images
UN
UN
အမေရိကန်သမ္မတရွေးကောက်ပွဲကြောင့် သြစတြေးလျအခြေစိုက်လောင်းကစားကုမ္ပဏီတစ်ခု အမေရိကန်ဒေါ်လာ ၂၃ သန်းခန့် နစ်နာ
NG(Ref; ABC) Thursday, 05 November 2020
သြစတြေးလျအခြေစိုက်လောင်းကစားကုမ္ပဏီတစ်ခုဖြစ်သှောစသမအ နြအ ကုမ္ပဏီသည်အမေရိကန်သမ္မတရွေးကောက်ပွဲတွင်ဒီမိုကရက် တစ်ပါတီကို ကိုယ်စားပြုသည့်သမ္မတလောင်းဂျိုးဘိုင်ဒန်အနိုင်ရရှိမည် ဟု လောင်းကြေးထပ်ထားသူများကို အချိန်စော၍ လျော်ကြေးထုတ်ပေး ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၂၃ သန်းခန့် နစ်နာမည့်အခြေအနေ နှင့် ရင်ဆိုင်ရလျက်ရှိကြောင်း အေဘီစီသတင်းဌာနက ဖော်ပြသည်။
ှစသမအ နြအ ကုမ္ပဏီသည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ဂျိုး ဘိုင်ဒန်က ဦးဆောင်ကာ သမ္မတဖြစ်မည့်အခြေအနေကောင်းများကို ပိုင် ဆိုင်လာခြင်းကြောင့် ဂျိုးဘိုင်ဒန်ဘက်မှ လောင်းကြေးထပ်ခဲ့သူများကို လျော်ကြေးများ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်သည် ဒေသစံတော်ချိန်ညပိုင်းသို့ ရောက်ရှိသည်အထိ ပြတ်သားသည့်ရလဒ်ထွက်ပေါ်ခဲ့ခြင်း မရှိသည့်အပြင် ဒေါ်နယ်ထရန့်က ဂျိုးဘိုင်ဒန်အနိုင်ရရှိခဲ့သောပန်ဆယ်ဗေးနီးယား၊ မစ်ချီဂန်နှင့် ဂျော်ဂျီယာ ပြည်နယ်များတွင် မဲရေတွက်မှုများအား စောင့်ကြည့်ခွင့် မပေးခဲ့မှုအတွက် တရားစွဲဆိုမှု ပြုလုပ်ခဲ့ပြီးနောက်တွင် ဂျိုးဘိုင်ဒန်အနိုင်ရရှိရန် မရေရာ သောအခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကာ ထုတ်ပေးထားသောလျော်ကြေး များကိုပါပြန်လည်ရရှိဖွယ်မရှိ၍ နစ်နာနိုင်ခြင်းဖြစ်သည်။