images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
လွှတ်တော်ကိုယ်စားလှယ်၏ထပ်ဆင့်မေးခွန်းသည် ပုဂ္ဂိုလ်ရေးထင်မြင်ချက်ဖြစ်သည့်အတွက် အဖြေပေးစရာမရှိဟုပြန်လည်ပြောကြား
တင်တင်အေး Tuesday, 22 May 2018
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦး၏ ထပ်ဆင့်မေးမြန်း သောမေးခွန်းမှာ ပုဂ္ဂိုလ်ရေးထင် မြင်ချက်သာဖြစ်သည့်အတွက် ၄င်း အနေဖြင့် အဖြေပေးစရာမရှိ ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ယမန်နေ့က ပြောကြားသည်။
ယမန်နေ့နံနက်ပိုင်းက နေပြည် တော်တွင်ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီ အစဉ်တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၏ ပျော်ဘွယ်မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအမည်စာရင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြန် လည်ပေးပို့လာသည့် အမည် စာရင်းတွင် အဖွဲ့ဝင်နှစ်ဦးအမည် စာရင်းလွဲမှားနေသဖြင့် ပြန်လည် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြန် လည်ဖြေကြားခဲ့သည်။
ထိုသို့ ဖြေကြားခဲ့သည့်အပေါ် တွင် မေးခွန်းရှင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ''တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီ လိုရွေးချယ်ပေးပါလို့ ပြောတယ်။လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီမံ ခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တွေ၊ မြို့မိ မြို့ဖတွေဒါတွေကအကုန်လုံးပေါင်း စည်းပြီး ညွှန်ကြားချက်နဲ့အညီ တင်ပြခဲ့တာပဲဖြစ်ပါတယ်။ဒီလို တင်ပြခဲ့တဲ့အပေါ်မှာ ခုနက ကော် မရှင်အဖွဲ့ဝင်ကြီး ပြောသွားသလို မပြင်ဆင်ရဘူးလို့ မပါတိုင်း ပြင် တော့မှာလား။ ဒီလိုသာလျှောက် လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမိန့်ညွှန်ကြားချက်တွေဟာ ဘယ်လိုလုပ် တိကျခိုင်မာတော့မှာ လဲ။ ဒါကို တစ်ချက်တင်ပြလိုပါ တယ်။ အခုလုပ်ဆောင်ချက်ကို ပြန်ကြည့်မယ်ဆိုရင် တိုင်းဒေသ ကြီးအစိုးရက ကျွန်တော်တို့ မြို့ နယ်ကို ခိုင်းတာပါ။ တိုင်းဒေသ ကြီးအစိုးရရဲ့ညွှန်ကြားချက်နဲ့ ကျွန် တော်တို့ရွေးတယ်။ ရွေးပြီးတော့ တင်ပြလိုက်တယ်။ ဒါကို လက် မခံဘဲနဲ့ အစားထိုးနှစ်ယောက် ထည့်လိုက်တယ်ဆိုတော့ ဒါဟာ ဥပဒေကို လှည့်စားလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ တရားမဲ့ ပြုကျင့်တဲ့သဘောလည်း သက် ရောက်တယ်လို့ ယူဆနိုင်ပါတယ်။တကယ်တော့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၂ အရ မြို့နယ်အဆင့်အထိကို ပြည်ထောင်စုရွေးကောက်ပွဲကပဲ ဖွဲ့စည်းရမှာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝင်ရောက်ပြီး ဖွဲ့ စည်းတယ်ဆိုကတည်းက ဥပဒေနဲ့ မညီဘူးဆိုတာ ရှင်းပါတယ်။
ခုနက အဖွဲ့ဝင်ကြီးပြောသွား သလို နာမည်စာရင်းတာဝန်ထမ်း ဆောင်လိုတဲ့ သူတွေရဲ့ အဆိုပြုလွှာ တင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားတာရှိပါ တယ်။
ပထမဦးဆုံး သတ်မှတ်ချက် က ၂၁-၆-၂ဝ၁၆ ဖြစ်ပါတယ်။ ဒုတိယပြင်ဆင်တာက ၈-၈-၂ဝ၁၆ ဖြစ်ပါတယ်။ နောက်ဆုံး အဆိုပြုလွှာပိတ်ရက်မှာ အဆိုပြု တဲ့သူ ၂၁ ဦးရှိပြီးတော့ ပထမ ရွေးချယ်ခံရသူတွေပါပါတယ်။ အမည်စာရင်းပြောင်းလဲထည့်လိုက် တဲ့နှစ်ဦးအနက်မှာ ဒေါ်နှင်းနှင်းရီ ဆိုတာ မပါပါဘူး။ ဒါဟာ နောက် မှ ထပ်လျှောက်ခိုင်းပြီးတော့ထပ် ထည့်တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဒါဟာ ညွှန်ကြားချက်ကို ဖောက်ဖျက်လိုက်တာပါပဲ။ ဒါ ကြောင့် သဘောရိုးဟုတ်ပါရဲ့လား လို့ ဖြေကြားပေးစေလိုပါတယ်။ သဘောရိုးနဲ့ မှားတာဆိုရင်တော့ ပြင်ဆင်ပေးဖို့ဖြစ်ပါတယ်။သဘော ရိုးနဲ့မဟုတ်ဘူးဆိုရင်တော့ ဂုဏ် သိက္ခာအရ ဥပဒေအတိုင်း ဆက် လက်ဆောင်ရွက်သင့်ပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း တင်ပြအပ်ပါတယ်''ဟု ထပ်မံ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထပ်ဆင့်မေးခွန်းအပေါ် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်က ''ဒါက ပုဂ္ဂိုလ်ရေး ထင်မြင်ချက် တွေဖြစ်တဲ့အတွက် အဲဒီထင်မြင် ချက်တွေအပေါ်မှာတော့ ကျွန်တော် လည်း အဖြေပေးစရာအကြောင်း မရှိပါဘူး''ဟု ထပ်မံဖြေကြား ခဲ့သည်။