images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ချင်းပြည်နယ်ဝန်ကြီးအား ရာထူးမှနုတ်ထွက်ခွင့်ပြု
ခိုင်မာ Friday, 18 May 2018
ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအိုကက်ဇက်ခင်ကို ¤င်း၏သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်၊ ၂၁/ ၂ဝ၁၈၊ ၁၃၈ဝပြည့်နှစ် နယုန်လဆန်း ၃ရက် (၂ဝ၁၈ခုနှစ် မေ ၁၇ရက်) နေ့စွဲဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ နုတ်ထွက်ခွင့်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ-၅၂၊ ပုဒ်မခွဲ(ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ အထက်ပါအတိုင်း နုတ်ထွက် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ထိုသို့ နုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်ဝန်ကြီးက ၄င်း၏ facebook စာမျက်နှာတွင် ဟားခါးမြို့ပြစီမံကိန်း ''ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေ ပေးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန် ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့ အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှနုတ်ထွက်ခွင့်ပြုရန်တင်ပြခဲ့ပြီး ယမန်နေ့ (၁၇၊ မေလ ၂ဝ၁၈)မှာ နိုင်ငံတော်သမ္မတက တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်ပါ တယ်''ဟု ရေးသားဖော်ပြထားသည်။