images
UN
UN
ကမ္ဘာ့နိုင်ငံအသီးသီး၌ မြန်မာနိုင်ငံသည် ကျောင်းထွက်နှုန်း အများဆုံးနိုင်ငံဖြစ်ကြောင်း ပညာရေးဝန်ကြီးပြော
ကိုကိုလွင် Tuesday, 22 May 2018
ကျောင်းပညာသင်ကြားရေး ကဏ္ဍ၌ကမ္ဘာ့နိုင်ငံအသီးသီးအနက် မြန်မာနိုင်ငံသည် ကျောင်းထွက်သူ အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးရုံးခန်းမ တွင် ယမန်နေ့မွန်းလွဲပိုင်းက ပြု လုပ်သည့် အစိုးရ၏ ဒုတိယတစ် နှစ်တာဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပညာရေးဝန်ကြီးဌာန၏ ဆောင် ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ရှင်းလင်း ခဲ့ရာတွင် ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''မြန်မာနိုင်ငံလူဦးရေနဲ့ဆိုရင် ကျောင်းထွက်သူ ၂ ဒသမ ၂သန်း ဟာ လေးရာခိုင်နှုန်းဝန်းကျင်ဖြစ် တယ်။ဒါကြောင့်မို့လို့ ကမ္ဘာပေါ်မှာ ကျောင်းထွက်သူ အများဆုံးနိုင်ငံ သည် မြန်မာနိုင်ငံဖြစ်ပါတယ်။ အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်းပဲ ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာကျောင်းထွက်သူ သည်မရှိသလောက်ဖြစ်ပါတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် ယူနက်စကိုမှ ထုတ်ပြန်သည့် Report အရ ကမ္ဘာ့ကျောင်းထွက်နှုန်း အမြင့်ဆုံး နိုင်ငံသုံးနိုင်ငံရှိပြီး အိန္ဒိယနိုင်ငံ သည် နံပါတ်(၁)နေရာတွင် ရပ် တည်နေပြီး ဒုတိယအဖြစ်ရပ်တည် နေသည့် နိုင်ငံနှစ်နိုင်ငံရှိပြီး ယင်း နိုင်ငံတို့မှာ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်ကြောင်းနှင့် အိန္ဒိယ နိုင်ငံ၌တစ်နှစ်လျှင်ကျောင်းထွက်သူ ၁၁သန်းရှိသည့်အတွက် ကျောင်း ထွက်သူ ဦးရေနှင့်တွက်ချက်ပါက အိန္ဒိယ နိုင်ငံမှာ နံပါတ်(၁)နေရာ တွင်ရှိသည်ဟုယူနက်စကို Report အရ ဖော်ပြသော်လည်း အိန္ဒိယ နိုင်ငံ၏ လူဦးရေမှာ ၁ ဒသမ ၃ ဘီလီယံရှိခြင်းကြောင့် လူဦးရေနှင့် ကျောင်းထွက်နှုန်းအား ပြန်လည် တွက်ချက်ပါက ကျောင်းထွက်သူ ဦးရေ တစ်ရာခိုင်နှုန်းမပြည့်သည် ကိုတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့မှာ ကျောင်း ထွက်နှုန်း ၂ ဒသမ ၂ သန်းခန့်ရှိ ပြီး ဒုတိယနေရာ၌ ရပ်တည်နေ သော်လည်း အင်ဒိုနီးရှားနိုင်ငံ၌ လူဦးရေသန်း ၂၅ဝရှိသည့်အတွက် တွက်ချက်မှုအရ တစ်ရာခိုင်နှုန်းမ ပြည့်ကြောင်းတွေ့ရှိရပြီး မြန်မာ နိုင်ငံ၏ ကျောင်းထွက်နှုန်း ၂ ဒသမ ၂ သန်းဟုဆိုရာ၌ လူဦး ရေ ၅၅သန်းအပေါ် ရာခိုင်နှုန်းအရ တွက်ချက်ပါကလေးရာခိုင်နှုန်းဝန်း ကျင်ခန့်ရှိနေခြင်းကြောင့် ကျောင်း ထွက်နှုန်းအများဆုံးနိုင်ငံဟုဆိုနိုင် ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက် လက်ရှင်းလင်းခဲ့သည်။