images
UN
UN
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ လေ့ကျင့်ခြေစမ်းရန် တရုတ်နိုင်ငံShzhou မြို့သို့ထွက်ခွာ
ဇင်မင်းနိုင် Friday, 08 November 2019

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ လေ့ကျင့်ခြေစမ်းရန် တရုတ်နိုင်ငံShzhou မြို့သို့ ယမန့်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
၎င်းမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့မှ ယခုလ ၁၅ ရက်အထိ တရုတ်နိုင်ငံတွင် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်ပြီး တရုတ်အမျိုးသမီးလိဂ်ချန်ပီယံအသင်းနှင့်ပွဲစဉ်အပါအဝင် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြိမ်(၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ် လူစာရင်းကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။