images
UN
UN
စားဝတ်နေရေးပြည့်စုံမှုဆိုတာ လူသားတို့ရဲ့မျှော်လင့်ချက်ပါ
မန္တလေးသတင်းအဖွဲ့ Wednesday, 23 May 2018
ဦးစိုးမြင့်
ကန်မြင့်ကျေးရွာ
-------------------
ကျွန်တော့်အနေနဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက် ရခြင်းနှင့်ပတ်သက်၍ အနည်းငယ်တင်ပြ လိုပါတယ်။ ပါတီဝင်ဖြစ်ရခြင်းနှင့်ပတ် သက်၍ ရိုးသားပွင့်လင်းစွာ ပြောရမည် ဆိုလျှင် ကျွန်တော့်အနေနဲ့ ပါတီနိုင်ငံရေး ကို အရင်က လုံးဝစိတ်မဝင်စားခဲ့ပါဘူး။ ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရဟိတစိတ်အရင်းခံပြီး ဆောင်ရွက်ဖို့ပဲ လိုတယ်လို့ ခံယူထားသူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလ ဒီမိုကရေစီ အစိုးရလက်ထက်က ဆောင်ရွက်မှု၊ တိုး တက်မှုတွေကို သိရှိခဲ့ပေမယ့် သူ့အလုပ် သူလုပ်တယ်ပဲ သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ နှိုင်းယှဉ်စရာ တွေရှိလာခဲ့ပါပြီ။ လူသားရယ်လို့ ဖြစ်လာ ရင် စားဝတ်နေရေးပြည့်စုံမှုရှိဖို့ဆိုတာ လူသားတို့ရဲ့မျှော်လင့်ချက်ပါ။ သို့သော် ဒါ့ထက် အရေးကြီးတာကတော့ အသက် ရှင်သန်ရပ်တည်ရေးပါ။ အသက်မရှိတော့ တဲ့ လူတစ်ယောက်အတွက် စားဝတ် နေရေး ပြည့်စုံမှုဆိုတာ အလဟဿ၊ အချည်းနှီးပါပဲ။ အလားတူပါပဲ နိုင်ငံ တစ်နိုင်ငံမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အခြားနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ရေး ဟာ အရေးကြီးပါတယ်။ ဒါတွေထက် နိုင်ငံတော်ရဲ့ အသက်ဝိÓဉ်လို့ပြောရမယ့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟာ ပိုအရေးကြီးပါတယ်။ အချုပ်အခြာ အာဏာ ပြည့်ပြည့်ဝဝမရှိဘဲ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းနိုင်တော့မယ်လို့ ပြောရင် တော့ ယုံကြည်စရာမရှိနိုင်ပါဘူး။ ဒါ ကြောင့် တို့တာဝန်အရေးသုံးပါးကို ဦး ထိပ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို လေးစား အားကိုးမိခြင်းဟာ ပါတီဝင်ရောက်ရ ခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ချက် ပါ။
နောက်အချက်တစ်ချက်ကတော့ အမျိုး ဘာသာနဲ့ပတ်သက်လို့ အမျိုးသားနိုင်ငံ ရေးဆောင်ရွက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုသာ ယုံကြည်မိလို့ပါ။ ဒါ့အပြင် အစိုးရ ကောင်းတစ်ရပ်ရဖို့ ပြည်သူများရဲ့ ရွေး ချယ်ခြင်းမှန်ကန်ဖို့ လိုပါတယ်။ ကျွန် တော်တို့မြို့လေးဟာ ပြီးခဲ့တဲ့ကာလ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၅ ရွေး ကောက်ပွဲများမှာ ပြည်ခိုင်ဖြိုးပါတီကိုသာ ရွေးချယ်ခဲ့ပါတယ်။ ကိုယ့်ရဲ့မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ်ဆောင် ရွက်ပေးနိုင်မယ့်သူများ ရွေးချယ်ကြရာမှာ ပြည်သူအများစုရဲ့ရွေးချယ်မှု မှန်ကန်ခဲ့ ပါတယ်။ ဒီအကျိုးကျေးဇူးကြောင့် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌလို ပုဂ္ဂိုလ်မျိုးကို ဒေသအတွက်ရရှိခဲ့ ပါတယ်။ အလားတူ အရည်အချင်းရှိတဲ့ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကောင်းများကို ရွေးချယ်နိုင်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ရပ်ရွာဖွံ့ဖြိုးရေးဆောင် ရွက်လိုမှုဆိုတဲ့ ရှိရင်းစွဲပရဟိတစိတ်ဓာတ် လေးအပေါ်မှာ အမျိုးသားနိုင်ငံရေးဆောင် ရွက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေး စိတ်ဓာတ်သာ ထပ်လောင်းအားဖြည့် လိုက်မယ်ဆိုရင် အောင်မြင်မှုရရှိမှာ မြေ ကြီးလက်ခတ်မလွဲပါဘူးလို့ ယုံကြည်မိ ပါတယ်။ ကျွန်တော့်အနေနဲ့ ပါတီက ဆောင်ရွက်နေတဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူအပေါ်ထားရှိတဲ့ ပါတီရဲ့ စေတနာကို အားလုံးသိရှိနိုင်အောင် ကျွန် တော် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ စည်း ရုံးဆောင်ရွက်သွားမည်ဖြစ်ပါတယ်။




မအိဝေလှိုင်
ကန်မြင့်ကျေးရွာ
--------------------
ကျွန်မအနေနဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ရ ခြင်းနှင့်ပတ်သက်ပြီး အနည်းငယ်တင်ပြ လိုပါတယ်ရှင်။
ကျွန်မအနေနဲ့ နိုင်ငံရေးကို သေသေ ချာချာနားမလည်ပါဘူး။ ဒါပေမဲ့ ငယ်စဉ် ကတည်းက စာဖတ်တဲ့အလေ့အကျင့် တော့ရှိခဲ့ပါတယ်။ ဒါကြောင့် လူသား တိုင်း နေ့စဉ်ပြုလုပ်နေကြတဲ့ စီးပွားရေး ရောင်းဝယ်ဖောက်ကားရေး အစရှိတဲ့ အရေးအရာကိစ္စအားလုံးဟာ နိုင်ငံရေး ဖြစ်တယ်လို့ လေ့လာဖတ်ရှုရပါတယ်။ သတင်းဂျာနယ်များထဲတွင် ယခင်အစိုးရ ငါးနှစ်တာဆောင်ရွက်ချက်များနဲ့ ယခု အစိုးရ နှစ်နှစ်ကျော်ဆောင်ရွက်ချက်များ အား နှိုင်းယှဉ်သုံးသပ်မိပါတယ်။ နိုင်ငံ တစ်နိုင်ငံတွင် အမှန်တကယ်ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် နိုင်ငံခေါင်းဆောင်များဟာ အရည်အချင်းရှိရမှာဖြစ်သလို၊ စီမံခန့်ခွဲမှု လည်း ကောင်းဖို့လိုတယ်လို့ ကျွန်မအနေ နဲ့ ထင်မိပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ဆိုရင်လည်း ပြည်သူများအားကိုးလောက် တဲ့ အရည်အချင်း၊ စီမံခန့်ခွဲမှုအတွေ့ အကြုံကောင်းများ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်မိတဲ့အတွက် ဒီပါတီသို့ ဝင်ရောက် ရခြင်းဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ဒီပါတီသို့ ဝင်ရောက် လိုတဲ့ နောက်ထပ်အချက်တစ်ခုကတော့ လွန်ခဲ့တဲ့လက