images
UN
UN
သန်းခေါင်ယံည ရုပ်ရှင်ဇာတ်ကားကြီးထဲက နန်းခင်ဇေယျာ
အလင်း Monday, 02 December 2019
Watermarks Studio Production က စီစဉ်တင်ဆက်ထား သည့်''သန်းခေါင်ယံည''ဇာတ်ကား တွင်စိုင်းဝဏ္ဏအောင်၊အောင်ရဲထိုက်၊ ကြက်ဖ၊သိန်းလင်းစိုး၊စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်နှင့်နန်းခင်ဇေယျာ တို့က အဓိကပါဝင်သရုပ်ဆောင် ထားတာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် မှာ ရုံတင်ပြသမည်ဟု သိရသည်။
ယင်းဇာတ်ကားကြီးထဲတွင် ပါဝင်ဖြစ်ခဲ့သူ သရုပ်ဆောင်နန်းခင် ဇေယျာအနေဖြင့် ''ကိုအောင်မြတ် တို့က ''သန်းခေါင်ယံည''ရုပ်ရှင် ကားကြီးအတွက် ဇာတ်ကိုပေးဖတ် တယ်။ ရိုက်နိုင်လားပေါ့၊ နန်းခင် အနေနဲ့ ရိုက်နိုင်တယ်ဆို ရိုက်ပေါ့၊ အဲဒါကြောင့်သရဲကားလေးကို နန်း ခင်လက်ခံဖြစ်တာ။ သရဲကားရိုက် တာဒါနဲ့ဆိုနှစ်ကားပေါ့၊ ရှေ့က တစ်ကားက ''ကြောက်ကြောက် ကြောက်''ရုပ်ရှင်ကားကြီးပါ။ဒါက သရဲကားဒုတိယမြောက်ကားပေါ့။ အမှတ်တရကတော့ အရမ်းပူတဲ့ အချိန်မှာ အိမ်အိုကြီးထဲမှာရိုက်ရ တယ်။ စိတ်အရမ်းလှုပ်ရှားခဲ့ရတဲ့ ကားပေါ့။ ညဘက် ရိုက်ရတာများ တယ်။ အနုပညာရှင်များပေမယ့် အနုပညာရှင်တွေ တစ်ယောက်နဲ့ တစ်ယောက်ဆုံတာတွေသိပ်မရှိဘူး ပေါ့နော်။ညီမတို့နဲ့မသင်ဇာတို့နဲ့ဆုံ တဲ့ကဒ်တွေနည်းတယ်။ မစိုးကြီး နဲ့ကတော့တောက်လျှောက်အဆုံ လေးတွေများတယ်။နန်းခင်ဒီကား ထဲမှာအရမ်းကြမ်းတာတွေပါတယ်။ သရဲဖြစ်သွားတဲ့ အပြောင်းအလဲ တွေ အရမ်းကြောက်ဖို့ကောင်း တယ်သရဲကားရိုက်ရတာ တခြား ကားတွေနဲ့မတူဘူး။ ပွဲတွေတောက် လျှောက်ပေးရတာ အနှောင့်အယှက် ရှိမှာစိုးလို့လေ။ ရိုက်ရတဲ့အိမ်က လည်း ရှေးအိမ်အိုကြီးပြောကြတာ တော့ခြောက်တယ်လို့လေ။ နန်းခင် ဆိုကြောက်လို့ အပေါ်မှာတောင်မ နေရဲဘူး။ ကိုယ်ရိုက်ရမဲ့ကဒ်ပြီးရင် အိမ်အောက်ထပ်မှာပဲစုပြီးနေတယ်။ ညရိုက်ရင်လည်းနှစ်နာရီသုံးနာရီဆို အိပ်ချင်နေပြီလေ။ အိပ်ချင်ပေမယ့် ကြောက်ပြီး စုထိုင်ပြီးစကားတွေ ပြောကြပေါ့၊ အေးအေးလေးဖြစ် လာရင် ငါ့ဘေးနားမှာများတစ်ခုခု ပေါ့၊အမျှလိုချင်လို့များလားမသိဘူး ဆိုပြီး ကိုယ်ကုသိုလ်လုပ်ထားတာ လေးတွေကို အမျှပေးဝေဖြစ်တယ်။ နန်းခင်ကလေ ရုပ်ရှင်ရုံမှာအော်ရ တာအရမ်းသဘောကျတယ်။ တချို့ လူတွေကသရဲကားကြည့်ရင်အရမ်း စိတ်ညစ်တယ်ပြောကြတယ်။ ဒီ ကားမှာတော့ဟာသ၊ ကြောက်ရ တာရော၊ ဒရာမာလေးရော စိတ် ဝင်စားဖို့လည်း ကောင်းတာရောပါ တော့ ပရိသတ်တွေကြည့်စေချင် ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ချစ်တဲ့ပရိသတ်တွေကို အေးပုံက ရုံထဲကနေမျှော်နေမယ်နော်''ဟု ပါ ဝင်သရုပ်ဆောင်ထားသူနန်းခင်ဇေ ယျာက ပြောသည်။