images
UN
UN
တနင်္သာရီမြို့နယ် မရင်းကြီးကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မြင့်ဦး(မြိတ်) Sunday, 09 June 2019

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုံး ကျေးရွာအုပ်စု မရင်းကြီးကျေးရွာရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ ညနေ ၄ နာရီ ၅ဝ မိနစ်ခန့်က မူးယစ် ဆေးဝါးရောင်းချနေကြောင်းသတင်း အရ သွားရောက်ရှာဖွေ့ရာမှ WY စိတ်ကြွရူးသွပ်ဆေးပြား၄၅ပြားနှင့် အတူ အမျိုးသားတစ်ဦး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ဆင်ခြေဖုံး ကျေးရွာအုပ်စု မရင်းကြီးကျေးရွာ နေ ကျော်သူ(၃၃နှစ်) ဥယျာဉ်ခြံ လုပ်ကိုင်နေသူ၏နေအိမ်တွင် မူး ယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ ယမန်နေ့ ညနေ ၄ နာရီ ၅ဝ မိနစ်ခန့်က တနင်္သာရီ မြို့မရဲစခန်းမှ ဒုရဲအုပ်သော်တာမျိုး ရဲတပ်ကြပ်ကြီးကျော်ဆွေ ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများ ဖြစ်သည့်မရင်းကြီးကျေးရွာတာဝန်ခံ ဦးသန့်ဇော်မိုး၊ ချောင်းကြီးရပ်ကွက် ရာအိမ်မှူး ဦးတိုးဝင်းတို့နှင့်အတူ ကျော်သူ၏နေအိမ်အား မြို့နယ် ရဲတပ်ဖွဲ့မှူး၏ဝင်ရောက်ရှာဖွေ ဖမ်း ဆီးခွင့်ဝရမ်းအမှတ်(၃/၂ဝ၁၉)ဖြင့် ဝင်ရောက်ရှာဖွေ့ခဲ့ရာ ကျော်သူမှာ နေအိမ်တွင်မရှိဘဲ ၄င်း၏ခြံအတွင်း နေ အနောက်ဘက်ရှိ ငှက်သိုက် ခေါ် နေအိမ်တွင်တက်နေ၍ ၄င်း အား အောက်သို့ဆင်းလာရန်ခေါ် ရာ ချက်ချင်းဆင်းမလာဘဲ လက် ထဲမှ အထုပ်တစ်ထုပ်အား အောက် သို့ ပစ်ချလိုက်သည်ကို သက်သေ များနှင့်အတူ ပစ်ချလိုက်သော နေရာအား သွားရောက်ရှာဖွေ့ရာ ငှက်သိုက်ခေါ်အိမ်နှင့် ပေ ၂ဝ ခန့်အကွာ ပိန်းပင်များကြားတွင် အပြာရောင်ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် WYစာတန်းပါ ပန်း ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ပြား၊ကာလတန်ဖိုးငွေကျပ်၁၃၅ဝဝဝ ကျပ်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာ တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ် ဆေးဝါးများအား လက်ဝယ်ထားရှိ သူ ကျော်သူအား တနင်္သာရီမြို့မ ရဲစခန်းမှ မယ(ပ)၁ဝ/၂ဝ၁၉၊ မူး/ စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။