wednesday, 15 May 2019
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်အောင်သပြေကျေးရွာအနီး တည် ဆောက်နေသည့် ကျောက်မီးသွေးစွမ်း အင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက် သိမ်းပေးရန်နှင့်ဖမ်းဆီးထားသောတောင်သူ များကို အမြန်ဆုံးလွှတ်ပေးရန်အတွက် ယနေ့နံနက်ပိုင်းက အောင်သပြေကျေးရွာ မှရွာသူရွာသားများက ကျေးရွာအဝင် လမ်းအား ပိတ်ဆို့ပြီးဆန္ဒပြခဲ့ကြသည်။အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ စီမံကိန်းကိုကန့်ကွက်နေကြသည့်အောင်သပြေကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားရာ ရော်ဘာကျည်ဖြင့် ပစ်ခတ်သဖြင့် ဒေသခံများဒဏ်ရာရရှိပြီး သုံးဦးအဖမ်းခံထားရကြောင်း ဒေသခံများ ထံမှ သိရသည်။
''မနက်ကပါ။ တော်တော်များများလည်းမှန်ပါတယ်။ အပစ်ခံရ တဲ့သူတွေလည်းများပါတယ်။ ဖမ်းတဲ့သူတွေလည်း အဖမ်းခံရ တယ်''ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။
အဆိုပါ စီမံကိန်းသည် ကျေးရွာအဝင်ဆိုင်းဘုတ်ကို ဖျက်ဆီး ပစ်ခြင်း၊ ရွာအဝင်သစ်ပင်များခုတ်လှဲခြင်း၊ ဒေသခံတို့၏ ရေတွင်းရေ ကန်များကို မြေဖို့ခြင်းများရှိသည့်အပြင် စီမံကိန်းမှာရွာနှင့် ကပ်လျက် လုပ်ဆောင်နေခြင်းများကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံ များကပြောသည်။
ဆန္ဒပြခံနေရသည့် ဘိလပ်မြေစက်ရုံဝင်းထဲရှိ ကားနှစ်စီးနှင့် ဆိုင်ကယ်သုံးစီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါမီးရှို့မှုများဖြစ် ပွားခဲ့ပြီးစီမံကိန်းသို့ဝင်ရောက်မည့်မော်တော်ယာဉ်များကို စီမံကိန်းကန့် ကွက်နေသည့်ဒေသခံတို့က အဝင်မခံခြင်း၊ ခဲဖြင့်ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုဖြစ်စဉ်ကို Channel Mandalay TV Facebook Page တွင်တိုက်ရိုက် Live တင်ဆက်နေသည့်သတင်း ထောက်လည်း ဖမ်းဆီး ခံခဲ့ရသည်။
အဆိုပါ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံ များကန့်ကွက်နေသည်မှာတစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ဆန္ဒထုတ် ဖော်မှုများကြောင့် ဒေသခံအချို့လည်း တရားစွဲဆိုခံထားရသည်။