images
UN
UN
အကြံသမားခွင်ရိုက်စားနဲ့ လှည့်ဖြားသူတွေရဲ့ဘေးမှ ကင်းဝေးကြပါစေ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Wednesday, 23 May 2018
''သူငယ်ချင်းရေ ဒီခေတ်ကြီးမှာ ဒီလိုဖြစ်ရပ်မျိုးတွေက ရှိနေသေးသလား ဆိုရင် ရှိနေသေးတယ်လို့ ဖြေရတော့ မယ်ကွ။ ရှက်ဖို့လည်း ကောင်းပါ့ကွာ''
''မင်းကလည်း စကားအဆက် အစပ်မရှိဘဲ ဘာတွေလာပြောနေတာလဲ ကွ။ ဘာတွေရှက်ဖို့ကောင်းနေတာလဲ။ မင်းစကားကို မင်းတစ်ယောက်ပဲ နား လည်မယ်။ ငါတော့ နားမလည်ဘူး။ တခြားသူတွေလည်း နားလည်ကြမှာ မဟုတ်ဘူး''
''ငါက ပြောချင်ဇောကြီးသွားလို့ ပါကွာ။ ငါ့အဒေါ် ပါသွားတာကို ပြောပြ မလို့ပါ''
''နေစမ်းပါဦး မင်းအဒေါ်ပါသွား တာကို ပြောပြမလို့ဟုတ်လား။ ရှက်ဖို့ လည်း ကောင်းတယ်ဆိုတော့ ဘာလဲ မင်းအဒေါ်ဆိုကတည်းက မင်းထက် အသက်တော်တော်ကြီးရမယ်။ အသက် ကြီးမှ ဝက်သက်ပေါက်သလို ဒီအရွယ် ကြီးရောက်မှ လင်နောက်လိုက်သွားလို့၊ မင်းတို့တွေ ရှက်နေကြတာလား။ ရှက် မယ်ဆိုရင်လည်း ရှက်သင့်ပါတယ်ကွယ်။ ဝါတွင်းကြီးမှာ အသက်ကိုမှ မထောက် ဘဲ ခိုးရာနောက် ပါသွားရတယ်လို့ကွာ''
''ဟာကွာ ဒီကောင်တော့၊ စကားကို ဆုံးအောင် နားမထောင်ဘဲ လုပ်ချလိုက် ပြန်ပြီ။ ဒီတစ်ခါမှားတာက ငါမဟုတ် ဘူးကွ။ မင်း မှားနေတာ''
''ဘာ ငါမှားတယ် ဟုတ်လား။ ငါ ဘာမှားလို့လဲ''
''မင်းက ငါ့စကားကိုဆုံးအောင် နားမထောင်ဘဲ ငါ့စကားနွားရ မင်းထင် တာတွေ စွတ်ပြောနေတော့ မှားပြီပေါ့ ကွ။ ငါ့အဒေါ်ပါသွားပြီဆိုတာက ငါ့ အဒေါ်အလိမ်အညာခံရလို့ ရွှေတွေပါသွား ပြီလို့ ပြောချင်တာကွ''
''သြော် ဒီလိုလား။ ကဲ ပြောပြစမ်း ပါဦး၊ ဘယ်လို အလိမ်အညာခံလိုက် ရတာလဲ''
''ဒီလိုကွာ။ ငါ့အဒေါ်က စိန်ရွှေပွဲ စားလုပ်နေတာကြာပြီကွ။ မှန်ကန် သစ္စာရှိလို့ လူချစ်လူခင်လည်းများ၊ ဖောက်သည်လည်း များတယ်ကွ။ ဒါကြောင့် သူ့လုပ်ငန်းဝင်ငွေကလည်း ကောင်းနေတယ်။ သူကလည်း ဆက်ဆံ ရေးကောင်းတော့ အပေါင်းအသင်းက လည်း စုံတယ်ကွာ။ တစ်နေ့မှာတော့ လက်ဖက်ရည်ဆိုင်မှာ နယ်ကကုန်သည် တစ်ယောက်က ပစ္စည်းကြိုက်ရင် ကြိုက် ဈေးပေးဝယ်ချင်တယ်ဆိုလို့ ငါ့အဒေါ်က သူ့စလင်းဘက်အိတ်ကြီးထဲက ပိုက်ဆံ အိတ်အကြီးတစ်လုံးကိုထုတ်။ အဲဒီ ပိုက်ဆံအိတ်ထဲက စိန်တွေကို ထုတ်ပြ တယ်တဲ့။ ကုန်သည်ကလည်း စိန်တစ် ပွင့်ချင်းကို အသေးစိတ်လေ့လာပြီး ရွေး ချယ်နေတယ်တဲ့။ အဒေါ်ကလည်း လက် ဖက်ရည်သောက်ရင်း ကုန်သည်က စိန် တွေကို ရွေးနေတာကို စိတ်ရှည်လက်ရှည် စောင့်နေတယ်တဲ့။ ခဏကြာတော့ ငါ့ အဒေါ်ဟာ မူးနောက်နောက်ဖြစ်လာလို့ သူ့စိန်တွေကို ပြန်ယူပြီး သူ့အိမ်ကို ပြန်ဖို့နေရာကအထမှာ ယိုင်လဲမလိုဖြစ် သွားလို့ ကုန်သည်က ဖမ်းထိန်းပြီး တွဲ ခေါ်ခဲ့ရတယ်တဲ့။ကုန်သည်ကပဲ ကားငှား ပြီး အဒေါ်ရဲ့အိမ်အထိ လိုက်ပို့ခဲ့တယ်တဲ့။ လိုက်ပို့တာက အိမ်ထဲအထိ လိုက်ပို့တာ မဟုတ်ဘဲ အိမ်ခြံဝအထိပဲ လိုက်ပို့ပြီး အငှားကားနဲ့ ပြန်ထွက်သွားတာတဲ့။ အဒေါ်အိမ်ပေါ်ကို ဘယ်လိုပြန်ရောက် သွားမှန်းမသိဘူးတဲ့။ တစ်ရေးအိပ်ပျော် သွားပြီးအိပ်ရာကနိုးတော့မှ သူ့စိန်တွေကို သတိရသွားတယ်တဲ့။ စိန်တွေထည့် ထားတဲ့အိတ်ကို ဖွင့်ကြည့်လိုက်တော့ စိန်တွေနဲ့တော်တော်တူတဲ့ စိန်အတု တွေကိုပဲတွေ့လိုက်ရတယ်တဲ့။ စုစုပေါင်း ငွေကျပ်သိန်း ၂ဝဝ ကျော်ဖိုးလောက် ပါသွားတယ်တဲ့ကွာ။ အဲဒါရှက်လွန်း လို့ဆိုပြီး တငိုငိုတမှိုင်မှိုင်ဖြစ်နေတယ် ကွာ။ရဲကိုလည်းတိုင်ရမှာရှက်တယ်တဲ့ကွ''
''ရဲကိုတိုင်ရမှာပေါ့ကွ။ အဲဒီလက် ဖက်ရည်ဆိုင်မှာသဲလွန်စရနိုင်တယ်။ ဖြစ် ပြီးမှတော့ ဖြစ်သလိုပဲ ကြံဆရမှာပေါ့။ ဒါမျိုးတွေကလည်း သတိတစ်ချက်လစ် လိုက်တာနဲ့ ခံလိုက်ရတာပဲကွ။ အမြဲတမ်း မဟုတ်ပေမယ့် ကြုံရင်ကြုံသလို အခြေ အနေပေါ်မူတည်ပြီး လုပ်စားနေကြတာပဲ ကွ။ တို့မှုခင်းဂျာနယ်တွေထဲမှာလည်း မကြာခဏ ဖော်ပြပေးနေ၊ သတိပေးနေ တာပဲကွ''
''အကြံသမား ခွင်ရိုက်စားတွေက လက်ကြောမတင်းတဲ့ လူလိမ်ညာတွေကွ။ လိမ်ညာစားသောက်ကြဖို့ ခွင်ကိုပဲ ရှာနေ ကြတာ။ လူလိမ်လူညာတွေက မိန်းက လေးတွေကို မပြောနဲ့။ ယောက်ျားလေး တွေကိုတောင် ခပ်တည်တည်နဲ့ လိမ်ညာ ညစ်ပတ်နေကြပြီကွ။ ငါ့ဦးလေးတစ် ယောက်ဟာ နယ်မှာ စားသောက်ဆိုင်ဖွင့် ထားပြီး မြို့မျက်နှာဖုံးဆိုရင် မမှားဘူး ကွ။ ရန်ကုန်နဲ့နယ်ကို အိမ်ဦးနဲ့ကြမ်းပြင် လို ကူးချည်သန်းချည်လုပ်နေသူပါကွာ။ ငါဆိုလိုတာက လူနုံလူအ မဟုတ်ဘူး။ လူရည်လည်သူလို့ဆိုချင်တာကွ''
