images
UN
UN
ဘဂ္ဂဒက်သို့စေလွှတ်ထားသည့် တပ်သားများကိုပြန်လည်ခေါ်ယူရေး အမေရိကန်အနေဖြင့်ပြင်ဆင်ရန် အီရတ်တောင်းဆို
KK(IR) Saturday, 11 January 2020
အီရတ်အိမ်စောင့်အစိုးရ၏ ဝန် ကြီးချုပ်Adil Abdul-Mahdi က အမေရိကန်နိုင်ငံအနေဖြင့် တပ်ဖွဲ့ ရုပ်သိမ်းရေးအတွက် စတင်ပြင်ဆင် ရန်ကိုယ်စားလှယ်တစ်ဦးကို အီရတ် သို့စေလွှတ်ရန်တောင်းဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုလ ၉ ရက်တွင် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန် ပီအိုနှင့် တယ်လီဖုန်းပြောကြားခဲ့ရာ တွင် Abdul-Mahdi ကအီရတ်နိုင်ငံ တွင်းမှပြည်ပတပ်ဖွဲ့များ အန္တရာယ် ကင်းစွာ ဆုတ်ခွာရေးအတွက် ချမှတ်လိုက်သည့် လွှတ်တော်ဆုံး ဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ချမှတ်ရေးအတွက် အီရတ်သို့ ကိုယ်စားလှယ်များစေလွှတ်ရန် မေတ္တာရပ်ခံတောင်းဆိုခဲ့သည်ဟု AFP သတင်းဌာနကဖော်ပြခဲ့သည်။
အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့(ှု)များထြ<ွက သောင်းကျန်းခြင်းကို ကာကွယ် တားဆီးနေသည့် ဒေသခံတပ်ဖွဲ့ များကို ကူညီထောက်ပံ့ရန် အမေရိ ကန်တပ်ဖွဲ့ဝင် ၅၂ဝဝ ခန့်သည် နိုင်ငံတစ်ဝန်းရှိ စစ်အခြေစိုက် စခန်းများတွင် တပ်စွဲနေခဲ့ခြင်းဖြစ် သည်။ ဂျီဟတ်အစွန်းရောက်များ ကိုနှိမ်နင်းရာတွင် ကူညီရန် ၂ဝ၁၄ ခုနှစ်၌ အီရတ်အစိုးရ၏ဖိတ် ခေါ်မှုအရ အမေရိကန်တပ်ဖွဲ့များ သည် ပိုမိုအင်အားကြီးသည့် အမေ ရိကန်ဦးဆောင်သည့် မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Ref: RT News