images
UN
UN
အိုဇုန်းလွှာအားပျက်စီးစေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုများ ပိုမိုတိုးမြင့်လာ ပြဿနာအရင်းအမြစ်ကို သိပ္ပံပညာရှင်များမသိဟုဆို
နောင်နောင် Friday, 18 May 2018
သုတေသနသစ်တစ်ခု၏ ဖော်ပြချက်အရ အိုဇုန်းလွှာတွင် အပေါက် များဖြစ်စေသည့် တားမြစ်ဓာတုဓာတ်ငွေ့များဖြစ်ပေါ်နေမှုသည် ပိုမို တိုးမြင့်လာနေလျက်ရှိပြီး ပြဿနာ၏တရားခံကို မည်သူမျှမသိရှိကြ ကြောင်း သိရသည်။
လက်ရှိတွင် ယင်းကဲ့သို့ထုတ်လွှတ်မှုများဖြစ်ပေါ်နေသည့် ထူးဆန်း သည့်အရင်းအမြစ်ကို ရှာဖွေတားဆီးရန် ကြိုးပမ်းနေလျက်ရှိသည့် အခြေအနေပင်ဖြစ်သည်ဟု သိရသည်။ ၄င်းထုတ်လွှတ်မှုများသည် အရှေ့အာရှတစ်နေရာရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု သိပ္ပံပညာ ရှင်များက ယူဆကြကြောင်း သိရသည်။ အိုဇုန်းလွှာကို ထိခိုက်ပျက်စီး စေသည့် ကလိုရိုဖလူရိုကာဗွန်သို့မဟုတ်CFCs ဓာတ်ငွေ့များကို ရေခဲ သေတ္တာများ၊ လေဖိအားဖြင့်မှုတ်ပေးနိုင်ရန် စီမံထားသောဘူးများနှင့် အခြောက်သန့်ရှင်းမှုပြုလုပ်သည့် ဓာတုပစ္စည်းများတွင် သုံးစွဲလေ့ရှိ သည်။ ၄င်းဓာတ်ငွေ့များသည် အိုဇုန်းလွှာတွင် ကြီးမားသည့် အပေါက် ကြီးများ ဖြစ်ပေါ်စေသည်ဟု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင်CFCs ဓာတ်ငွေ့များအားသုံးစွဲမှုကို Montreal Protocol အရ တားမြစ် ခဲ့ခြင်းဖြစ်သည်။
အားပြင်းသည့် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာပေါ်ရှိအပင်နှင့် သတ္တဝါများသို့ ကျရောက်ခြင်းကို အထိအခိုက်မခံသည့် ဂက်စ်အလွှာ ဖြစ်သည့် အိုဇုန်းလွှာမှ ကာကွယ်ပေးထားခြင်းဖြစ်သည်။ အိုဇုန်းလွှာ အားနည်းလာပါက ခရမ်းလွန်ရောင်ခြည်များသည် လူသားများပေါ်သို့ တိုက်ရိုက်သက်ရောက်မှုများဖြစ်ပေါ်လာပြီး အရေပြားကင်ဆာ၊ အတွင်း တိမ်ရောဂါများနှင့် အခြားသောရောဂါများ ဖြစ်ပွားလွယ်လာမည်ဟု သိရသည်။ ထို့ပြင် သီးနှံအထွက်နှုန်းနည်းပါးခြင်းနှင့် ပင်လယ်သမုဒ္ဒရာ ဆိုင်ရာ အစာကွင်းဆက်များ ပျက်စီးမှုအပါအဝင် အပင်များရှင်သန်မှု အပေါ် သက်ရောက်မှုများလည်းရှိလာမည်ဖြစ်သည်။ နိုင်ငံတကာမှ အိုဇုန်းလွှာကြီးကား တဖြည်းဖြည်းစတင်ပြင်ဆင်မှုကို ဆောင်ရွက်ခဲ့ သော်လည်း အမေရိကန် အမျိုးသားပင်လယ်သမုဒ္ဒရာနှင့် ကမ္ဘာ့လေထု ဆိုင်ရာအဖွဲ့အစည်း(NOAA)မှ သိပ္ပံပညာရှင်များက အမည်မသိသေး သည့် အရင်းအမြစ်တစ်ခုမှ CFCs များထုတ်လွှတ်မှု သိသိသာသာမြင့် တက်နေမှုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ Ref: CNN