images
UN
UN
အန်ဆယ်လော့တီအား အာဆင်နယ်ခေါ်ယူဖွယ်ရှိ
Wednesday, 11 December 2019
အာဆင်နယ်အသင်းသည် ချဲလ်ဆီးအသင်းအား တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသည့် အီတလီလူမျိုး နည်းပြ အန်ဆယ်လော့တီအား အမြဲတမ်းနည်းပြအဖြစ် ခေါ်ယူဖွယ် ရှိနေကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြသည်။
အန်ဆယ်လော့တီသည် နာပို လီနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရ ပြီးနောက်တွင် ထိပ်တန်းအသင်း တစ်သင်း၏အေးဂျင့်အချို့နှင့်တွေ့ ဆုံခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ပြီး ခဲ့သည့် ရက်သတ္တပတ်အတွင်းက နည်းပြဟောင်း အမ်မရီအား ရာထူး မှထုတ်ပယ်ထားသည့် အာဆင်နယ် က ခေါ်ယူမည်ဆိုသော သတင်း များပေါ်ထွက်လာခြင်းဖြစ်သည်။ အာဆင်နယ်အသင်းတာဝန်ရှိသူများ သည် လက်ရှိအချိန်၌ ယွန်းဘတ် အား ယာယီနည်းပြအဖြစ် တာဝန် ပေးအပ်ထားသော်လည်းထိပ်တန်း အဆင့်ရှိသည့် နည်းပြတစ်ဦးအား ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
အန်ဆယ်လော့တီသည် ချဲလ် ဆီးအသင်းအား ကိုင်တွယ်ခဲ့ရာ တွင် အောင်မြင်မှုများ ရယူပေးနိုင် ခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင် ပွဲနှင့် လိုက်လျောညီထွေရှိသည့် နည်းဗျူဟာနှင့်စွမ်းဆောင်ရည်များ ကို ထုတ်ဖော်ပြသခဲ့သူလည်းဖြစ် သည်။ အာဆင်နယ်သည် အခြား ထိပ်တန်းနည်းပြများအား ခေါ်ယူ ရန် ကြိုးပမ်းခဲ့သော်လည်း အောင် မြင်မှုမရရှိခဲ့ခြင်းကြောင့် အန်ဆယ် လော့တီအား ငြင်းဆန်ရန်ခက်ခဲ သည့် ကမ်းလှမ်းမှုများဖြင့် ခေါ် ယူဖွယ်ရှိနေသည်။
Ref;Dailymail