images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်သုံးဦးအစားထိုးပြောင်းလဲ
သည်ခေတ်လူ Friday, 18 May 2018
ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်တွင် အစားထိုးပြောင်းလဲ လိုက်သည့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် သုံးဦးအား ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခြင်းကို ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၆၃/၂ဝ၁၈)အရ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်သုံးဦး အစားထိုးပြောင်း လဲကြောင်း အမည်စာရင်းပေးပို့ခဲ့ ခြင်းဖြစ်သည်။
အဆိုပါ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် သုံးဦးမှာ ကြည်း-၃၃၆၂၆ဗိုလ်မှူးမင်းအောင် ဇော်(အစား) ကြည်း-၂၈၄၂၄ ဗိုလ်မှူးသိန်းလှိုင်၊ လေ-၂၅၅၄ ဗိုလ်မှူးဖုန်းဇော်အောင် (အစား) လေ-၂၉၄ဝဗိုလ်မှူးလှိုင်ဝင်းအောင်၊ ကြည်း-၃ဝ၆၈၁ ဗိုလ်ကြီးရဲအောင် (အစား)ကြည်း-၄၂၇၁၅ ဗိုလ်ကြီး စိုးမင်းဌေးတို့ ဖြစ်သည်။
တပ်မတော်သား တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့သည် လွှတ်တော်ဥက္ကဋ္ဌ ၏ ရှေ့မှောက်တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာ ပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။