images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မုတီးမြို့ဟောင်းတွင်ရှေးဟောင်းအုတ်ခွက်ဘုရားအများအပြားတွေ့
Dawei Watch Wednesday, 23 May 2018
မုတ္ထီးမြို့ဟောင်းရှိ ရှေးဟောင်း အုတ်ခွက်ဘုရား အများအပြားတွေ့ သည့်နေရာအား ဆက်လက်တူး ဖော်ခွင့်ပြုရန် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနကို ယမန်နေ့က တင်ပြထား ကြောင်းရှေးဟောင်းသုတေသနဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။
မုတ္ထီးမြို့ဟောင်း (မုတ္တသုခ နာဂရ မြို့ဟောင်း) ယခု ရှင်မုတ္ထီး ဟုခေါ်တွင်သောကျေးရွာတွင် ရွာ သားတစ်ဦးက နေအိမ်ဆောက်လုပ် ရန် စက်ယန္တရားဖြင့် ခြံရှင်းရာ၌ ယခုလ ၂ဝရက်က ရှေးဟောင်း အုတ်ခွက် ဘုရားအဆူ ၅ဝ ထွက် ပေါ်လာခဲ့ကြောင်း အထက်ပါဌာန ထံမှ သိရသည်။
ယင်းအုတ်ခွက်ဘုရားများထွက် ပေါ်လာသည့်နေရာတွင်နောက်ထပ် ရှေးဟောင်းပစ္စည်းများ ရှိနေနိုင် သည်ဟုယူဆသဖြင့် ဆက်လက် တူးဖော်ခွင့်ပြုရန် တင်ပြထားခြင်း ဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''အခုက တွေ့ရှိချက်တွေကို စာရင်းပြုစုပြီး တင်ပြထားတယ်။ ဌာနရဲ့ လမ်းညွှန်ချက်ကတော့ တောင်းခံထားတုန်းပဲ။ တစ်ပတ် ဆယ်ရက်နေရင်တော့သိရမှာပါ''ဟု ¤င်းက ပြောသည်။
ယင်းအုတ်ခွက်ဘုရားများမှာ မည့်သည့်ခေတ်လက်ရာများ ဖြစ် နိုင်သည်ကို တတ်သိပညာရှင်များ ဖြင့်အဖြေထုတ်ယူရမည်ဖြစ်ကြောင်း ¤င်းက ပြောသည်။
ယင်းရှေးဟောင်း အုတ်ခွက် ဘုရားများကိုကိုယ်တိုင်သွားရောက် လေ့လာခဲ့သည့်ထားဝယ်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဒေါက်တာ ရီရီရွှေက ပျူခေတ်သို့မဟုတ် ပုဂံ ခေတ်(အနော်ရထာခေတ်)ဖြစ်နိုင် သည်ဟု ယူဆကြောင်းပြောသည်။
''အုတ်ခွက်ဘုရားနှစ်ခုမှာ စာ ပါတယ်။ အဲဒီစာကို ဖတ်နိုင်ရင် တော့ ဘယ်ခေတ်ကလဲဆိုတာ မှန်းလို့ရတယ်။ သေချာတာကတော့ အဲဒီလက်ရာတွေကရှေးကျတယ်'' ဟု ဒေါက်တာရီရီရွှေကပြောသည်။
ယခင်ကလည်း ရှင်မုတ္ထီးကျေး ရွာတွင် ကျေးရွာသားများ အိမ် ဆောက်၊ မြေတူးရာမှ မကြာခဏ ရှေးဟောင်းပစ္စည်းများ ရလေ့ရှိပြီး လာရောက်လှူဒါန်းထားသည့်ပစ္စည်း ငါးခုခန့်ရှိကြောင်း ရှင်မုတ္ထီးတိုက် ကျောင်းဆရာတော်ဦးဣန္ဒဝံသက မိန့်သည်။
ယခုထွက်ပေါ်လာသည့် အုတ် ခွက်ဘုရားများကိုလည်း ယင်း ကျောင်းတိုက်တွင်ပင် သိမ်းဆည်း ထားသည်။
ရှေးဟောင်းအုတ်ခွက်ဘုရား များ ထွက်ပေါ်လာသော ရှင်မုတ္ထီး ကျေးရွာသည် မြန်မာနိုင်ငံအနှံ့ အပြားမှ ဘုရားဖူးများ လာရောက် ဖူးမြော်လေ့ရှိသည့်ရှင်ကိုးရှင်ဘုရား များအနက် တစ်ဆူအပါအဝင်ဖြစ် သော ရှင်မုတ္ထီးဘုရား တည်ရှိရာ ကျေးရွာဖြစ်သည်။