'



'သူဟာ ရန်ကုန်ဘူတာကြီးစင်္ကြံ ပလက်ဖောင်းပေါ်ကနေအောင်ဆန်းကွင်း ဘက် လမ်းလျှောက်လာတုန်းမှာ သူ့ကို လူငယ်တစ်ယောက်က လက်ဆွဲပြီး ''ဟာ ဦးလေး ဘယ်တုန်းကလာတာ လဲ။ ဦးလေးနဲ့မမျှော်လင့်မထင်မှတ်ဘဲ တွေ့ရတာ ဝမ်းသာလိုက်တာဦးလေးရာ။ ကြုံတုန်းမှာ လက်ဖက်ရည်သောက်သွား ပါဦး''ဆိုပြီး အတင်းဆွဲခေါ်တယ်တဲ့။ ငါ့ ဦးလေးကလည်း သိသလိုလို၊ မသိသလို လိုနဲ့ ကြောင်ပြီးကြည့်နေရင်းက ''အချိန် မရလို့ပါကွာ။ နောက်ကြုံဦးမှာပေါ့''လို့ ပြောဆိုပြီး လူငယ်ရဲ့လက်ထဲက သူ့လက် ကို ဆွဲရုန်းပြီးထွက်ခဲ့တယ်တဲ့။ တည်းခို ခန်းရောက်တော့မှ သူ့လက်မှာပတ်ထား တဲ့ အဖိုးတန်နာရီဟာ မရှိတော့ဘဲ ပါသွားမှန်း သိခဲ့ရတယ်တဲ့ကွာ''
''တို့ဆေးဆိုတာများလားကွာ''
''ဘယ်က တို့ဆေးရမှာလဲကွ။ အကြောင်ရိုက်ပြီး နာရီကိုဖြုတ်သွားတဲ့ ခါးပိုက်နှိုက်ပဲပေါ့။ ဆွဲကြိုးဖြတ်တာတို့၊ ပိုက်ဆံအိတ်ခွဲတာတို့က သူတို့အတွက် ထမင်းစားရေသောက်ဆိုသလို၊လွယ်လွယ် လေးအလုပ်တွေဖြစ်နေကြပြီကွ။ အဲဒီလိုခံ ကြရတဲ့သူတွေဟာ သတိတစ်ချက်လွတ် သွားလို့ခံကြရတာပဲကွ။ သတိလစ်တာ ချင်းအတူတူ၊ မင်းအဒေါ်ခံရတာမျိုးတွေ ကလိမ်ညာရိုက်စားလုပ်နေကြသူတွေထဲ မှာ တော်တော်ယုတ်ညံ့သူတွေရဲ့ လုပ် ရပ်ပဲကွ''
''ပြီးခဲ့တဲ့နှစ်ကပဲကွာ။ မကြာသေး ပါဘူး။ မျက်နှာသိ လူငယ်တစ်ယောက် နဲ့ မိန်းမရွယ်တစ်ယောက်ဟာ စားသောက် ဆိုင်မှာတွေ့ဆုံပြီး မိန်းမရွယ်သောက်တဲ့ အအေးပုလင်းထဲကိုမူးယစ်စေတဲ့ဆေးဝါး တွေကို အလစ်မှာခိုးထည့်လိုက်တော့ မိန်းမရွယ်က မူးယစ်သွားတယ်ကွ။မနက် မိုးလင်းတော့ ဟိုတယ်အခန်းတစ်ခန်းထဲ ရောက်နေတာသိလိုက်ရတယ်။ ဒါပေမဲ့ သူ့မှာပါလာတဲ့ ရွှေတွေနဲ့ငွေတွေ ပါသွား တယ်။ လူမြင်ရင် မှတ်မိပါတယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ဖူးတယ်ကွ''
''ဒါကတော့ လူတင်ပါလို့ နွားကျား ကိုက်ခံရတဲ့ ဖြစ်ရပ်မျိုးပါကွာ။ ကျော ချမှ ဓားပြမှန်းသိလိုက်ရတာမျိုးပါ''
