images
UN
UN
မန်ယူကွင်း၌ကစားသည့် လိဂ်ပြိုင်ပွဲများတွင် ၁၄ နှစ်ဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်ရန် နည်းပြအာတီတာ မျှော်လင့်ချက်ထား
Ref; BBC Saturday, 31 October 2020
အာဆင်နယ်နည်းပြအာတီတာ က ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် မန်ယူကွင်းသို့သွားကစားရသည့်ပွဲ စဉ်များတွင် ရလဒ်ကောင်းမရခဲ့ သည်မှာ ၁၄ နှစ်ရှိခဲ့ပြီဖြစ်၍ အဆို ပါအခြေအနေကိုရပ်တန့်ရန် မျှော် လင့်ချက်ရှိကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။ အာဆင်နယ် သည် တနင်္ဂနွေညတွင် အိုးလ်ထ ရက်ဖို့ဒ်ကွင်းသို့ သွားရောက်ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။ အာ ဆင်နယ်အနေဖြင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာတွင် မန်ယူအားအနိုင် ရရှိပြီးနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ကွင်း၌ ပရီးမီးယားလိဂ်ပွဲစဉ်များ တွင် နိုင်ပွဲမရခဲ့ခြင်းဖြစ်သည်။ အာ ဆင်နယ်အနေဖြင့် ပြီးခဲ့သောတစ် ပတ်တွင် လက်စတာအားရှုံးနိမ့်ခဲ့ သော်လည်းယူရိုပါလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဒန်ဒေါ့နှင့် ပွဲတွင်ရလဒ်ကောင်းယူထားနိုင်ခြင်း ကြောင့် မန်ယူနှင့်ပွဲတွင်လည်း ဆက်လက်၍ ရလဒ်ကောင်းယူနိုင် ရန် အာတီတာက မျှော်လင့်နေခြင်း လည်းဖြစ်သည်။
''မန်ယူကွင်းမှာကစားတဲ့ ပရီး မီးယားလိဂ်ပွဲတွေမှာ ၁၄နှစ်အထိ အနိုင်မရခဲ့တာကတော့ထူးဆန်းတဲ့ အခြေအနေလို့ ကျွန်တော်ထင်ပါ တယ်။ လက်ရှိမှာအသင်းရဲ့ကစား ပုံနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိပါ ဘူး။ ဒီလိုပွဲမျိုးတွေမှာ ကစားသ မားတွေကိုယ်တိုင်က စိတ်ဓာတ် လှုံ့ဆော်မှု အပြည့်အဝရကြတာ ကြောင့်ပုံမှန်ခြေစွမ်းထက်ပိုကောင်း တဲ့ စွမ်းဆောင်ရည်မျိုးကို ပြနိုင်ကြ လေ့ရှိပါတယ်။ မန်စီးတီးနဲ့ကစားခဲ့ တဲ့ပွဲတွေကိုကြည့်ရင် ဒီအချက်ကို တွေ့ရပါလိမ့်မယ်။ မန်ယူကွင်းက လိဂ်ပွဲရလဒ်မကောင်းတာကို ကျွန် တော့်အနေနဲ့ ရပ်တန့်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိပါတယ်''ဟု အာ တီတာက ပြောကြားခဲ့သည်။
အာဆင်နယ်သည် ယခုရာသီ အစောပိုင်းတွင် ကစားခဲ့သည့်ပွဲ များ၌ ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းကစားခဲ့သည့်ပွဲများတွင် တိုက်စစ်ပိုင်းက ဂိုးရရန်ရုန်းကန်နေ ရသည်။ အထူးသဖြင့် တိုက်စစ်မှူး အူဘာမီယန်သည် ပရီးမီးယားလိဂ် ၌ ဂိုးပေါက်ခြိမ်းခြောက်မှု ရှစ်ကြိမ် သာလုပ်နိုင်ခဲ့သည်။