images
UN
UN
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ အရေးကြီးတယ်
Monday, 21 May 2018
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် သုံးခွကျေးရွာအုပ်စုသရက်သုံးပင်ကျေးရွာ၌ မေ ၂၁ ရက် နံနက် ၉ နာရီတွင် ရွာလုံးကျွတ်နီးပါး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ဝင်ရောက်ခဲ့သည့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ပါတီဝင်သစ်များ၏ ရင်တွင်းစကားသံများကို ဖော်ပြအပ်ပါသည်။

ဒေါ်ထားထားဘို
သရက်သုံးပင်ကျေးရွာ
----------------------------
ကျွန်မကတော့ သုံးခွကျေးရွာအုပ်စု သရက်သုံးပင်ကျေးရွာကဒေါ်ထားထားဘို ဖြစ်ပါတယ်ရှင်။ ကျွန်မဟာ အရင်တုန်း က ဘယ်ပါတီမှ ဝင်ထားသူတစ်ယောက် မဟုတ်ပါဘူးရှင်။
ကျွန်မပြည်ခိုင်ဖြိုးပါတီကို ပါတီဝင် အဖြစ် အခုလို ဝင်ရောက်လာရခြင်း အကြောင်းတရားများစွာရှိပါတယ်။ အဲဒီ ထဲကမှ အချိန်ကြာသွားမှာစိုးတဲ့အတွက် ကျွန်မအနေနဲ့ ပြည်ခိုင်ဖြိုးပါတီကိုစိတ်ဝင် စားရတဲ့ အဓိကအချက်အနည်းငယ်ကို ပြောပါရစေရှင်။
ကျွန်မ အဓိကစိတ်အဝင်စားဆုံး အချက်က ပြည်ခိုင်ဖြိုးပါတီရဲ့ရပ်တည် ချက်၊ ဦးတည်ချက်ဖြစ်တဲ့
ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးဆိုတဲ့
''ဒို့တာဝန်အရေးသုံးပါး''ပါပဲရှင်။
ဒီအခမ်းအနားကို တက်ရောက် လာတဲ့ ပါတီဝင်ညီအစ်ကိုမောင်နှမများ ဒီအချက်သုံးချက်ကို သေသေချာချာ စဉ်း စားသုံးသပ်ကြည့်ကြပါ။ သေချာတွေး လေ ပြည်ခိုင်ဖြိုးပါတီရဲ့ ကျွန်မတို့ပြည်သူ နဲ့ နိုင်ငံတော်အပေါ်ထားရှိတဲ့ စေတနာ မေတ္တာတွေကို အထင်အရှားမြင်တွေ့ကြ ရမှာ ဖြစ်ပါတယ်။
ဗြဟ္မစိုရ်တရားလေးပါးတို့၊ လောက ပါလတရားတော်တို့ဆိုတာ လောကမှာရှိ တဲ့ လူသားအားလုံးရဲ့ကျင့်ကြံရမယ့် တရားဖြစ်ပါတယ်။ မြတ်စွာဘုရားမပွင့်မီ အချိန်ကာလမှာ လူသားမျိုးနွယ်တွေဆက် လက်ရပ်တည်နိုင်ဖို့အတွက် လောက ပါလတရားတို့ကို ကျင့်သုံးနေထိုင်ကြရ တာဖြစ်သလို-
ယခု ပြည်ခိုင်ဖြိုးပါတီရဲ့ဦးတည် ချက်ဖြစ်တဲ့ ''ဒို့တာဝန် အရေးသုံးပါး'' ဟာလည်း နိုင်ငံတစ်နိုင်ငံကမ္ဘာ့အလယ် မှာ ထည်ထည်ဝါဝါရပ်တည်နေနိုင်ဖို့ အတွက် မဖြစ်မနေစောင့်ထိန်းလိုက်နာ ကြဖို့ အရေးကြီးနေတဲ့လိုအပ်ချက်တစ်ခု လည်းဖြစ်ပါတယ်ရှင်။
ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ အချက်ကိုလည်းစဉ်းစားကြည့်ကြပါ။ လူ တစ်စုအတွက်ပါလား၊ အဖွဲ့အစည်းတစ်ခု ရဲ့အကျိုးပါလားလို့ ညီအစ်ကိုမောင်နှမ များစဉ်းစားကြည့်ကြပါ။ ပြည်ထောင်စု ကြီးမပြိုကွဲမှ ကျွန်မတို့တိုင်းရင်းသား ညီ အစ်ကိုမောင်နှမတစ်တွေအေးအေးချမ်းချမ်း နဲ့နေထိုင်နိုင်လို့ရမှာမဟုတ်ဘူးလားရှင်။
''တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး''ဒီအချက်ကိုကြည့်မယ်ဆိုရင် လည်း မြန်မာမင်းအဆက်ဆက် မြန်မာ နိုင်ငံကြီးထဲမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်သွေးတည်း တစ်သားတည်း နေထိုင်ခဲ့ကြတယ်။
