images
UN
UN
မောင်တောမြို့နယ် နတ်မြစ်အတွင်း တရားမဝင်သယ်ဆောင်လာသော အဝတ်အထည်များ ဖမ်းဆီးရမိ
မေနဒီ Thursday, 04 February 2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ လုံခြုံရေး ပူးပေါင်းအဖွဲ့ဝင်များသည် နှစ်နိုင်ငံနယ်စပ် တစ် လျှောက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၅နာရီတွင် နယ်စပ်မှတ် တိုင် ၂၁ နှင့် ၂၂ ကြား နေရာအရောက်၌ နတ်မြစ် အတွင်းသွားနေသည့်မသင်္ကာဖွယ်အလျား ၁၆ ပေ၊ အနံလေးပေခန့်ရှိလောင်းလှေတစ်စင်းပေါ်မှ တရား မဝင်သယ်ဆောင်လာသောအဝတ်အထည် များအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့၏ ယနေ့မွန်းလွဲပိုင်းသတင်းထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ပြချက်တွင် ယင်းလောင်းလှေအား ရပ်တန့်ခိုင်းရာတွင် ရပ်တန့် ခြင်းမရှိသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက သေ နတ်ဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် ယင်းလှေပေါ်ရှိ လူနှစ်ဦး ရေထဲသို့ခုန်ချ၍ တစ်ဖက် နိုင်ငံဘက်သို့ ပြန်လည်ကူးခပ် ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။
ထို့နောက် အဆိုပါစက်လှေအားသွားရောက် စစ်ဆေးရာ စက် လှေပေါ်တွင်တရားမဝင်သယ်ဆောင်လာသော အဝတ်အထည် အသုံး အဆောင်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆ သိန်းခန့်)အား သိမ်းဆည်းရမိခဲ့ပြီး အဆိုပါသိမ်းဆည်းရမိပစ္စည်းများအား တောင်ပြို လက်ဝဲ နယ်မြေရဲစခန်းသို့စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ပြီး တရား ဥပဒေအရအမှု ဖွင့်ဆောင်ရွက်လျက်ရပြီး ယင်းထုတ်ပြန်ချက်တွင် ဆက် လက်ဖော်ပြထားကြောင်း သိရသည်။