''အဲဒီလိုတော့ ပြောလို့မရဘူးကွ၊ ယုတ်ညံ့သူတွေက ယုတ်ညံ့ကြတာပဲ။ တို့ ဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်ကွာ။မနုဿမုဆိုးတစ်ယောက်အကြောင်းလေ။ မိန်းကလေးတွေကို မက်လုံးပေး မြှူဆွယ် တည်းခိုခန်းတွေခေါ်သွား၊ တည်းခိုခန်း ရောက်တော့ တစ်ဖက်လှည့်နဲ့ ကာမစိတ်ြ<ွကဆေးတွေကျွေးပြီးတော့မှ လူကိုပါယူ၊ ရွှေကိုပါယူကြတာကွ၊ များသောအားဖြင့် နယ်က မိန်းကလေးတွေခံကြရတာများ တယ်ကွ၊ တို့ဂျာနယ်မှာ ဖော်ပြခဲ့တုန်း က အထက်အညာဘက်ဆီက မိန်းကလေး ကွ၊ ကမာရွတ်ဘော်ဒါဆောင်တစ်ဆောင် မှာနေပြီး အလုပ်လုပ်နေတာ မနုဿမုဆိုး က အဲဒီမိန်းကလေးကို ကားပေါ်က လှမ်း မြင်ပြီး ခွင်ဆင်လိုက်တာ သူ့ထောင်ချောက် ထဲရောက်သွားရတာပေါ့ကွာ''
''ခေါ်ရာလိုက်ချင်ကြတဲ့ မိန်းကလေး တွေရဲ့အမှား ခေါ်တိုင်းလိုက်ချင်ကြတဲ့ မိန်းကလေးတွေရဲ့အမှားပဲလို့ မင်း မကြာ ခဏရေးနေတာပဲကွာ ယူတတ်ရင် သင် ခန်းစာရဖို့ကောင်းပါတယ်''
''ပညာရှိ သတိဖြစ်ခဲဆိုတဲ့ စကား တောင်ရှိသေးတာပဲကွာ''
''ပြောလက်စနဲ့ ပြောပါရစေဦး ကွာ''
''ပြောပါ၊ပြောပါ- ငါ့အတွက်တော့ မင်းဆီက မှုခင်းသုတတွေရလေ သဘော ကျလေပဲဟေ့''
''ဒီလိုကွ အဝေးပြေးကားပေါ်တွေ မှာ အဝေးပြေးရထားတွေပေါ်မှာ နုံနုံအအ ခရီးသည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ခရီးသွားလာမှု အတွေ့အကြုံမရှိသူတွေ ကို ကလိန်စေ့ငြမ်းဆင်၊ ခွင်ရိုက်စားတွေ က ရှင်းရှင်းပြောရရင်ကွာ လက်ကြော မတင်းကြတဲ့ ခိုး၊ ဆိုး၊ နှိုက်တွေ စိတ် ဓာတ်ယုတ်ညံ့သူတွေ၊ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုသူတွေက ကား ပေါ်၊ ရထားပေါ်ရောက်တာနဲ့ ကျီးကန်း မျက်လုံးလို၊ သိမ်းငှက်မျက်လုံးလို၊ သား ကောင်ကိုရှာပြီးအကဲခတ်တတ်ကြတယ် ကွ။ ဒီသားကောင်ဟာ ပူးကပ်နူးနှပ်ပြီးမှ ရမယ့်သားကောင်လား၊လျှပ်တပြက်လှုပ်ရှား ရုံနဲ့ရမယ့်သားကောင်လားဆိုတာ ခွဲခြား ပြီးသိလိုက်တာနဲ့ လှုပ်ရှားကြတာပဲကွ''
''အကြံကြီးသူ၊ အချီကြီးပွပေါက်ကြံ သူတွေကျတော့ ဘူတာရုံနဲ့ကားဂိတ်က တည်းက လေ့လာထားပြီးသားဖြစ်နေ ကြတယ်။ ငါ့ဆီရောက်လာတဲ့ သတင်း တစ်ပုဒ်ဆိုရင် မင်းအဒေါ်လိုအမျိုးသမီး တစ်ယောက်ပေါ့ကွာ။ မန္တလေးကနေ ရန်ကုန်ကို ရထားနဲ့လာခဲ့တယ်။ မျက်နှာ ချင်းဆိုင်ထိုင်ခုံကလူရွယ်တစ်ယောက်နဲ့ အဖွဲ့ကျပြီး သူကဓာတ်ဘူးထဲကရေနွေး နဲ့ အရီးတောင်းလက်ဖက်သုပ်ကျွေးသလို၊ လူရွယ်ကလည်း သူကို အအေးပြန်တိုက် တယ်ကွ။ အဲဒီအမျိုးသမီးဟာ အအေး သောက်ပြီးအိပ်ပျော်သွားလိုက်တာ ရန် ကုန်ဘူတာကြီးရောက်လို့ အလုပ်သမား တွေတက်လာပြီး နှိုးမှသတိရလာတယ် တဲ့။ ဒါပေမဲ့သူ့ပစ္စည်းတွေဘာမှမကျန် တော့ဘူးတဲ့''
''မင်းစဉ်စားကြည့်လေ၊ အအေး ထဲမှာ မူးယစ်ထုံထိုင်းမေ့မြောစေတဲ့တစ် ခုခုထည့်လိုက်တာ ခံလိုက်ရလို့ ဒီအခြေ အနေထိဖြစ်သွားတာပေါ့ကွာ။ သူမသေ တာကံကောင်းတယ်ဟေ့''
''ငါ့အဒေါ် ခံလိုက်ရသလို နေမှာ ပေါ့ကွာ''
''ဒါပေါ့ကွာ လူယုတ်မာတွေရဲ့လှည့် ကွက်နဲ့ ရိုက်ချက်ကိုမခံရအောင် ခရီး ဝေးသွားသူတိုင်းဟာ ကိုယ်နဲ့လုံးဝမသိ၊ မရင်းနှီးတဲ့သူတွေကျွေးတာတိုက်တာ တွေကို လုံးဝမစားသင့်ဘူး။ မသောက် သင့်ဘူးကွ။ ဒါကြောင့်တချို့အဝေးပြေး ကားတွေမှာ ခရီးသည်တွေသတိပြုကြ ပါလို့ဆိုပြီး သတိပေးစာတန်းလေးတွေ ရေးထားကြတယ်ကွ။ စောစောက ငါ ပြောသလိုပဲ၊ ခါးပိုက်နှိုက်ကိုသတိထား ကြပါ။ ကိုယ့်ပစ္စည်းကို ကိုယ်ဂရုစိုက် ကြပါ။ ကိုယ်နဲ့မသိတဲ့သူဆီက ကျွေးတာ တိုက်တာကိုမစားကြပါနဲ့။ မသောက်ကြ နဲ့လို့စာရေးသတိပေးထားကြတယ်ကွာ''
''အဲဒီလိုလူယုတ်မာတွေကို ဖမ်းမိ ရင် ပြစ်မှုဆိုင်ရာဥပဒေအရ ဘယ်လို အရေးယူသလဲကွ''
''အရေးယူတာရှိတာပေါ့ကွာ။ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၈မှာ ဘယ်လို ပြဋ္ဌာန်းထားသလဲဆိုရင်
''မည်သူမဆို တစ်ဦးတစ်ယောက် သောသူအား နာကျင်စေရန်ကြံရွယ်ချက် နှင့်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရန်ကြံရွယ်ချက် နှင့်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ခြင်းကို လွယ် ကူစေရန်ကြံရွယ်ချက်နှင့်ဖြစ်စေ၊ နာကျင် စေတန်ရာကိုသိလျက်နှင့်ဖြစ်စေ၊ အဆိပ် ကိုသော်လည်းကောင်း၊ ထိုင်းမှိုင်းစေ သော သို့တည်းမဟုတ် မူးယစ်စေသော သို့မတည်းမဟုတ် မကျန်းမာစေသော ဆေးဖက်ဝင်ဝတ္ထုကိုသော်လည်းကောင်း၊ မကျန်းမာစေသော အခြားအရာဝတ္ထု တစ်ခုခုကိုသော်လည်းကောင်း၊ သင့်စေ လျှင်ဆယ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်းချမှတ် နိုင်သည်လို့ပြဋ္ဌာန်းထားတယ်ကွ''