သီပေါမင်းပါတော်မူတော့ တိုင်းရင်း သားတွေထဲကရှမ်းလူမျိုးတွေဟာ သီပေါ ဘုရင်ကို လမ်းကနေဖြတ်လုဖို့ ကြိုးစားခဲ့ ကြပါသေးတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် ရှမ်းလူမျိုးတွေရဲ့စိတ်ဓာတ် ဘယ် လောက်မြတ်နိုးတန်ဖိုးထားဖို့ကောင်းလိုက် လဲ။ မြန်မာဘုရင်ကို လူမျိုးတူမဟုတ်ပေ မယ့် သူတို့ဘုရင်မဟုတ်ဘူးလို့ မသတ် မှတ်ခဲ့ဘူး။ ဒါကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် သူတို့ ကြိုးပမ်းခဲ့ကြတာပဲလေ။ အင်္ဂလိပ်တွေကို ၁ဝ နှစ်ကျော် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြတာဟာလည်း ၁၃၅ မျိုး သော တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံးပါပဲ။ ဒီမြေဒီရေမှာတိုင်းရင်းသား ညီအစ်ကိုမောင်နှမတစ်တွေ လက်ရည် တစ်ပြင်တည်းနေထိုင်လာခဲ့ကြတာ ဘယ် လောက်အေးချမ်းလိုက်သလဲ၊ အခုတော့ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ စနစ်ဆိုးအောက်က နေ ရုန်းထွက်လာခဲ့ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတစ်တွေဟာ အင်္ဂလိပ် တွေရဲ့ သပ်လျှိုသွေးခွဲမှုကြောင့် တိုင်းရင်း သားတွေ ဝါးအစည်းပြေသလိုဖြစ်နေပြီ။ အခုဆိုရင် KIA က တစ်မျိုး၊ AA က တစ်ဖုံ တိုင်းပြည်ကြီးဘေးဒုက္ခကြုံအောင် လုပ်နေတာမဟုတ်ဘူးလား။ ဒါက တိုင်း ရင်းသားစည်းလုံးမှုမပြိုကွဲရေးဆိုတာ ဘယ်လောက်အရေးကြီးသလဲ အရေးပါ သလဲဆိုတာကို သက်သေပြနေတာပဲဖြစ် ပါတယ်ရှင်။
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးကိုလည်း ထပ်ပြီးစဉ်းစားကြည့်ကြ ပါ။ ကျွန်မတို့နေထိုင်တဲ့ မြန်မာပြည် ကြီးမှာ တိုင်းပြည်ကို အစိုးရနေတဲ့ အချုပ် အခြာအာဏာပိုင်တွေက အချုပ်အခြာ အာဏာမတည်မြဲရင်ခိုးဆိုးလုယက်မှုတွေ ပေါများလာမယ်။ ပြည်သူတွေစိတ်အေး ချမ်းသာစွာမနေထိုင်နိုင်ဖြစ်လာကြလိမ့် မယ်ဆိုတာညီအစ်ကိုမောင်နှမများသဘော ပေါက်ကြပါလိမ့်မယ်။ ဒီပြဿနာဟာ သိပ်ကြီးကြီးမားမားကြီး မဟုတ်ပေမယ့် ယနေ့ခေတ်မှာဖြစ်ပေါ်နေတဲ့ ရခိုင်အရေး အခင်းကြီးမှာဆိုရင် OIC နဲ့ အနောက် နိုင်ငံအဖွဲ့အစည်းတွေရဲ့ ဝင်ရောက်ခြယ် လှယ်မှုဟာ ကျွန်မတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစော်ကားနေကြတာနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ အချုပ်အခြာ အာဏာကို ထိပါးဆော်ကားနေကြတာ လည်းဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ကျွန်မရဲ့ ညီအစ်ကိုမောင်နှမများ အချုပ် အခြာအာဏာဟာ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာကို သိရှိနားလည် လောက်ပါပြီ။
ဒါကြောင့် ''အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး''ဟာ အရေးကြီးတယ် လို့ ကျွန်မပြောရတာပေါ့ရှင်။
ညီအစ်ကိုမောင်နှမများအားလုံးကို ဒီနေရာကနေ ကျွန်မနိဂုံးချုပ်အနေနဲ့ ပြော ချင်တာကတော့ ကျွန်မတို့ရဲ့တွဲလက်တွေ ညီနေမယ်ဆိုရင် ကျွန်မတို့ ရည်မှန်းထား တဲ့ ပန်းတိုင်ဟာ မဝေးတော့ဘူးဆိုတာ ကိုပြောကြားလိုပါတယ်။
ဦးစိုးအောင်
တော်ကူးအရှေ့ကျေးရွာ
------------------------------
