images
UN
UN
ရွှေကူမြို့၌ ဒုတိယတန်း (Grade-2) သင်ရိုးသစ်သင်တန်းဆင်းပွဲကျင်းပ
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 24 May 2018
ရွှေကူမြို့နယ် ပညာရေးမှူးရုံး မှ ကြီးမှူးဖွင့်လှစ်လျက်ရှိသည့် ဒုတိယတန်း (Grade-2) သင်ရိုး သစ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်၁ဝနာရီက ရွှေကူမြို့နယ်(၂) ရပ်ကွက်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း ခရေ ဆောင်တွင် ကျင်းပရာ ရွှေကူမြို့ နယ် အုပ်ချုပ်ရေးမှူးဦးမြတ်ကျော် ကျော်ကသင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးတင်လှက ပညာရေးဝန်ကြီး ဌာနမှ ပညာသင်နှစ်အလိုက် ပညာ သင်ကြားရေးစနစ်များအားပြောင်း လဲလျက်ရှိပြီး ပညာရေးဝန်ထမ်း ဆရာဆရာမများအနေဖြင့်လည်း ပြုပြင်ပြောင်းလဲသည့် ပညာရေး စနစ်ကို လိုက်နာသင်ကြားနိုင်ရေး အရေးကြီးကြောင်းနှင့်သင်တန်းမှ ဆွေးနွေးပို့ချချက်များအပြင်ကျောင်း သား ကျောင်းသူများ နားလည် လွယ်စေမည့်သင်ထောက်ကူပစ္စည်း များအသုံးပြုသင်ကြားပြသခြင်းများ ကိုတိုးမြှင့်လုပ်ဆောင်သွားရန် လို အပ်ကြောင်းဖြင့် သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ယခုလ ၈ရက်မှ စတင်ဖွင့်လှစ်ကာ ဒုတိယ တန်း (Grade-2) သင်ရိုးသစ်တွင် ပါဝင်သည့် ဘာသာရပ်ကိုးခုကို ကလေးသူငယ်များနားလည် လွယ် ကူစေမည့် နည်းလမ်းများအသုံး ပြုသင်ကြားစေရန်ရည်ရွယ်သည့် သင်ပြနည်းများကိုတာဝန်ရှိသူများ က ယမန်နေ့အထိ ဆွေးနွေးပို့ချခဲ့ ရာ မူလတန်းသင် ဆရာဆရာမ ၄၆၇ဦး တက်ရောက်ခဲ့ကြောင်းနှင့် အလားတူ မြစ်ကြီးနားမြို့တွင် မူလတန်းသင် ဆရာ ဆရာမ ၉၉၂ ဦး၊ မန်စီမြို့တွင် ဆရာဆရာမ ၄ဝဝ၊ မိုးကောင်းမြို့နယ်တွင် ဆရာ ဆရာမ ၁ဝ၇၉ ဦးတို့ တက်ရောက် ပြီးမြောက်ခဲ့ကြောင်း သိရသည်။