images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဆင်ချစ်သူများဖြင့် အမြဲစည်ကားနေသော ပလင်းကမ်းသာယာဆင်စခန်း
ကိုထိန်(ငါ့သရောက်) Saturday, 19 May 2018
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာ အနီးတွင် ဖွင့်လှစ်ထားရှိသော ပလင်း ကမ်းသာယာဆင်စခန်းမှာ ဆင်ချစ်သူ များဖြင့် အမြဲစည်ကားနေကြောင်း သိရ သည်။
အဆိုပါပလင်းဆင်စခန်းသည်ညောင် ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီး မြောက်ဘက် ပုလင်းကျေးရွာအနီး ဧရာ ဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားကာ ညောင်ဦးမြို့မှ ငါးမိုင်အကွာတွင်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်စခန်းသို့ နှစ်ဖာလုံသာသွားရသည်။ ဆင်စခန်းဝင်း အတွင်း ဆင်ခြောက်ကောင်ရှိပြီး ဆင်ကြီး ငါးကောင်နှင့် အမိနောက်လိုက် နှစ်နှစ် သား ဆင်လေးတစ်ကောင်ပါရှိသည်။ ဆင်စခန်းဝင်းအတွင်း လာရောက်လည် ပတ်သည့် ဆင်ချစ်သူများအတွက် ကား ပါကင်နှင့် ဆိုင်ကယ်ထားရှိသည့်နေရာ များ စနစ်တကျထားရှိပြီး လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ အေးချမ်းစွာနားနေနိုင်ရန် ဧရာဝတီမြစ် ကမ်းဘေးတွင် ခြေတံရှည်အဆောက် အအုံများ ဆောက်လုပ်ပေးထားသည်။ ဆင်စခန်းဝင်းအတွင်း ရောင်းချပေးသည့် အစားအစာများ၊ အအေးမျိုးစုံတို့ကို မှာယူ စားသုံးနိုင်ပြီး ပလင်းကမ်းသာယာ ဆင် စခန်းရောက် အမှတ်တရအင်္ကျီများ၊ ဆင် မြီးလက်စွပ်နှင့် ထန်းရွက်၊ ထန်းလက် တို့ဖြင့်ပြုလုပ်ထားသည့် အညာဒေသလုပ် ထန်းထွက်ပစ္စည်းအရုပ်လက်ဆောင်များ ဝယ်ယူနိုင်ကြောင်း ဆင်ထိန်းခေါင်း ဆောင် ဦးကြည်နိုင်ထူးက ပြောသည်။
ဆင်စခန်းသို့ လာရောက်လည်ပတ် သည့် ဆင်ချစ်သူများစိတ်ဝင်စားကြသည့် အမိနောက်လိုက် ဆင်ပေါက်လေး စည် ထွန်းဘိုနှင့် အသက် ၁၈နှစ်ရှိ ဆင်ပဲ့ချိတ် ကိုပိုင်စိုးဦးတို့၏ ဆော့ကစားနေမှုများမှာ ဆင်ချစ်သူများ၏ စိတ်ဝင်စားမှုအမြင့်ဆုံး ဖြစ်သည်ဟု ပလင်းဆင်စခန်းလက်ထောက် မန်နေဂျာ ဦးမျိုးမင်းကိုက ပြောသည်။ ဆင်များသည် အများအားဖြင့် အမိန့်နာခံ တတ်ရန် ကျုံးမသွင်းရသေးခင် သူတို့ အပေါ် မည်သူမျှအတက်မခံကြကြောင်း နှင့်ဆင်ပေါက်လေးစည်ထွန်းဘိုအပေါ် သို့ ကိုပိုင်စိုးဦးသာ တက်၍ရကြောင်း နှင့် ကိုပိုင်စိုးဦးအား သူ၏ကစားဖော် အဖြစ် မှတ်ယူထားပုံရကြောင်း သိရပြီး ဆင်ပေါက်လေး အသက် ငါးနှစ်ပြည့် လျှင် အမိန့်နာခံတတ်စေရန် ကျုံးသွင်း လေ့ကျင့်ပေးမည်ဖြစ်ကာ အေးသောလ ဖြစ်သည့် ဒီဇင်ဘာလတို့တွင် ဆင်များ အား ကျုံးသွင်းလေ့ကျင့်ပေးလေ့ရှိပြီး ရက်၂ဝ ခန့် လေ့ကျင့်ပေးလျှင် ဖြည်း ဖြည်းချင်း အမိန့်နာခံတတ်လာကြောင်း ဆင်ခေါင်းဆောင်က ပြောသည်။ ပလင်း ဆင်စခန်းသို့လာရောက်ကြသည့် ခရီးသွား ဧည့်သည်များ၊ ဆင်ချစ်သူများအတွက် ဆင်ချစ်သူများ အမှတ်တရ လက်မှတ် ထိုးနိုင်ရန် ပေ(၈x ၆) ဗီနိုင်းနှစ်ခု စီစဉ် ပေးထားရာ ဗီနိုင်းနှစ်ချပ်လုံး ပလင်းဆင် စခန်းသို့ လာရောက်လည်ပတ်သည့် ဆင် ချစ်သူများ၏ လက်မှတ်များ ပြည့်ထပ် နေပြီး စာလုံးအကြီးကြီးဖြင့် ဆင်ချစ်သူ ရေးသားခဲ့သောစာသားကို ဖတ်မိသည့် လူကြီးလူငယ်များ ပြုံးနေသည်ကိုလည်း တွေ့ရသည်။ 'ဆင်ပေါက်လေး ရိုက်တဲ့ ကောင် ငါ့သား'ဟု ရေးသားထားရာ ဆင်ချစ်သူများအလွန်ပင် သဘောကျနေ ကြကြောင်းနှင့် ပူပြင်းခြောက်သွေ့သည့် အညာဒေသဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်းရှိသည်ဟု သိရပြီး ပုဂံ-ညောင် ဦးသို့ ဘုရားဖူးရင်း ဆင်စခန်းသို့ ဝင် ရောက်ကာ အနားယူသူများဖြင့် အမြဲ စည်ကားနေကြောင်း သိရသည်။