images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တောင်သူများ၏လယ်ယာများရေလုံလောက်မှုရရှိရေး လက်ရိုက်ဆည်ဆောင်ရွက်နေမှုအား ပူးပေါင်းကွင်းဆင်းကြည့်ရှု
ရှောလမွန် Thursday, 24 May 2018
လယ်ယာလုပ်ငန်းများ လုပ် ကိုင်ချိန်ရောက်လာပြီဖြစ်၍ မိုင်း ဖြတ်မြို့နယ် ဝမ်မိုင်တိုးချဲ့ရပ်ကွက် အနီးရှိ တောင်သူများ၏ လယ်များ အချိန်မီရေလုံလောက်မှုရရှိရေး အတွက် လက်ရိုက်ဆည်တူးဖော် ဆောင်ရွက်နေမှုအခြေအနေကိုယမန် နေ့ နံနက် ၁ဝ နာရီခွဲက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူး ပေါင်းကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေး မှူးဦးသက်လွင်နှင့် တာဝန်ရှိဌာန ဆိုင်ရာများက ဆည်အားတူးဖော် ကူညီဆောင်ရွက်ပေးမည့် သော် တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီ အဖွဲ့နှင့် တောင်သူများအား တွေ့ဆုံ ပြီး ဆည်ကိုမိုးတွင်းကာလအတွင်း မပြိုမပျက်အောင် အခိုင်အမာဖြစ် စေရန် စနစ်တကျဆောင်ရွက်နိုင် ရေးနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆို ပါ လက်ရိုက်ဆည်မှ တောင်သူ ရှစ်ဦး၏ ဆည်ရေသောက် လယ် ယာဧက ၃ဝ ကျော်အား အကျိုး ပြုမည်ဖြစ်ပြီးသော်တာဝင်းဆောက် လုပ်ရေးကုမ္ပဏီ၏စက်ဖြင့်တာဝန်ယူ ကူညီတူးဖော်ဆောင်ရွက်ပေး၍ ဆည်ပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ဝမ်မိုင်ရပ်ကွက်မှ တောင်သူများက ဝိုင်းဝန်း၍ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။