ထနောင်းကုန်းကျေးရွာ ကို အလည်အပတ်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်နေတဲ့ ပန်းအလှပြင်သင်တန်းကို အလွန်စိတ်ဝင် စားမိပါတယ်။ ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီ ၏ ပါတီပိုင်သတင်းစာနှင့်ဂျာနယ်များကို ကျွန်မတို့ကျေးရွာ ပါတီဥက္ကဋ္ဌရဲ့နေအိမ် မှာ အမြဲတမ်းသွားရောက်ဖတ်ရှုခဲ့ရာမှ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူများ၏ လို အပ်ချက်များကိုရှေ့တန်းမှ မားမားမတ် မတ်ပါဝင်ဆောင်ရွက်ပေးတဲ့အဖွဲ့အစည်း ဖြစ်ခြင်း၊ မျိုးဆက်သစ်ပါတီဝင် လူငယ် များတက်ကြွစွာ ပါဝင်လှုပ်ရှားမှုများကို တွေ့မြင်ဖတ်ရှုရပြီး ကျွန်မကိုယ်တိုင်ပါ ဝင်ဆောင်ရွက်လိုစိတ်များ ထက်သန်စွာ ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

မဇင်ဇင်နှင်း
ရုံးကုန်းကျေးရွာ
-------------------
ဒီကနေ့ ကျွန်မတို့ ပြည်ခိုင်ဖြိုးပါတီ သို့ ဝင်ရောက်လာရခြင်းအကြောင်း အရင်းကတော့ ပြည်ခိုင်ဖြိုးပါတီဟာ ၂ဝ၁ဝ မှ ၂ဝ၁၅ ခုနှစ်အတွင်း တိုင်း ပြည်ကို တာဝန်ယူအုပ်ချုပ်စဉ်ကာလမှာ နိုင်ငံနှင့်လူမျိုးအတွက် အဘက်ဘက်မှ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ခဲ့သဖြင့် 'မြန်မာကို ကမ္ဘာကပင်' မော် ကြည့်ခဲ့ရပါတယ်ရှင်။
ယနေ့ ဒီမိုကရေစီအစိုးရလက်ထက် မှာတော့ တိုင်းပြည်ရဲ့အခြေအနေဟာ ရင်လေးစရာ အရူးမီးဝိုင်းခံနေရသလို ဖြစ်နေပါပြီရှင်။ တရားဥပဒေစိုးမိုးမှုမရှိ၊ 'ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်' ဆိုသလို၊ 'ငါ့လှေငါထိုး၊ ပဲခူးရောက် ရောက်'ဆိုသလို၊ 'ငါ့နန်းငါထိုင်၊ မခိုင် ကျိုးဟ'ဆိုတာမျိုး၊ 'ဆင်ကန်းတောတိုး' လုပ်နေကြတဲ့အတွက် ပြည်သူလူထုမှာ တော့ 'ဆူးကြားကသီးတဲ့၊ ဘူးခါးသီး' လို 'ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင် ကြီးကျားထက်ဆိုး'ဆိုသလိုမျိုး ကြုံတွေ့ နေရပါပြီရှင့်။
တကယ်တော့လည်း ကျွန်မတို့ပြည် သူတွေဟာ 'ပြောင်းလဲချိန်တန်ပြီ'ဆိုတဲ့ စကားလေးကို နားဝမှာပျားသကာလို ထင်ပြီး အများတကာ တစ်ခဲနက်ပုံအော မဲပေးလိုက်တော့ 'ကိုယ့်အတတ်နဲ့ ကိုယ် စူး'၊ 'ကိုယ့်ရှူး၊ ကိုယ်ပတ်'၊ 'ကိုယ်ဖော် တဲ့ဆေး၊ ကိုယ်စားရပြီ'ပေါ့ရှင်။ ဒါ ကြောင့်လည်း ရှေးပညာရှိတွေက 'သတိ တမံ၊ ဥာဏ်မြေကတုတ်၊ ပညာစွမ်း၊ ချွန်းနဲ့အုပ်'လို့ ဆုံးမခဲ့တာပေါ့ရှင်။ ဒီနေ့ အချိန်မှာတော့ ကျွန်မတို့တစ်တွေဟာ တိုင်းပြည်ရဲ့နောင်ရေး အရှည်မျှော်တွေး ပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာကို အထူးကာကွယ်စောင့်ရှောက်တဲ့ ပြည်ခိုင် ဖြိုးပါတီကို ဝင်ရောက်ရခြင်းပဲ ဖြစ်ပါ တယ်ရှင်။