images
UN
UN
ဆန္ဒပြပွဲများကြောင့် ပီရူးနှင့်ကစားမည့်ပွဲစဉ်ကို ချီလီကစားသမားများ ငြင်းပယ်
Thursday, 14 November 2019
ချီလီကစားသမားများသည် နိုင်ငံတွင်း ဆန္ဒပြပွဲများရှိနေခြင်း ကြောင့် လာမည့်ရက်သတ္တပတ် တွင် ပီရူးနှင့်ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲစဉ်ကို ကစားပေးမည် မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်။ချီလီနိုင်ငံအတွင်း၌ အစိုးရကို ဆန္ဒပြပွဲများ ရှိနေခြင်းကြောင့် ၄င်း တို့နိုင်ငံတွင် လက်ခံကျင်းပရန် စီစဉ်ထားသည့် ကိုပါလီဗာတေးဒိုး ဗိုလ်လုပွဲကဲ့သို့ ထိပ်တန်းပွဲစဉ်များ ကိုပင် လက်ခံကျင်းပနိုင်ခြင်း မရှိတော့ပေ။
ယခုအခါတွင် ချီလီကစား သမားများက ယခုလ ၁၉ ရက် တွင် ယှဉ်ပြိုင်ကစားမည့် ပီရူးနှင့် ခြေစမ်းပွဲစဉ်ကို ကစားပေးရန် ငြင်း ဆန်ခဲ့ခြင်းကြောင့် ချီလီဘောလုံး အဖွဲ့ချုပ်က အဆိုပါပွဲစဉ်ကို ဖျက် သိမ်းလိုက်ရပြီဖြစ်ကြောင်း ကြေ ညာချက်ထုတ်ပြန်ခဲ့ရသည်။ ချီလီ အတွက် ကစားပေးရန်ငြင်းဆန်ခဲ့ သူများအတွင်း မန်စီးတီးဂိုးသမား ဘရာဗိုကဲ့သို့ ထိပ်တန်းကစား သမားများ ပါဝင်ခဲ့ပြီး ကစား သမား ၂ဝ အထိ ကစားပေးနိုင် ခြင်းမရှိ၍ ခြေစမ်းပွဲအား ဖျက် သိမ်းခဲ့ရခြင်းလည်းဖြစ်သည်။ ချီလီဘောလုံးအဖွဲ့ချုပ်က ကစား သမားများအား နေအိမ်သို့ပြန်လွှတ် ကာ အနားယူခိုင်းထားပြီဟုပြော ကြားခဲ့သည်။ Ref ;Sports.net