images
UN
UN
ပညာရေး စုံညီပွဲတော်သို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတက်ရောက်
ဝင်းအောင်(မိုးကောင်း) Saturday, 08 February 2020
ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၉-၂ဝ၂ဝပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁ဝနာရီက အဆိုပါကျောင်းမဉ္စူသက ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အတူ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးထွန်း ထွန်းအောင်တက်ရောက်အားပေးပြီး ထူးချွန်ဆုရရှိသည့်ကျောင်း သားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။