ကျွန်တော်ကတော့ တော်ကူးအရှေ့ ကျေးရွာမှပါတီဝင် ဦးစိုးအောင် ဖြစ်ပါ တယ်ခင်ဗျာ။ ကျွန်တော်ဟာ အရင်တုန်း က ဘယ်ပါတီမှ ဝင်ထားသူတစ်ယောက် မဟုတ်ပါဘူးခင်ဗျာ။
ကျွန်တော်ပြည်ခိုင်ဖြိုးပါတီကို ပါတီ ဝင်အဖြစ် ဝင်ရောက်လာရတဲ့ အကြောင်း အရင်းကတော့ အမျိုးသားရေးကို ဦးထိပ် ထားပြီး အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ ကိုယုံကြည်လို့ ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက်လာရခြင်း ပဲဖြစ်ပါတယ်ခင်ဗျာ။
ဘယ်တိုင်းပြည် ဘယ်လူမျိုးပဲဖြစ် ဖြစ် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ် ကြတာချည်းပါပဲ။ ကျန်တာမကြည့်နဲ့ဗျာ။ ရပ်ကွက်/ ကျေးရွာဘောလုံးပွဲတွေကိုပဲ ကြည့် ကိုယ့်ကျေးရွာနဲ့ကိုယ်၊ ကိုယ့်ရပ် ကွက်နဲ့ကိုယ် အားပေးကြတာချည်းပဲ။ ကိုယ့်ရွာ ကိုယ့်ရပ်ကွက်ကို နိုင်စေချင် တာချည်းပါပဲ မဟုတ်ဘူးလားဗျာ။
နေရာဒေသနဲ့နေထိုင်တဲ့ လူမျိုး/တိုင်း ရင်းသားရှိနေသရွေ့ ကိုယ့်လူမျိုး၊ ကိုယ့် တိုင်းရင်းသားကို ချစ်ခြင်းဟာ အမျိုးသား ရေးပါပဲ။
အမျိုးသားရေးဆိုတဲ့အဓိပ္ပာယ် ဟာ ကျယ်ပြန့်လွန်းတယ်။ လူမျိုးရေးနဲ့ ဘာသာသာသနာရေးကတော့ အဓိကပေါ့ ဗျာ။ ကျွန်တော်တို့ လူမျိုးအများစုက ဗုဒ္ဓ ဘာသာကိုကိုးကွယ်ကြတယ်။ ကျွန်တော် တို့ကိုးကွယ်တဲ့ဘာသာတရားက ကိုး ကွယ်တဲ့လူမျိုးတိုင်းကို အေးချမ်းမှု၊ ငြိမ်း ချမ်းမှုတရားတွေကို ပေးတယ်ခင်ဗျ။
ဒီလိုအေးချမ်းမှု ငြိမ်းချမ်းမှုတွေကို ပေးတဲ့ဘာသာတရား၊ ဒီဘာသာတရား ကို ကျွန်တော်တို့တန်ဖိုးထားကိုးကွယ်ကြ တယ်။ အခုကျွန်တော်တို့ ကိုးကွယ်နေကြ တဲ့ ဗုဒ္ဓဘာသာဟာ အခုဆိုရင်နည်းမျိုးစုံ နဲ့ ဖျက်ဆီးခြိမ်းခြောက်ခံရခြင်းကို စတင် ခံစားနေရပြီဖြစ်ပါတယ်။ ဒီလိုကြားထဲက မှ ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက် ပါတီ ကြီးကဆိုရင် ဘာသာတစ်ခုတည်းကြီး စိုးနေတာ လက်မခံဘူးဆိုပြီး ပြောလိုက် တာဟာ ကျွန်တော်တို့ကိုးကွယ်နေတဲ့ ဘာသာတရားကို တကယ်ဖျက်ဆီးတော့ မယ်ဆိုတာ အချက်ပြလိုက်တာပါပဲ။
အမျိုးသားရေးဆိုတာ ဒီခေတ်ကြီး ထဲမှာ အလုပ်မဖြစ်တော့ဘူးလို့ ပြောသူ တွေက ပြောနေကြပြီ ကျွန်တော်ကတော့ ဒီလိုပြောတဲ့သူတွေကို ကျွန်တော်ကတော့ ''ခင်ဗျား မျိုးချစ်စိတ်မရှိတိုင်း တခြားသူ တွေရဲ့မျိုးချစ်စိတ်ကို မဖျက်စီးပါနဲ့''လို့ ပြောလိုက်ချင်တယ်ဗျာ။
ဒီခေတ်ကြီးထဲမှာ အမျိုးသားရေးက အလုပ်မဖြစ်တော့ပါဘူးလို့ ပြောနေတဲ့ ပါတီကြီးတစ်ခုရဲ့စကားကို ယုံကြည်ပြီး တိုင်းပြည်ကိုသူတို့လက်ထဲ ပုံအပ်လို့မဖြစ် တော့ပါဘူး။
ဒါကြောင့်မို့လို့ အမျိုးဘာသာ သာသနာကို နေရောင်ဝါသို့ လင်းစေနိုင် မယ့်တစ်ခုတည်းသော စည်းကမ်းပြည့်ဝ တဲ့ ပြည်ခိုင်ဖြိုးပါတီကြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို စတင်အုတ်မြစ်ချပေးခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြီးမှလွဲ၍ အားကိုးစရာမမြင်တော့ပါ။ ဒါကြောင့်မို့ လို့ ပြည်ခိုင်ဖြိုးပါတီကြီးထဲကို ကျွန်တော် တို့ ရွာသားတွေ ဝင်ရောက်ရတာဖြစ်ပါ တယ်။