images
UN
UN
ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ရန် ပြင်သစ်အစိုးရဆုံးဖြတ်
Thursday, 11 July 2019

ပြင်သစ်အစိုးရသည် နည်းပညာကုမ္ပဏီကြီးများအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေဖွယ်ရှိသော ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံမှုအား လက် တွေ့လုပ်ဆောင်ရန် အတည်ပြုခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြ သည်။
ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံခြင်းကြောင့် ပြင်သစ်နိုင်ငံ အတွင်း၌ ပြုလုပ်သောဒီဂျစ်တယ်နည်းပညာကို အခြေခံသည့်ငွေပေး ချေမှုများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအတွက် အခွန်ထမ်းဆောင် ရမည်ဖြစ်၍ င်္ခေနဘသသု နှင့်ွသသါူန ကဲ့သို့ အင်အားကြီးကုမ္ပဏီများ အနေဖြင့် အခွန်ပမာဏများစွာထမ်းဆောင်ရသည့်အနေအထားသို့ ရောက် ရှိလာဖွယ်ရှိနေသည်။ ပြင်သစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံ အတွင်းရှိ ပြည်သူများ၏ ငွေကြေးများကို ရယူနေသောအရှိတရားကြောင့် ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။ အမေရိကန်အစိုးရက ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံ ခြင်းသည် မျှတမှုရှိရန် မလွယ်ကူသောကြောင့် မလုပ်ဆောင်ရန် တိုက် တွန်းခဲ့သည့်ကြားမှ ပြင်သစ်အစိုးရက ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ၍ နှစ်နိုင်ငံကြားတွင် ဆက်ဆံရေးအဆင်မပြေမှုအချို့ ဖြစ်ပေါ်လာဖွယ် ရှိသည်။ NG(Ref; BBC)