images
UN
UN
အစိုးရတစ်နှစ်တာဆောင်ရွက်မှုကဏ္ဍ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ဆောင်မှုများ ရဲချုပ်အောင်ဝင်းဦး မီဒီယာများသို့ရှင်းလင်း
ကိုကိုလွင် Tuesday, 15 May 2018
ပြန်ကြားရေးဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီကပြုလုပ်ခဲ့သည့် နိုင်ငံတော် အစိုးရ၏တစ်နှစ်တာ ဆောင်ရွက်ခဲ့ မှုများနှင့်ပတ်သက်၍ယနေ့ ဒုတိယ နေ့အဖြစ် ဆက်လက်ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ဆောင်ရွက်ခဲ့မှု များအားမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် အောင်ဝင်းဦးက သတင်းမီဒီယာ များသို့ ရှင်းလင်းခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဓိကရည်မှန်းချက်(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးပိုမိုထိ ရောက်မှုရှိစေရန် CID ရဲတပ်ဖွဲ့မှူး ရုံးတစ်ရုံး၊ နယ်မြေရဲစခန်း ရှစ်ခု၊ ရဲတပ်ရင်း၁၄ခုတို့ အဆင့်တိုးချဲ့ဖွင့် လှစ်ခဲ့ပြီး ရဲကင်းငါးခုတို့အား နယ် မြေရဲစခန်းအဆင့်သို့ တိုးမြှင့်လုပ် ဆောင်ခြင်း၊ ရခိုင်ပြည်နယ်အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုရုံး နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံး လေးခုတို့အပြင် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ လေးခု ထပ်မံတိုးချဲ့ခြင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရှစ်ခု၊ ရဲကွပ်ကဲမှုအဖွဲ့ရုံး သုံးရုံးတို့ကို တိုးချဲ့အင်အား ဖြည့်တင်းခြင်း၊ ရခိုင်ပြည်နယ်အတွင်း နယ်စပ် လုံခြုံရေးအတွက်တိုးမြှင့်ဆောင်ရွက် ခြင်းတို့အပြင်မြန်မာဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးတိုးမြှင့်ရန် နယ်စပ် ဆက်ဆံရေးရုံးအား မောင်တော မြို့နယ်နှင့်တစ်ဖက်နိုင်ငံတို့တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ အကြား ဆွေးနွေးညှိနှိုင်းမှု ဗဟိုအဆင့် နှစ်ကြိမ်၊ ကွပ်ကဲရေး မှူး အဆင့် နှစ်ကြိမ်၊ တပ်ရင်းမှူး အဆင့် ၁၂ ကြိမ်၊ တပ်ခွဲမှူးအဆင့် တစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်လုံခြုံရေးအတွက် ရဲစခန်း ဘန်ကာဆောက်လုပ်ထားမှုများနှင့် ခြံစည်းရိုးကာရံခြင်း၊ မြန်မာ့ကမ်း ရိုးတန်းပြေးယာဉ်၃၇စင်းဖြည့်တင်း ၍ကင်းလှည့်လုံခြုံရေးများ ဆောင် ရွက်ခြင်းတို့အပြင် ပြည်သူများ အတွက် ပုံမှန်လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း ¤င်းကပြော ကြားသည်။
မူးယစ်ဆေးဝါးတားဆီးကာ ကွယ်ရေးလုပ်ငန်းကဏ္ဍ၌မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ တတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအား ပြင်ဆင်ခြင်း၊ ၁၉၉၉ ခုနှစ်မှစ၍မူးယစ်ဆေးဝါးပပျောက် ရေးနောက်ဆုံး ငါးနှစ်စီမံကိန်း များအား ၂ဝ၁၉ ခုနှစ်အထိ ရေး ဆွဲခဲ့ပြီးမူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများနှင့် ဘိန်းအစား ထိုးသီးနှံစိုက်ပျိုးမှုနှင့် သစ်တော စိုက်ပျိုးမှုများ ဆောင်ရွက်ခဲ့ခြင်း ကြောင့်ပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၂ဝ၁၇ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင် နှုန်းလျှော့ချနိုင်ခဲ့ကြောင်းနှင့် မူး ယစ်ဆေးဝါးတရားမဝင်သယ်ဆောင် ရောင်းဝယ်မှုတားဆီးခြင်းလုပ်ငန်း ရပ်အား တိုင်းဒေသကြီးပြည်နယ် အလိုက် အထူးစစ်ဆင်ရေး ရှစ် ကြိမ်လုပ်ဆောင်ခဲ့ရာ အထူးစစ် ဆင်ရေးမှ အမှုပေါင်း ၁၉၈၈ မှု ဖော်ထုတ်နိုင်ခဲ့ပြီးတရားခံ ၁၉၅၇ ဦးအားမူးယစ်ဆေးဝါးဆက်စပ် ပစ္စည်းများနှင့်အတူ အရေးယူနိုင် ခဲ့ပြီး မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ခြင်း လုပ် ငန်းများကို နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်းရဲချုပ်အောင်ဝင်း ဦးကရှင်းလင်းသည်။