images
UN
UN
သန်လျင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
သက်ခိုင်(သန်လျင်) Friday, 08 November 2019
ရန်ကုန်တောင်ပိုင်းခရိုင် သန် လျင်မြို့ ဘုရားကုန်းကျေးရွာ ကျောက်ရေတွင်း(၁)လမ်း ပိုင်ရှင် ဦးအောင်မြင့် အသက်(၅၂နှစ်)၏ နေအိမ်အနောက်ဘက် မုန့်မျိုးစုံလုပ် ငန်း သွပ်မိုး၊ သွပ်ကာဂိုဒေါင်တွင် ယနေ့ နံနက် ၃ နာရီ ၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက အနီးကပ်ကြီးကြပ်မှုဖြင့် တောင်ပိုင်း ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်လွင်ဦး ဦးဆောင်၍ သန်လျင်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ တောင်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ကျောက် တန်းမြို့နယ်မီးသတ်စခန်းမှ မီး ငြှိမ်းသတ်ယာဉ်နှစ်စီး၊ သာကေတ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ စုစုပေါင်း မီး ငြှိမ်းသတ်ယာဉ်ကိုးစီး၊ ကွပ်ကဲမှု ယာဉ်သုံးစီး၊ သန္ဓေမီးသတ်တပ် ဖွဲ့ဝင် ၇ဝ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင် ၁ဝ ဦး၊ သန်လျင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးဝင်းနှင့်ရဲတပ်ဖွဲ့ ဝင်များ၊ ဘုရားကုန်းကျေးရွာအုပ် ချုပ်ရေးမှူး ဦးဘုန်းကျော်သူနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့်ပြည်သူများက ဝိုင်းဝန်းငြှိမ်း သတ်ရာ နံနက် ၃ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုမှာ မုန့်ထုပ် သည့်ပါကင်ပိတ်စက်အပူလွန်ကဲပြီး အနီးရှိပလတ်စတစ်များ အရည် ပျော်ရာမှ စတင်မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးအောင်မြင့်၏ အလျားပေ ၄ဝ၊ အနံ ၂၅ ပေ သွပ်မိုး၊ သွပ်ကာ ဂိုဒေါင်တစ်လုံးနှင့် မုန့်ထုတ်လုပ် သည့်ဆက်စပ်ပစ္စည်းများ မီးလောင် ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်သေဆုံး ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီး လောင်မှုအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။