''ဟာ...သိပ်ကောင်းတဲ့ ပြဋ္ဌာန်း ချက်ပဲကွာ၊ကျယ်လည်းကျယ်ပြန့်တယ်ကွ''
''ဒါပေါ့ကွာ၊ လူယုတ်မာတွေရဲ့ အန္တရာယ်ဘေးက ကာကွယ်ဖို့၊ ပြဋ္ဌာန်း ထားတာကွ၊ တရားခံကိုမိရင်၊ အာမခံ တောင်မပေးနိုင်ဘူးကွ''
''သမီးရည်းစားတွေ ချိန်းတွေ့ပြီး ယောက်ျားလေးလုပ်သူက မသမာတဲ့ နည်းနဲ့(ဥပမာ)ပြောရရင်ကွာ အအေးထဲ၊ ကော်ဖီထဲမှာ မူးယစ်ဆေးတစ်ခုခုထည့် တိုက်ပြီး၊ သတိလစ်သွားတဲ့အခါ သူလို ချင်တဲ့ဆန္ဒကို အပြည့်အဝယူခဲ့ရင်ရော၊ ဒီပုဒ်မနဲ့မငြိနိုင်ဘူးလားကွာ''
''ဒါကတော့၊ ကာယကံရှင်ရဲ့အပေါ် မှာ မူတည်တယ်ကွ။ ကာယကံရှင်မိန်း ကလေးက မကျေနပ်ရင်တော့ ဒီပုဒ်မနဲ့ အရေးမယူဘဲ၊ အဓမ္မမှု ပုဒ်မ ၃၇၆နဲ့ အရေးယူမှာပေါ့ကွာ။ ကိုယ့်မိန်းမကို တောင် မိန်းမသဘောမတူဘဲ အဓမ္မကြံ ရင် မုဒိမ်းမှုမြောက်သေးတာပဲကွာ''
''ရှင်းရှင်းလေးပါ သူငယ်ချင်းရာ၊ တောရွာတွေမှာ ထန်းရည်ထဲမှာ ပြစ်မှု မကင်းတဲ့ဆေးဝါးတွေ၊ အရာဝတ္ထုတွေ ရောပြီးတိုက်၊ အိပ်မောကျနေတုန်းမှာ တစ်အိမ်လုံးကို ဝင်ခိုးတာတွေ၊ အရှက် တကွဲအကျိုးနည်းအောင် လုပ်တာတွေ ဟာ ဒီပုဒ်မနဲ့ငြိတယ်ကွ။ တစ်ခုခက်တာ က အဲဒီလိုလူယုတ်မာတွေကို ဖမ်းဆီးရ မိရေးကျတော့ ခိုး၊ ဆိုး၊ နှိုက်၊ လုယက် သမားတွေထက် ခက်ခဲတယ်ကွ။ တာဝန် သိပြည်သူတွေ၊ ဓာတ်သိသူတွေက စာနာ စိတ်နဲ့ကူညီသတင်းပေးကြမှသာ သူတို့ ကို ဖမ်းဆီးရမိဖို့ လွယ်ကူမယ် သူငယ် ချင်းရ''
''လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ် မြောက်လာကြသူတွေထဲမှာ ခိုး၊ ဆိုး၊ နှိုက်၊ ဒုစရိုက်သမားတွေက တစ်ထောင် ကျော်တောင်ပါလာပြီး၊ လွတ်လာတာ ရက်ပိုင်းအတွင်းမှာ ဒုစရိုက်မှုတွေကို ဆက်လက် ကျူးလွန်နေကြတာကိုတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေဖို့ မသင့်ပါ ဘူးကွာ''
''စီမံချက်ချမှတ်ပြီး၊ ဆောင်ရွက်နေ ကြတာပဲကွ။ စောင့်ကြည့်ပါဦးကွာ''
''စောင့်ကြည့်နေ