images
UN
UN
ဦးခေါင်းထိပ်ပြောင်ခြင်းမှ ကာကွယ်ရန်နည်းလမ်းကောင်းများ
ပေါက်ပေါက် Tuesday, 22 May 2018
ဆံပင်ဟာ လှပပျိုမျစ်ခြင်းအတွက် အလွန်အရေးပါသော ရုပ်ဝတ္ထုတစ်ခုပါ။ အမျိုးသားများတွင် အမျိုးသမီးများ လောက်အဓိကမကျသော်လည်း၊ဦးခေါင်း ထိပ်ပြောင်နေခြင်းကိုတော့ ပုထုဇဉ် လူသားတိုင်း မလိုလားသည်မှာဓမ္မတာ ပါ။ အရွယ်ရောက်ပြီး ကျား-မတစ်ဦးစီ တွင် ဆံပင်ပေါင်း နှစ်ကုဋေ လေးသန်းရှိ ကြောင်း မြတ်စွာဘုရားကဟောကြားခဲ့ပါ သည်။ သိပ္ပံသုတေသီများကတော့ တစ် နှစ်ကို ဆံပင် ၆လက်မရှည်၍၊ တစ်နေ့မှာ ဆံပင် ၅ဝမှ ၁ဝဝအထိကျွတ်ထွက်သည် ဟုဆို၏။ ထိပ်ပြောင်ရခြင်းအကြောင်း ရင်းမှာ ဆံပင်အသစ်ဖြစ်စေသော ပင်မ ကလာပ်စည်းချို့ယွင်းချက်များ ကြောင့် တက်စတိုစတီရုန်းဟော်မုန်းမှ ဖြစ်ပေါ် လာသော dihydrotestosterone (DHT) မြင့်မားလာခြင်းကြောင့်ဖြစ်သည်။ အထူး သဖြင့် ဆံလုံးသေးသောသက်လတ်ပိုင်း အမျိုးသားများတွင် အဖြစ်များ၏။ ယောက်ျားများထိပ်ပြောင်ခြင်းကို Male Pattern Baldness ဟုခေါ်ပြီး၊ နဖူးမှာ အင်္ဂလိပ်အက္ခရာMပုံသဏ္ဌာန်အဖြစ် ချိုစောင်းနှစ်ဖက်မှ စတင်ပြောင်လာကာ တဖြည်းဖြည်းငယ်ထိပ်တွင်ပြောင်သွား ခြင်းဖြစ်သည်။ အမျိုးသမီးများထိပ် ပြောင်ခြင်းကိုfemale-pattern baldnessဟုခေါ်ပြီး၊ ငယ်ထိပ်မှ ဘဲဥပုံကွက် ကျွတ်ကာ ဦးရေပြားမြင်ရသည်အထိ ပါးသွားခြင်းဖြစ်သည်။ ထိပ်ပြောင်ခြင်း ကိုလူတွင်သာမက ချင်ပန်ဇီမျောက်ဝံများ နှင့် orangutans လက်မောင်းရှည် မျောက်ဝံများတွင်လည်း တွေ့ရကြောင်းThe Journal of Clinical Investlgation တွင် ဖော်ပြထားသည်။
ဘာကြောင့် ထိပ်ပြောင်ရပါသလဲ
----------------------------------------
(၁)မျိုးရိုးလိုက်ခြင်း၊ (၂) သိုင်းရွိုက် (ခေါ်)လည်းပင်ကျိတ်ရောဂါ၊ (၃) အာဟာရချို့တဲ့၍ သွေးအားနည်းခြင်း၊ (၄)dermatitis သို့မဟုတ် psoriasis အရေပြားရောဂါများ၊ (၅)ဗီတာမင်အေ အလွန်အကျွံများခြင်း၊ (၆) ခေါင်းအုပ် ဆောင်း/ ဦးထုပ်/ ဆံပင်တုများတာရှည် ဝတ်ဆင်ထားခြင်း၊ (၇)အတွေးလွန် ကဲခြင်း/ စိတ်ပူပင်ခြင်း၊ (၈) ဆေးလိပ်/ အရက်အလွန်အကျွံသောက်ခြင်း၊ (၉) အသားဓာတ်၊သံ၊ သွပ်၊ ကြေးနီဓာတ်များ နှင့် ဗီတာမင် အေ၊ စီ၊ အီး တို့ချို့တဲ့ခြင်း၊ (၁ဝ)ဦးရေပြားသန့်ရှင်းမှုအားနည်းခြင်း၊ (၁၁)နေရောင်ခြည်ထိတွေ့မှုများခြင်း၊ (၁၂)မကြာခဏဆံပင်ပေါင်းတင်ခြင်း၊ (၁၃)ဆံပင်ဖြောင့်-ကောက်-ဆေးဆိုးရာ တွင်ကျွမ်းကျင်မှုမရှိ/ ကြိမ်ဖန်များစွာဆေး သုံးပြီး ဦးရေပြားထိမိ၍ဓာတ်မတည့် ခြင်း၊(၁၄)ရေမသန့်ခြင်း၊(၁၅)ရေနွေးဖြင့် ခေါင်းလျှော်လေ့ရှိခြင်း၊ (၁၆) ဆံပင် မခြောက်ခင်ဘီးဖြီးခြင်း၊ (၁၇) ချွေးထွက် အိတ်များတွင် အလုံးအကျိတ်ကင်ဆာဖြစ် ခြင်း၊ (၁၈)စိတ်ဓာတ်ကျရောဂါပျောက် ဆေး၊ beta blocker အစွမ်းပါဝင်သော နှလုံးနှင့် သွေးတိုးရောဂါပျောက်ဆေး၊ စတီရွိုက်မဟုတ်သော ဖောရောင်သက်
သာဆေးဝါးများ၊ ဂေါက်ရောဂါဆေးများ၊ ကင်ဆာရောဂါ ခီမိုဆေးသွင်းခြင်း၊ Anticoagulants အစွမ်းပါသော သွေးကျဲ ဆေး၊ ဆီးချိုပျောက်ဆေး..စသည့်ပဋိဇီဝ ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများ၊ (၁၉)လိင်ဆက်ဆံကြိမ်များ၍ သုက်လွှတ် များသောအမျိုးသားများ၊ (၂ဝ)အမျိုးသမီး များ ရာသီမမှန်ခြင်း သို့မဟုတ် ကိုယ်ဝန် တားဆေး၏ဘေးထွက်ဆိုးကျိုးစသည် တို့ကြောင့် ဖြစ်သည်။ အထူးသဖြင့် အသက် ၄၅နှစ်ဝန်းကျင်မှာထိပ်ပြောင် သောအမျိုးသားများဟာ သက်ကြီးပိုင်း ရောက်တဲ့အခါမှာ ဆီးကျိတ်ကင်ဆာ ပြင်းထန်မှုနှင့်ဆက်နွှယ်မှုရှိတာကြောင့် သတိပြုသင့်ပါသည်။
ထိပ်ပြောင်ခြင်းကင်းဝေးအောင်
--------------------------------------
(၁)ခေါင်းဦးရေပြားကို လက်ဖြင့်နှိပ် ခြင်းသည် ဆံပင်ရင်းထံသို့ သွေးအသွား အလာများစေ၍ ဆံပင်သန်စွမ်းစေသည်။ ထို့ကြောင့် တရုတ်တိုင်းရင်းရိုးရာကုထုံး ဖြင့် ဖြူသောဆံပင်များကို ပြန်နက်လာ စေရန် ဦးခေါင်းအရှေ့နဖူးမှစ၍ လက်မ နှစ်ချောင်းဖြင့် ဦးခေါင်းအလယ်နှင့် နောက်စေ့ရောက်သည်အထိ နှိပ်နယ်ပေး လေ့ရှိသည်။(၂)ကော်ဘီးမသုံးဘဲ ဝါးဘီး၊ သစ်သားဘီး၊ သံဘီးတို့ကိုသာသုံးပါ။(၃)Saw Palmetto (ခေါ်) မြောက်အမေရိက တိုက်ရှိ အပင်ပုဆီအုန်းတစ်မျိုးမှရရှိသော ဆီသည် အကောင်းဆုံးသဘာဝဆီအဖြစ် ထိပ်ပြောင်ခြင်းကို သက်သာစေသည်။ (၄) ယနေ့အမေရိကန်ရှိ အသိအမှတ်ပြု ဆေးတစ်မျိုးမှာmino- xidol လိမ်းဆေး ဖြစ်ပြီး၊ဦးရေပြားသွေးလည်ပတ်မှုကောင်း စေကာ ထိပ်ပြောင်သူများဆံပင်ပြန်ထွက် လာစေသည်။ (၅)နေ့စဉ်ခေါင်းလျှော်ခြင်း သည် ဦးရေပြားအဆီ ကုန်ခန်းစေတတ် သဖြင့် ရက်သတ္တတစ်ပတ်လျှင် အများ ဆုံး နှစ်ကြိမ်သာ ခေါင်းလျှော်သင့် သည်။ (၆)မိမိနှင့်သင့်တော်သည့် ခေါင်း လျှော်ရည်ရှမ်ပူကိုသာ ရွေးချယ်သုံးစွဲပြီး၊ ခေါင်းပေါ်တွင် ရှမ်ပူရနံ့ပျောက်သည် အထိ ရေစင်စင်လောင်းပါ။ (၇) ဆေး ပညာများ တိုးတက်ခေတ်မီသော ယနေ့ ကမ္ဘာတွင် စပါးစိုက်သကဲ့သို့ ဆံပင်တစ် ချောင်းချင်းစီကို ဆံပင်များသောနေရာမှ ထိပ်ပြောင်သောနေရာသို့ခွဲစိတ်ပြောင်းရွှေ့ ပေးနိုင်ပါပြီ။ ဆံပင်တစ်ပင်လျှင် အမေရိ ကန်တစ်ဒေါ်လာခန့် ကုန်ကျမည်ဖြစ် ကြောင်း သိရပါသည်။

အကောင်းဆုံးအစားအစာများ
------------------------------------
ပြောင်းဆန်၊ ဆန်လုံးညို၊ ဆန်ကြမ်း၊ တိရစ္ဆာန်အသည်း၊ ကြက်ဥ/ဘဲဥ အနှစ်၊ နွားနို့၊ တို့ဟူး၊ ကြက်သွန်ဖြူ၊ ကြက်ဥ အကာ၊ ချိစ်(ဒိန်ခဲ)၊ အစိမ်းရောင် အသီး အရွက်များ၊ ဂျုံ၊ မှို၊ ကြက်သား၊ ဝက် သား၊ ငါး၊ ရွှေဖရုံသီး/ ရွှေဖရုံစေ့၊ ပဲ အမျိုးမျိုး၊ ထောပတ်သီး၊ ဂျုံ၊ မုန်လာဥနီ၊ ဒိန်ချဉ်၊ ပဲပိစပ်၊ ရေညှိ၊ နှမ်းနက်၊ ပျား ရည်၊ပင်လယ်စာ၊ ဝက်မိုးခိုသား၊ ပဲထော ပတ်၊ အဆီမပါသော အမဲသား၊ ကမာ ကောင်၊ ကြက်ဆင်သား၊ နေကြာစေ့၊ ပဲနီကလေး၊ သစ်ကြားသီး၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ငါးသလောက်ယောက်ဖ၊ ဂုန်လျှော်စေ့ ၊ ရှောက်သီး/သံပရာသီး၊ ဆလတ်ရွက်၊ အာလူးမီးကင်၊ ခရမ်းချဉ် သီး၊ မြေထောက်ပဲတို့ ဖြစ်သည်။
အကောင်းဆုံးဆေးမြီးတိုများ
-----------------------------------
