images
UN
UN
ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသူ ပြုတ်ကျသေဆုံး
လူမော်(မနောမြေ) Thursday, 05 November 2020
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် မြစ်ကြီးနားမြို့နယ် ဂျာမိုင် ကောင်းရပ်ကွက်မျက်မမြင်ကျောင်း ရှေ့အရောက်တွင် ဆိုင်ကယ်နောက် ထိုင်စီးရာလာမှ ပြုတ်ကျကာဒဏ် ရာများရရှိ၍ ဆေးကုသမှုခံယူနေ စဉ်၌ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ပိုင်းက မြစ်ကြီးနားပြည်သူ့ဆေး ရုံတွင် ယာဉ်တိုက်မှုမှ လူနာရောက် ရှိနေကြောင်း သတင်းအရ မြစ်ကြီး နားမြို့ အမှတ် (၉၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲအုပ်သက်ဝေဖြိုးဦးစီး သည့် ရဲတပ်ဖွဲ့ဝင်များသည် သက် သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဒေါ်နန်ဒွဲ (၇၆ နှစ်) အမှတ်(၅/၁၅၃) ရပ်ကွက် (၅) နန်းကွေ့ကျေးရွာ မြစ်ကြီးနား မြို့နယ်နေသူတွင် ဝဲချိုစောင်းဖူး ရောင်များ ရရှိနေသည်ကို တွေ့ရှိရ သဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံ ကြီးသို့ ရဲဆေးစာရေးသားပို့ဆောင် ခဲ့ပြီး ဖြစ်စဉ်ကို မေးမြန်းစုံစမ်းခဲ့ရာ ယခုလ ၃ ရက် တိုးဆိုင်း (ကျား) မောင်းနှင်ပြီး ဒေါ်နန်ဒွဲ နောက်ထိုင် လိုက်ပါလာသော ဃဗြဥ-၁၂၅ အမျိုးအစား နက်/နီရောင်ဆိုင် ကယ် (ယာဉ်လိုင်စင်-ရှိ/ မောင်း လိုင်စင်-မရှိ)(ပျက်စီးဆုံးရှုံးမှု တန် ဖိုး-မရှိ)သည် ဂျာမိုင်ကောင်းရပ် ကွက် ဂျာမိုင်ကောင်းလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင် လာစဉ် ဂျာမိုင်ကောင်းရပ်ကွက် မျက်မမြင်ကျောင်းရှေ့အရောက် တွင် ဒေါ်နန်ဒွဲသည် ဆိုင်ကယ်ပေါ် မှ ပြုတ်ကျသွားခဲ့ပြီး ဒဏ်ရာများ ရရှိ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်နန်ဒွဲ မှာ ရရှိသည့်ဒဏ်ရာအား ဆေးဝါး ကုသမှုခံယူခြင်းမရှိဘဲ ၄င်း၏ နေအိမ်သို့ပြန်သွားခဲ့ပြီး ဒဏ်ရာ မသက်သာသည့်အတွက် မြစ်ကြီး နားပြည်သူ့ဆေးရုံကြီးသို့လာရောက် ဆေးကုသမှုခံယူရန် လာရောက် ပြသရာမှ ယမန်နေ့ နံနက်ပိုင်း က သေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်အရ သိရသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ကို မဆင်မခြင်မောင်းနှင်ခြင်းကြောင့် လူအား ပြုတ်ကျသေဆုံးစေခဲ့သူ တိုးဆိုင်း(ကျား)က မြစ်ကြီးနား မြို့နယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၃၈/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။