images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တရုတ်နိုင်ငံထုတ် ချိန်လုံအမှတ်တံဆိပ် လုပ်ငန်းသုံးမော်တော်ယာဉ်များအား အရစ်ကျစနစ်ဖြင့်လည်းရောင်းချမည်
ရွှေရောင် Friday, 18 May 2018
တရုတ်နိုင်ငံထုတ် ချိန်လုံ အမှတ်တံဆိပ်လုပ်ငန်းသုံး မော် တော်ယာဉ်များအား အရစ်ကျ စနစ်ဖြင့်လည်းရောင်းချမည်ဖြစ် ကြောင်း တရုတ်-မြန်မာ ထုတ် ကုန်ပြပွဲတွင် ဝင်ရောက်ပြသနေ သော ချိန်လုံမော်တော်ယာဉ်မှ တာဝန်ရှိသူတစ်ဦးအား ယနေ့ မေးမြန်းချက်အရ သိရသည်။
တုန်ဖုန်းလျှူကျိုး မော်တော် ယာဉ်ကုမ္ပဏီလက်အောက်ရှိ ချိန် လုံအမှတ်တံဆိပ်မော်တော်ယာဉ် အား တရုတ်နိုင်ငံLiuzxou မြို့မှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်ဝင်ရောက် ရောင်းချခဲ့ကြောင်း၊ လက်ရှိတွင် လုပ်ငန်းသုံးမော်တော်ယာဉ် အစီး ရေ ၁ဝဝဝဝ ကျော် ရောင်းချခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
''လက်ရှိမှာတော့ မူဆယ် ကနေပဲတင်သွင်းလာတာပါ။Service Center နဲ့ အပိုပစ္စည်းတွေ လည်းရှိပါတယ်။ သုံးစွဲတဲ့သူတွေ အဆင်ပြေအောင် အရစ်ကျစနစ်ကို ဘဏ်သုံးခုလောက်အပြင်ကို ထိုင်း နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ပါ ချိတ် ဆက်ဆောင်ရွက်ဝယ်နိုင်ပါတယ်'' ဟု ချိန်လုံမော်တော်ယာဉ်၏ အရောင်းမန်နေဂျာကို ထက်ဝေမျိုး ကပြောသည်။
လက်ရှိတွင် ပြည်တွင်းဈေး ကွက်သို့ တွဲကားများ၊ မြေသယ် ကားများအစရှိသော လုပ်ငန်းသုံး မော်တော်ယာဉ်များအား တင်သွင်း ရောင်းချနေပြီး ရိုးမဘဏ်၊ ဧရာ ဝတီဘဏ်၊ CB ဘဏ်တို့နှင့်လည်း ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
ယမန်နေ့မှ ယခုလ ၁၉ ရက် အထိကျင်းပနေသော တရုတ်- မြန်မာထုတ်ကုန်ပြပွဲတွင် ပြသနေ သော ချိန်လုံမော်တော်ယာဉ်မှ အသစ်ထုတ်လုပ်လိုက်သောH7 တွဲကားအသစ်အား မိတ်ဆက်ခဲ့ ပြီး ဈေးနှုန်းအားဖြင့် ဒေါ်လာ ၇ဝဝ ဝန်းကျင်ခန့်ရှိကြောင်း၊ အရစ် ကျဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။