images
UN
UN
ပုသိမ်မြို့နယ် ဥတိုတံတားအနီးတွင် ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ
ဆန်းတင့်(ရေကြည်) Friday, 29 November 2019

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ချောင်းသာ နယ်မြေရဲစခန်းတွင် ယနေ့နံနက် ၃ နာရီခန့်က ပူးပေါင်း အဖွဲ့မှ ဘင်္ဂါလီလူမျိုး ၉၆ ဦး ဖမ်းဆီးမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ချောင်းသာနယ်မြေရဲစခန်းနယ်မြေအတွင်း ဘင်္ဂါလီများဝင်ရောက်နိုင်ကြောင်း သတင်းအရအဆိုပါ ရဲစခန်းမှစခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည်
ချောင်းသာမြို့ကံကြီးကျေးရွာ အုပ်စုဥတိုကျေးရွာရှိ ဥတိုတံတား တွင် စစ်ဆေးရှာဖွေမှုများလုပ် ဆောင်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရှာဖွေရာ ၌ယနေ့ နံနက် ၃နာရီတွင် ယာဉ် မောင်း ဦးသိန်းထွန်းမောင်းနှင်လာ သော(5G/-----)Probox မော်တော်ယာဉ်၊ ယာဉ်မောင်း ဦးအောင်ကိုလတ်မောင်းနှင်လာသော (1H/----)Hondai Mini Bus မော်တော် ယာဉ်နှင့်ယာဉ်မောင်းဦးနန်းအောင် မောင်းနှင်လာသော(81/----)Super Custom မော်တော်ယာဉ်ပေါ် တွင် ကလေးနှစ်ဦးအပါအဝင် ဘင်္ဂါလီ လူမျိုးကျား၃၁ဦး၊ မ ၆၃ ဦး စုစုပေါင်း ၉၆ ဦး ဖမ်းမိထား ကြောင်း သိရသည်။
ထိုသို့ခေါ်ယူစစ်ဆေးခဲ့ရာ ၄င်း တို့သည် ရခိုင်ပြည်နယ်စစ်တွေ မြို့နယ်သက္ကပြင်ရွာ၊ သဲချောင်းရွာ၊ စက်ရုံစုရွာနှင့် စစ်တွေဒုက္ဒသည် စခန်းတို့မှဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရှိရ သည်။