images
UN
UN
နွေစပါးစိုက်ခင်းမျိုးသန့်စံပြကွက်၌ ခေါင်နှံရွေးယူခြင်းကွင်းဆင်းဆောင်ရွက်
သန်းထွန်းအေး Saturday, 19 May 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းလောကျေး ရွာအုပ်စု ဖိုင်ဝိန်းကျေးရွာရှိ ဦးစိုင်း လုံပြဲန်း၏ စိုက်ပျိုးမြေကွက်၌ စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက် သည့်ရွှေရင်အေးမျိုးသန့်စံပြကွက် ၌ ခေါင်နှံရွေးယူခြင်းကို ယမန်နေ့ ညနေ ၄နာရီက ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက် ရာတွင် ကျိုင်တုံမြို့ ဒုတိယပြည် နယ်ဦးစီးမှူးဦးတင်ဦးက ကျေးရွာ နေတောင်သူများနှင့်တွေ့ဆုံ၍ စိုက် ပျိုးရေးဆိုင်ရာ အသိပညာများကို ရှင်းလင်းပြောကြားခဲ့ပြီး ခေါင်နှံယူ ပုံနည်းစနစ်များနှင့်ဆောင်ရန်ရှောင် ရန်အချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။ အဆိုပါရွှေရင်အေး မျိုးသန့်စံပြကွက်၌ ခေါင်နှံရွေးယူ ခြင်းမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဒေသထွက် စပါးမျိုးသန့်များကို ခေါင်နှံဖြင့် (မျိုးသန့်မျိုးပါပွား မျိုးစေ့)မျိုးထုတ်ရန်ဖြစ်ပြီး ရရှိလာ သည့်ျွှ မှတစ်ဆင့် ဃှ (စီးပွား ဖြစ်မျိုးသန့်မျိုးစေ့)ထပ်ထုတ်ပြီး တောင်သူများထံ မျိုးကောင်းမျိုး သန့်မျိုးစေ့များ လုံလောက်စွာ ဖြန့် ဝေနိုင်စေရေးအတွက် ယခုလိုကွင်း ဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။