(၁) ဆာလ်ဖာဓာတ်ကြွယ်ဝသော ကြက်သွန်နီသည် ကိုလာဂျင်ပရိုတိန်းများ ထုတ်လုပ်မှုကောင်းစေသဖြင့် မွေးညင်း ပေါက်များပွင့်၍ သွေးလည်ပတ်မှုကောင်း မွန်စေကာ ဆံပင်မွေးကိုခိုင်မာစေသည်။ ထို့ကြောင့် ထိပ်ပြောင်နေသူများ၊ နေရာ ကွက်၍ဆံပင်မပေါက်သူများနှင့်ဦးရေပြား မှိုစွဲ(ဗောက်ထ)သူများကို ကောင်းကျိုးပြု သည်။ ကြက်သွန်နီအရည်ကို မိနစ် ၄ဝ ခန့်လိမ်းထားပြီး ခေါင်းလျှော်ရည်ပျော့ ပျော့နှင့်ဆေးကြောပေးခြင်းဖြင့်ထိပ်ပြောင် သူများ ဆံပင်ပေါက်နှုန်းမြန်ဆန်လာသည် ကိုတွေ့ရကြောင်း အီရတ်သုတေသီများက အကြံပြုထားသည်။ ထိုအဆိုကိုအမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန (FDA) မှလည်း ထောက်ခံထားသည်။ (၂) ငှက်ပျောတစ်ပင်၏ ပင်စည်တစ်ပေ အမြင့်လောက်တွင် ဓားဖြင့်ချိုင့်၍စတီးဇွန်း ကို မှောက်ခုံထည့်လိုက်ပါ။ စတီးဇွန်း တစ်လျှောက် တစ်စက်တစ်စက်ထွက်ကျ လာသောငှက်ပျောရည်များကို ဖန်ခွက် သို့မဟုတ် ပုလင်းဖြင့် ခံထားပြီး၊ ငါး ကျပ်သားခန့်ရလျှင် ဆံပင်မပေါက်သည့် နေရာအား အကြိမ်ကြိမ်ခြောက်တိုင်းလိမ်း ပေးရပါမည်။ ထိုနည်းအတိုင်းအနည်းဆုံး ၁ဝရက်ခန့်လိမ်းပေးပါကထိပ်ပြောင်သော နေရာမှ ဆံပင်များပြန်၍ထွက်လာပါလိမ့် မည်။ (၃) သလဲရွက်ကိုရေနှင့်ကြိတ်၍ သတ္တုရည်ကိုတစ်နေ့နှစ်ကြိမ်လိမ်းပေးပါ ကဆံပင်ကျွတ်ခြင်းပျောက်ကင်းစေသည်။ (၄)သံပရာစေ့ကို ရေနှင့်ကြိတ်ပြီး နေ့စဉ် လိမ်းပေးပါကဆံပင်ပြန်ပေါက်လာစေပါ သည်။ (၅)ခြေဖဝါးကိုဆားပွတ်နယ်ခြင်း ကလည်း မျက်စိကောင်းရုံသာမက၊ အခိုး ပွင့်၍ ဆံပင်ကျွတ်ခြင်းနှင့် ထိပ်ပြောင် နေသူများကို ဆံပင်ပြန်ပေါက်စေသည်။
ရှောင်ရန်အစားအစာများ
-------------------------------
ကယ်လိုရီအလွန်နည်းပါးသော အာ ဟာရမဖြစ်စေသည့်အစားအစာများ၊အသင့် လုပ်အစားအစာများ (ဥပမာ-ကော်ဖီမစ်၊ တီးမစ်၊အသင့်စားခေါက်ဆွဲ/ ကြာဆံထုပ် များ)၊အဖြူရောင်ကြက်ဥထဲတွင် biotin ဓာတ်ပါရှိသဖြင့် အပူပေးမပြုပြင်ဘဲ ကြက်ဥ အဖြူကို အစိမ်းသောက်ပါက ဆံပင်ထိပ် ပြောင်စေသည်။
ဖော်ပြပါအတိုင်း ဆောင်ရန်/ ရှောင် ရန်နည်းများကိုလေ့လာပြီး ဆံပင်ကောင်း သူများ ထိပ်ပြောင်မဖြစ်အောင် ကြိုတင် ကာကွယ်ထားကြပါစေကြောင်းနှင့် ဦးခေါင်းထိပ်ပြောင်သူများ/ဆံပင်ကျွတ် သူများ ချမ်းသာသုခရကြပါစေကြောင်း ရေးသားလိုက်ရပါသည်။