images
UN
UN
အဂတိလိုက်စားမှုကိုအင်နဲ့အားနဲ့တိုက်ဖျက်နိုင်မည့်အနေအထား အထိမျှော်လင့်ဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား
ကိုကိုလွင် Wednesday, 23 May 2018
ယခု စတုတ္ထအကြိမ်ပြင်ဆင် ခဲ့သည့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေတွင် ယခင်မပြင် ဆင်က ဥပဒေထက် ပိုမိုထိရောက် သည့်ဥပဒေဖြစ်ကြောင်းနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး၌ထိရောက် စွာ အင်နဲ့အားနဲ့လုပ်ဆောင်သွား နိုင်မည့်ဥပဒေဖြစ်ကြောင်းအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြော သည်။
ယနေ့ ပြုလုပ်သည့်အမျိုးသား လွှတ်တော်အစည်းအဝေး၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ အားလွှတ်တော်က အတည်ပြုခဲ့ သည့်အပေါ် ယခင်အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ယခု ပြင်ဆင်ပြီးသည့် ဥပဒေနှစ်ရပ်တို့ အပေါ်သုံးသပ်ပေးရန် သတင်းမီဒီ ယာတို့၏ မေးမြန်းခဲ့မှုအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က ပြန် လည်ဖြေကြားခဲ့ရာတွင် အထက် ပါအတိုင်းပြောကြားခဲ့သည်။
''အရင်ဥပဒေနဲ့ အခုဥပဒေ အများကြီးကွာခြားပါတယ်။ အရင် ဥပဒေမှာက အများကြီးဟာကွက် ကလေးတွေ၊ ပျော့ကွက်ကလေး တွေရှိတာပေါ့နော်။ အခုဥပဒေမှာ ကတော့ တော်တော်လေးဟာကွက် ပျော့ကွက်နည်းသွားပြီလို့ကျွန်တော် ယူဆပါတယ်။ ၃၆ချက်တောင် ပြင်ပေးတာကြောင့် လုံလောက်တဲ့ အနေအထားရှိပါတယ်။ ရှေ့ကို ကျွန်တော်တို့ ဆက်လုပ်သွားမယ် ဆိုရင် အဂတိတိုက်ဖျက်ရေးကို အင်နဲ့အားနဲ့ လုပ်သွားလို့ ရမယ့် အနေအထားဖြစ်တယ်လို့ ပြောချင် ပါတယ်။အခုပြုပြင်လိုက်တာအရင် ဥပဒေထက် အများကြီး ထိရောက် ပါတယ်။ အဂတိလိုက်စားမှုကို တော့ တကယ်တမ်းထိထိရောက် ရောက်ကိုင်တွယ်သွားနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်''ဟု ကော် မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
''အဓိက ကတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကစတာပဲ။ အဲဒီမှာကို က အဂတိလိုက်စားမှု တိုက်ဖျက် ရေးဆိုတာ ဘာလဲဆိုတဲ့ကိစ္စမှာ ဟိုတစ်ချိန်တုန်းကတော့ ပေးတယ် ယူတာ။ အဲဒါမျိုးကိုပဲ အဓိကထား တယ်။
ပေးတာယူတာကိုတွေ့မှ၊ မြင်မှ၊အထောက်အထားရှိမှ အရေး ယူလို့ရတယ် ဆိုတဲ့အနေအထား ပေါ့။ အဲဒါအစား ပေးတာယူတာ လည်း အဂတိလိုက်စားမှုနဲ့သက် ဆိုင်တော့။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေလုပ်ထုံးလုပ်နည်းနဲ့ မညီဘဲနဲ့ဆုံးရှုံးတာတွေရှိရင်လည်း အဂတိလိုက်စားမှုနဲ့ ငြိစွန်းနိုင်တယ် ဆိုတဲ့အနေအထားဖြစ်တော့ အများ ကြီးကျယ်ပြန့်သွားမယ်။ နိုင်ငံ တကာအဆင့်နဲ့လည်း မီသွားမယ် ပေါ့နော်။ ဒါကတစ်ချက်၊ နောက် တစ်ချက်က ဟိုတုန်းကတော့ ကျွန် တော်တို့မှာ အရေးယူဆောင်ရွက် နိုင်တဲ့နည်းလမ်းကသုံးချက်ပဲရှိ တယ်လေ ပုဒ်မ-၂၁မှာပေါ့။ နိုင်ငံ တော်သမ္မတကတာဝန်ပေးတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌများက တာဝန် ပေးအပ်တဲ့အခါ၊ နောက်တစ်ခုက နစ်နာတဲ့သူကတိုင်ကြားတဲ့အခါ၊ ဒီ သုံးခုကလွဲလို့ ဘယ်လိုကြီး အဂတိ လိုက်စားမှုတွေရှိနေပါစေ။နဂိုတုန်း ကတော့ အရေးယူလို့ မရဘူးဆိုတဲ့ သဘောသက်ရောက်တယ်။ အခု ကျတော့ ကျော်စောသတင်းဆိုတဲ့ ကိစ္စတွေထည့်လာတယ်။ ဒီကျော် စောသတင်းဆိုတာလည်း ကျော် စောသတင်းတိုင်းကို အရေးယူတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ကျော်စော သတင်းဖြစ်လာပြီဆိုရင် ဒီကျော် စောသတင်းက ကျော်စောသတင်း အင်္ဂါရပ်နဲ့ညီသလား။ဘယ်လောက် အတိုင်းအတာအထိ မှန်ကန်နိုင် သလဲဆိုတာကို သေသေချာချာ လေ့လာပြီးမှ အဖွဲ့အစည်းနဲ့ ဆုံး ဖြတ်ရမှာဖြစ်ပါတယ်။ ပြီးမှ ကျော် စောသတင်းအဖြစ် တရားဝင်သတ် မှတ်ရမှာဖြစ်ပါတယ်။ သတ်မှတ် ပြီးတဲ့အခါကျမှအဲဒီကိစ္စကို အရေး ယူဆောင်ရွက်နိုင်တယ် ဆိုတော့ ခုနကတစ်နေရာမှာ တစ်ခုတစ်ခု ပေါ့လေ။ ပြင်ပမှာ ဖြစ်ပွားနေတာ ရှိရင်တိုင်ကြားသူမရှိလည်း အရေး ယူနိုင်တဲ့ အနေအထားဖြစ်တော့ ဒါက လက်တွေ့သဘာဝနဲ့ အများ ကြီးကိုက်ညီတဲ့ လက်တွေ့ပြင်ဆင် ချက်လို့ကျွန်တော်ပြောချင်ပါတယ်။
အမျိုးသားလွှတ်တော်မှ အဆို ပါပြင်ဆင်အတည်ပြုခဲ့သည့်ဥပဒေ အား ပြည်သူ့လွှတ်တော်သို့ ပေးပို့ ကာ ဆက်လက်ဆွေးနွေးမည်ဖြစ် သည်။