images
UN
UN
ပလတ်စတစ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးပေးနိုင်စွမ်းရှိသောအရာများ အင်ဒိုနီးရှား စားသောက်ကုန်များအတွင်း၌ ပါရှိနေဟု တွေ့ရှိ
Thursday, 14 November 2019
ပလတ်စတစ်များကြောင့် ဖြစ်ပေါ်လာ သည့် ဆိုးကျိုးပေးနိုင်စွမ်းရှိသောအရာများကို အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ စားသောက်ကုန် များအတွင်း၌ ပါရှိနေသည်ဟု တွေ့ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
နိုင်ငံတကာအဆိပ်သင့်စေသော ပစ္စည်း များ တိုက်ဖျက်ရေးကွန်ရက်မှ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ အင်ဒိုနီးရှားနိုင်ငံအတွင်း ရှိ ကြက်ဥများအတွင်း၌ ပလတ်စတစ်များ အား မီးရှို့ခြင်းကြောင့် ထွက်ပေါ်လေ့ရှိသည့် ဒိုင်အောက်ဇင်များပြားစွာ ပါရှိနေကြောင်း တွေ့ရှိခဲ့သည့်အပြင် ပါရှိနေသည့်ပမာဏသည် ဥရောပနိုင်ငံများတွင် အများဆုံးပါရှိရမည်ဟု သတ်မှတ်ထားသည့် ပမာဏထက် အဆ ၇ဝ ခန့် ပိုများနေသည်ဟုပါ တွေ့ရှိခဲ့သည်။ အင်ဒို နီးရှားနိုင်ငံအတွင်းရှိ ကြက်ဥများနှင့် အခြား စားသောက်ကုန်များအတွင်း၌ ပါဝင်နေသော ပလတ်စတစ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးပေးနိုင်စွမ်းရှိသောအရာများသည် ကင်ဆာရောဂါဖြစ်စေရန် တွန်းအားပေးခြင်း၊ ကိုယ်ခံအားစနစ်အား ပျက်စီးစေခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည် ဟုလည်း အတည်ပြုထားသည်။ အင်ဒိုနီးရှား သည် အနောက်နိုင်ငံများတွင် အသုံးပြုပြီး ဖြစ်သော ပလတ်စတစ်အမှိုက်များအား အများ ဆုံးလက်ခံနေသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိ နေခြင်းသည် ပလတ်စတစ်ကြောင့် ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည် ဟု တွေ့ရှိခဲ့သည်။ NG(Ref; BBC)