images
UN
UN
၂ဝ၁၉ ခုနှစ်စက်တင်ဘာလကုန်တွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်အဆိုပြုစာတွဲ (မူကြမ်း)တင်သွင်းနိုင်ရေးဆောင်ရွက်လျက်ရှိ
ကြယ်လေး Thursday, 17 May 2018
၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ကုန်တွင် မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ (မူကြမ်း) တင်သွင်း နိုင်ရေးနှင့် ၂ဝ၂၁ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ် မှတ်ခံရနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှ ယနေ့သိရသည်။
မြောက်ဦးဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းကို သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနနှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဦးစီးပူးပေါင်းဆောင် ရွက်လျက်ရှိရာUNESCO နှင့် အတူ ပြည်ပနိုင်ငံများရှိ ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးတွင် အတွေ့အကြုံရှိသောပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ်(၅၃)ခုဖြင့် ကမ္ဘာ တွင် ကမ္ဘာ့အမွေအနှစ်အများဆုံး ရရှိထားသည့် အီတလီနိုင်ငံ၊ ကမ္ဘာ့ အမွေအနှစ်(၅၂)ခုဖြင့် ဒုတိယ ကမ္ဘာ့အမွေအနှစ်အများဆုံးနိုင်ငံ ဖြစ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့က အဓိကပံ့ပိုးပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိသည်။
မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် UNESCO အပါအဝင် နိုင်ငံတကာ ပံ့ပိုးကူညီမှုများဖြင့် ပြည်တွင်း/ ပြည်ပပညာရှင်များ၊ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အီတလီနိုင်ငံအစိုးရ၏ အထောက် အပံ့ ယူရိုတစ်သန်းကို အီတလီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (AICS)က မြောက်ဦးဒေသရှိ ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းဆောင်ရွက် ရန် နည်းပညာသင်တန်းပေးခြင်း၊ လိုအပ်သည့်လုပ်ငန်းသုံးပစ္စည်းများ အကူအညီပေးခြင်း၊ အခြေခံပညာ ကျောင်းများရှိ သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းလှူဒါန်း ပေးခြင်း၊ ဒေသခံများ၏ အလုပ် အကိုင်အခွင့်အလမ်းများ၊ လူမှု စီးပွားဘဝ ပိုမိုတိုးတက်လာစေ ရေးအတွက် NGO အဖွဲ့များကို အထောက်အပံ့ပေးခြင်းများဆောင် ရွက်မည် ဖြစ်သည်။
မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသအားကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် သက် ဆိုင်ရာဌာနများ၊ ပညာရှင်များ၊ ဒေသခံအမွေအနှစ် ချစ်မြတ်နိုး သူများပါဝင်၍ ကော်မတီ၊ဆပ်ကော် မတီများဖွဲ့စည်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး လက် တွေ့ကွင်းဆင်းသုတေသနပြုခြင်း၊Inventory စာရင်းကောက်ယူ ခြင်း၊GIS မြေပုံရရှိရေး ဆောင် ရွက်ခြင်း၊ ဒေသခံများပူးပေါင်း ပါဝင်လာနိုင်ရေးနှင့် အမွေအနှစ် ချစ်မြတ်နိုးစိတ် ပိုမိုဖြစ်ထွန်းလာ ရေးအတွက် အသိပညာပေးလုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ယဉ်ကျေးမှု အမွေအနှစ်ဒေသများအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အတွက် လုပ်ငန်းတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၄ ခုနှစ်တွင် ဗိဿနိုး၊ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်း သုံးမြို့အားကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ အတွက်လည်း အဆိုပြုစာတွဲ Nomination Dossier တင်သွင်းခဲ့ ကြောင်း သိရသည်။