images
UN
UN
အနုပညာလမ်းကြောင်းတစ်ခုအပေါ်မှာ နေရာလေးတစ်နေရာတော့ ရချင်တယ်လို့ဆိုလာတဲ့ မော်ဒယ်သရုပ်ဆောင် ဝေသဇင်အောင်
သွန်းလေး Monday, 29 June 2020
အနုပညာလမ်းကြောင်းတစ်ခု အပေါ်မှာ နေရာလေးတစ်နေရာတော့ရချင်လို့ စဉ်ဆက် မပြတ်ကြိုးစားအားထုတ်မှာဖြစ်လို့ အားပေး ရင်းအကြံဥာဏ်ကောင်းများပေးကြပါလို့ ဆို လာတဲ့ မော်ဒယ်သရုပ်ဆောင်ဝေသဇင်အောင် ဟာ အဘ ဦးအောင်ကိုကို၊ အမိဒေါ်သန္တာစိုး တို့မှမွေးဖွားပြီး ရန်ကင်းမြို့နယ် ရန်ကုန်ဇာတိ ဖြစ်ပါတယ်။
အနုပညာအမည် ဝေသဇင်အောင် ဖြစ်ပြီး ပညာအရည်အချင်းကတော့ 2nd years (Botany) Dagon University/ Diploma in Hotel & Tourism Management/ Certificate in Front Office နှင့် ကျောင်းပြီးထား သူဖြစ်ပါတယ်။
ဝေသဇင်အောင်အနေနဲ့ ဝါသနာပါတဲ့အား ကစားကတော့ ကြက်တောင်ရိုက်ရခြင်းကို ဝါသနာပါသူဖြစ်ပြီး ယနေ့ခေတ် ဖက်ရှင် အပေါ် အမြင်ကတော့ ပွင့်လင်းမြင်သာတဲ့ ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်လျောညီ ထွေမှုရှိတဲ့ Fashion တွေကို လက်ခံနားလည် ပေးလာတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ် လို့ပြောပါတယ်။
ဝေသဇင်အောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေ ကတော့ ပဟေဠိနန်းတော် (Puzzle Palace Program)(2019) ? Golden Key Program (Channel-K)နှင့် MTV စီးရီးအချို့နှင့် ရုပ်ရှင် ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ထား သည်။Magazine Cover နှင့် Commercial Billboard များ ရိုက်ကူးထားပြီးTalents & Model Agency နှင့်အတူ ပရဟိတလှုပ်ရှား မှုများပြုလုပ်နေသူလည်း ဖြစ်သည်။ ရရှိထား တဲ့ဆုများကတော့ Miss Attractive Award (2018) ? Top model (2018) ? The Best Custome Award (2019) ? The Best Catwalk Award(2019) ? Miss New Int'l Mode(Lashio City Winner (2019) ဆုတို့ ကို ရရှိ ထားသူဖြစ်ပါတယ်။
ဝေသဇင်အောင်အနေနှင့် ဘဝမှာဖြစ်ချင်တဲ့ ဆန္ဒကတော့ အနုပညာလမ်းကြောင်းတစ်ခု အပေါ်မှာ နေရာလေးတစ်နေရာတော့ရချင် ကြောင်းနှင့် လတ်တလောမှာ ပရိသတ်ကိုပြော ပြချင်နေတဲ့ စကားကတော့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှာဖြစ်လို့ အားပေးရင်း အကြံÓဏ်ကောင်းများ ပေးစေလိုကြောင်းနှင့် ဘဝမှာ လက်ကိုင်ထား တဲ့ဆောင်ပုဒ်ကတော့ ''ရိုးရိုးကျင့်မြင့်မြင့်ကြံ၊ မိုးရွာတုန်းရေခံ'' ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပါတယ်လို့ မော်ဒယ်သရုပ်ဆောင် ဝေသဇင်အောင်က ဖြေ ကြားသွားခဲ့သည်။