images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မြန်မာ-ထိုင်းရေတပ်ချင်းတွေ့ဆုံဆွေးနွေး သဘောတူလက်မှတ်ရေးထိုး
ယူဒီနေ Thursday, 17 May 2018
ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲ (6th MNRTN Navy to Navy Talks)ကို ယခုလ ၁၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ပြုလုပ်ရာ တနင်္သာ ရီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ် မှူး ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့်ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်း ဘုရင့်ရေတပ် Office of Policy and Planning,Naval Operations Department မှDirector ဖြစ်သူRear Admiral Chonlathis Navanugraha ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက် ကြကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ယနေ့သတင်း ထုတ်ပြန်သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်ဆိုင်ရာကိစ္စရပ်များ၊လေ့ကျင့် ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်း အချက်အလက်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံရေတပ်မှ အရာရှိများနှင့် စစ်ရေယာဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးချက်များ အတွက် သဘောတူလက်မှတ်ရေး ထိုးခြင်းကို ညနေပိုင်းတွင် ဆက် လက်ပြုလုပ်ကြပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ် ကာ အမှတ်တရဓာတ်ပုံရိုက်ကြ သည်။ထို့ပြင် ထိုင်းဘုရင့်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် မြို့သို့ရောက်ရှိစဉ်အတွင်း ရွှေတိဂုံ စေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်နှင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ တော်တို့အား သွားရောက်ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်း ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ ကြောင်း သိရသည်။