images
UN
UN
စစ်ပွဲပုံစံသစ်တစ်ခုအား ပုံဖော်နိုင်ခြင်းမရှိပါက အမေရိကန်၏လွှမ်းမိုးနိုင်မှုများ လျော့ကျမည်ဟု သတိပေး
Thursday, 13 June 2019
အမေရိကန်လုံခြုံရေးဆိုင်ရာ ဗဟိုစင်တာ မှ ပညာရှင်တစ်ဦးဖြစ်သော ခရစ္စဒူဂါတီ ရေး သားသည့် အစီရင်ခံစာတစ်စောင်အတွင်း၌ အမေရိကန်အနေဖြင့် စစ်ပွဲပုံစံသစ်တစ်ခုအား ပုံဖော်နိုင်ခြင်းမရှိပါက ၄င်း၏လွှမ်းမိုးနိုင်မှု များ လျော့ကျလာမည်ဟု ဖော်ပြခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
အမေရိကန်သည် လက်ရှိအချိန်၌ တစ် ကမ္ဘာလုံးတွင် အင်အားချိန်ခွင်လျှာထိန်းချုပ် ခြင်းနှင့် ကိုယ်ကျိုးစီးပွားအရ လွှမ်းမိုးနိုင် ရန် ကြိုးပမ်းခြင်းများ ပြုလုပ်ရာတွင် စစ်အေး တိုက်ပွဲကာလတွင် အသုံးပြုခဲ့သော နည်းလမ်း များကိုသာ အသုံးပြုလျက်ရှိပြီး ရုရှားနှင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိလာသော အခြားနိုင်ငံများမှာမူ ခေတ် နှင့်ကိုက်ညီသည့်နည်းလမ်းသစ်များကို အသုံး ပြုလျက်ရှိသောကြောင့် အမေရိကန်အနေဖြင့် စစ်ပွဲပုံစံသစ်တစ်ခုအား ပုံဖော်နိုင်ခြင်းမရှိပါက ဦးဆောင်မှုကဏ္ဍအား ရုရှားနှင့်တရုတ်သို့ လွှဲ ပြောင်းပေးရဖွယ်ရှိသည့်အပြင် အမေရိကန် ၏ လွှမ်းမိုးနိုင်စွမ်းလည်း လျော့ကျသွားမည် ဟု ခရစ္စဒူဂါတီက သတိပေးခဲ့သည်။ အမေ ရိကန်သည် ၁၉၉၁ ခုနှစ်က ဖြစ်ပွားခဲ့သော ပင်လယ်ကွေ့စစ်ပွဲတွင် အသုံးပြုခဲ့သည့်စစ်ရေးကို အားကိုးသော နည်းဗျူဟာဟောင်းများကို သာ လက်ရှိအချိန်အထိ သုံးစွဲနေခြင်းသည် အားနည်းချက်တစ်ရပ်အသွင်ဖြစ်နေကြောင်း လည်း သုံးသပ်ခဲ့သည်။
NG(Ref; AP)