images
UN
UN
ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူတစ်ဦး ဖမ်းဆီးရမိ
ကိုနေ(ကျောက်ပန်းတောင်း) Sunday, 05 January 2020

မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့ သီရိမင်္ဂလာရပ် ကွက်တွင် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲ က မူးယစ်ဆေးဝါး သတင်းပေး တိုင်ကြားချက်အရ ဝင်ရောက်ရှာ ဖွေရာမှ ၈၈။၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများ လက် ဝယ်ထားရှိသူတစ်ဦးကို ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရဲအုပ် မင်းသက်မွန် (နယ်ထိန်းခေါင်းဆောင်)သည် မူး ယစ်ဆေးဝါးသတင်းအရတပ်ဖွဲ့ဝင် များ၊ သက်သေများနှင့်အတူ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြို့မရဲစခန်းမှူးတို့၏ ညွှန် ကြားချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ မူးယစ်ဆေးဝါး နေအိမ်သို့ ဝင် ရောက်ရှာဖွေခွင့် ဝရမ်းအမှတ်(၁/ ၂ဝ၂ဝ)ဖြင့် ကျောက်ပန်းတောင်းမြို့ သီရိ မင်္ဂလာရပ်ကွက်ရှိ အောင် လင်းနိုင်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ နေအိမ်တွင် အဆင်သင့် တွေ့ရှိရပြီး ၄င်းနေအိမ်အောက်ထပ် အလယ် အိမ်တိုင်အနီးတွင် သဲဖို့ ထားသော မြေကြီးထဲမှ အပြာ ရောင် ပလတ်စတစ်အပိုင်းအစဖြင့် ထုပ်ထားသော စိတ်ကြရူးသွပ် ဆေးပြားဟု ယူဆရသည့် ၈၈။၁ စာတန်းပါ ပန်းရောင်ဆေးပြား ခြောက်ပြား၊ အလေးချိန် သုည ဒသမ၆ဂရမ်ခန့်၊ အပြာရောင် ပလတ်စတစ်အပိုင်းအစဖြင့် ထုပ် ထားသော စိတ်ကြွရူးသွပ်ဆေးပြား ဟုယူဆရသည့် ၈၈။၁ စာတန်းပါ ပန်းရောင်ဆေးပြားသုံးပြားအလေး ချိန် သုည ဒသမ ၃ ဂရမ်၊ ငွေမင် ရောင်ပလတ်စတစ်ဖြင့် ထုပ်ထား သော စိတ်ကြွေဆးပြားဟု ယူဆ ရသည့် ၈၈။၁ စာတန်းပါ ပန်းရောင် ဆေးပြားကိုးပြား အလေးချိန် သုည ဒသမ ၉ ဂရမ်၊ စုစုပေါင်း ပန်း ရောင်ဆေးပြား ၁၈ပြား၊ အလေး ချိန် သုည ဒသမ ၁၈ဂရမ် တန်ဖိုး ငွေကျပ် ၅၄ဝဝဝခန့်နှင့် ၄င်း၏ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြားရှူရှိုက်ရာတွင် အသုံးပြု သည့် မီးခိုးရောင် ဂက်စ်မီးခြစ် တစ်လုံး ယင်းဘေးတွင် အပေါက် ဖောက်ထားသော အဖုံးမပါ အဖြူ ရောင်ရေသန့် ဘူးခွံတစ်ခု၊ ဆေး ပြားရောင်းဝယ်ရာတွင် ဆက်သွယ် အသုံးပြုသည်ဟုထင်ရသော ဆင်း ကတ်နှစ်ကတ် ဠငလသ အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံး၊ ဆေးဝါး ရောင်းဝယ်ရာမှရရှိသည် ဟုယူဆရသည့် မြန်မာငွေစက္ကူ ရောရာ ကျပ် ၂၆၂ဝဝတို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ စိတ်ကြွရူးသွပ်ဆေး ပြားဟုသံသယရှိဆေးပြားများအား လက်ဝယ်ကိုင်ဆောင်သုံးစွဲရောင်း ဝယ်သည်ဟု ယူဆရသည့် အောင် လင်းနိုင် အသက်(၃၂နှစ်) ကျပန်း လုပ်သား သီရိမင်္ဂလာရပ်ကွက်နေ သူကို ကျောက်ပန်းတောင်းမြို့မ ရဲစခန်းမှ-မယ (ပ)၁/၂ဝ၂ဝ၊ မူး/ စိတ်ပုဒ်မ၁၆(ဂ)/၂ဝ(က)ဖြင့်အရေး ယူဆောင်ရွက်ထားရှိကြောင်း သိရ သည်။