images
UN
UN
ပျဉ်းမနားမြို့တွင် တစ်ရက်တည်းလိုင်စင်မဲ့ယာဉ်နှစ်စီးဖမ်းဆီးရမိ
မင်းမင်းလတ်(မန်းတက္ကသိုလ်) Friday, 04 October 2019
ပြည်ထောင်စုနယ်မြေ နေပြည် တော် ပျဉ်းမနားမြို့တွင် တစ်ရက် တည်းလိုင်စင်မဲ့ယာဉ်နှစ်စီးဖမ်းဆီး ရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့မရဲစ ခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲ အုပ် သက်နိုင်ဦးသည်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် ယခုလ ယမန်နေ့ ညနေ ၆နာရီ မိနစ်၂ဝက ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ် ကွက် ရှမ်းကန်အရှေ့ဘက် စိန် သောက်ရေသန့်အနီးတွင် လိုင်စင်မဲ့ ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရရဲတပ်ဖွဲ့ဝင်များ၊သက်သေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်၍ သွားရောက်စစ်ဆေးရာ ရှမ်းကန်၏ အရှေ့ဘက် ၌ယာဉ်အမှတ်YGN 6E--------နံပါတ်ပြားတပ်ဆင်ထား သော ALPHARD အဖြူရောင် ယာဉ်တစ်စီးအား မသင်္ကာဖွယ် တွေ့ရှိ၍စစ်ဆေးရာ အဆိုပါယာဉ် ကိုစီးနင်းလာသူမှာ ရန်နောင်စိုး (ခ)စောရန် နိုင်(၃၈နှစ်)၊ အမှတ် (၄)ရပ်ကွက် မြဝတီမြို့နေသူဟု သိရှိရပြီး ယာဉ် နှင့်ပတ်သက်သည့် အထောက်အထားများအား ပြသ ခိုင်းရာ တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့်ဒုရဲအုပ်သက်နိုင်ဦးကသက် သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေး သွင်းသိမ်းဆည်းခဲ့ပြီး ပျဉ်းမနား မြို့မရဲစခန်းမှ(ပ) ၅၈၉/၂ဝ၁၉၊ ၂ဝ၁၂ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ဖြင့် ရန်နောင်စိုး (ခ)စောရန် နိုင်အား ဆက်လက်စစ်ဆေးအရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ယင်းနေ့ ည၁ဝနာရီ မိနစ်၎ဝတွင်နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်ဦးသည် ရဲစခန်း တွင် တာဝန်ထမ်းဆောင်နေစဉ် ပျဉ်းမနားမြို့ရန်အောင်(၂)ရပ်ကွက် ပျဉ်းမနား-လယ်ဝေးလမ်းဟောင်း ပေါ်တွင် လိုင်စင်မဲ့ယာဉ်တစ်စီး ရပ် တန့်ထားကြောင်း တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေရွှေချီရပ် ကွက်မှ ရာအိမ်မှူးဦးပြည့်ဖြိုးချမ်း သာ၊ ဦးအုန်းမြင့်တို့နှင့်အတူ သွား ရောက်စစ်ဆေးရာအဆိုပါလမ်းမ အပေါ်တွင်ယာဉ်အမှတ့်YGN-5G ------- နံပါတ်ပြားတပ်ဆင်ထားသော WISH အဖြူရောင်ယာဉ်တစ်စီး ရပ်တန့်ထားသည်ကိုတွေ့ရှိရသဖြင့် စစ်ဆေးရာ ၄င်းယာဉ်အား စီးနင်း လာသူမှာ စောသန်းလွင်(၃၂နှစ်) အမှတ်(၄)ရပ်ကွက် မြဝတီမြို့နေသူ ဖြစ်ကြောင်း စစ်ဆေးချက်အရသိရ ပြီး ၄င်းယာဉ်နှင့်ပတ်သက်သည့် အထောက်အထားများ ပြသခိုင်းရာ ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် အဆိုပါယာဉ်အား သက်သေများ ရှေ့တွင်ရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်း ဆည်းပြီးအမှုဖွင့်အရေးယူပေးပါရန် ပျဉ်းမနားမြို့မ ရဲစခန်းသို့တိုင်တန်း ရာရဲစခန်းမှ(ပ)၅၉ဝ/၂ဝ၁၉၊၂ဝ၁၂ ခုနှစ်ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ-၈ဖြင့်အမှု ဖွင့်လှစ်၍ စောသန်းလွင် (၃၁နှစ်) အား ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။