images
UN
UN
မဟာသမယအခါတော်နေ့နှင့် စာတော်ပြန်ပွဲလယ်ထွန်ပွဲတို့ နွှဲကြအဖုံဖုံ. . . လနယုန်
မြမဉ္ဇူဝေ(ကျုံမငေး) Thursday, 24 May 2018
နယုန်လသည် မြန်မာ့ဆယ့်နှစ်လ
ရာသီခွင်တွင် တတိယမြောက်
လဖြစ်ပြီးနွေရာသီ၏နွေနှောင်း ကာလဖြစ်သောကြောင့် အပူရှိန်ကပြင်း လွန်းလှ၏။ မိုးရိပ်လည်းရှိပြန်၍ အုံ့မှိုင်း ပျပျလည်းဖြစ်နေပြန်၏။ 'နယုန်မိုးသေး မြက်သားမွေး' ဟုအဆိုရှိသောကြောင့် တစ်ခါတစ်ရံ မိုးဖွဲ မိုးကျဲရွာသည့်အတွက် မြေသားတွင်ကပ်တွယ်ညှိုးနွမ်းနေသော မြက်ခင်းများစိမ်းစိုစိုဖြစ်လာကြ၏။
'နယုန်'ဟူသောအမည်ကို မြန်မာ ဘာသာစကားအရ မိုးရွာခြင်းဟု အနက် ရှိသည်။
ပုဂံခေတ်၊ အင်းဝခေတ် ကျောက်စာ တို့၌ 'နယုန်' 'နံယုန်' 'နဗျုန်'ဟူ၍ အမည်အမျိုးမျိုး ရေးထိုးထား၏။
နယုန်လတွင်း သက်ဝင်နေသောရက် မှာ ရက်ပေါင်း ၃ဝ ရှိပြီး နာရီစက်ဝန်း ၆ဝနာရီနှင့် နေ့ညခွဲသော် နေ့ ၃၄ နာရီ ည ၂၆ နာရီရှိသောကြောင့် နေ့တာရှည်၊ ညတာတိုသော 'လ'ပင်တည်း။
ဤလအတွင်းထူးခြားစွာတွေ့ရသည် က'မဟာသမယအခါတော်နေ့''စာတော် ပြန်ပွဲအခါတော်နေ့'များဖြစ်၏။ တချို့ သော ပညာရှင်များက 'စာဆိုတော်'လ ဟုလည်း ဆိုကြ၏။ မိုးသေးမိုးဖွဲမှသည် မိုးလည်းရွာသွန်းလာပြီဖြစ်သောကြောင့် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ 'လယ်ထွန်မင်္ဂလာအခါတော်'ကို နယုန် လတွင် ကျင်းပခဲ့ကြောင်းကို မှတ်သားရ ပြန်ပါသည်။ ထို့ကြောင့် နယုန်လကို နေ့ထူးသုံးနေ့ဝန်းရံနေသည်ဟု ဆိုနိုင်ပါ သည်။ ထိုနေ့ထူးများကိုလည်း ဤသို့ မှတ်သားရပါသည်။
မဟာသမယအခါတော်နေ့
နယုန်လကို ရှေးရှေးအခါက ဘုရား ရှင်သက်တော်ထင်ရှားအခါလည်းဖြစ် သည့် အချိန်ကာလတွင် ဖြစ်စဉ်တစ်ခုကို အကြောင်းပြု၍ ငြိမ်းချမ်းရေးမှတ်တိုင် စိုက်ထူခဲ့သောလဟုလည်း သမိုင်းတွင်ခဲ့ ဖူး၏။
ထိုစဉ်အခါက အိန္ဒိယနိုင်ငံတွင် တတိယမြောက် 'သြက္ကာက'မင်း၏ ဆွေ မျိုးများဖြစ်သော 'သာကီဝင်'များနှင့် 'ကောလိယ'မျိုးနွယ်တို့သည်ကပိလဝတ် နှင့်ကောလိယမြို့တို့အလယ်တွင် စီးဆင်း နေသော 'ရောဟနီ'မြစ်ကိုပိတ်ဆို့ကာ တာတမံပြုပြီး လယ်ယာမြေအတွက် ရေ ကိုအရယူရန် ကိုယ်စီကြိုးစားရင်း လယ် ယာစိုက်ပျိုးမှုပြုရင်း နှစ်ပြည်ထောင်၏ အပြုအမူကြောင့် ရောဟနီမြစ်ရေများခန်း ခြောက်ရန်ဖြစ်ခဲ့၏။ အချိန်အခါက လည်း နွေကုန်စ မိုးမရွာသေးသောနယုန် လဖြစ်နေ၏။
နှစ်နိုင်ငံအခြေအနေကစစ်မက်အရေး အခင်းဖြစ်ရန်တာစူနေပြီဖြစ်နေပြီး ဘုရား ရှင်ကလည်း သိတော်မူခဲ့သောကြောင့် နှစ်နိုင်ငံ အခင်းဖြစ်ပွားရာနေရာသို့ြ<ွက ရောက်တော်မူလာခဲ့ပြီးရောင်ခြည်ခြောက် သွယ်ဖြန့်လျက်နေတော်မူသောအခါ နှစ် ပြည်ထောင်သည်စစ်ခင်းကြသော် ဘုရား ရှင်အားထိခိုက်မည်ကို စဉ်းစားမိကြပြီး လက်နက်များသိမ်းကာ ဘုရားရှင်ကို ဦးနှိမ်ချိုးရှိခိုးခဲ့ကြ၏။ ထိုအခါဘုရားရှင် က...
''မြေကြီးကိုအစိုးရသောမင်းတို့သည် အဖိုးမတန်သောရေကို အကြောင်းပြု၍ တန်ဖိုးမဖြတ်နိုင်သော မင်းတို့ကိုအဘယ် ကြောင့်များပျက်စီးလိုကြသနည်း''ဟူ၍ ဆုံးမတော်မူပြီး မင်းနှင့်ပြည်သူ သတိမူ နိုင်မည့် ဒေသနာတော်ကို ဤသို့ ဟော ကြားတော်မူခဲ့၏။ ယင်းတို့မှာ ဝက်ဝံနှင့် ရုက္ခစိုးတို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးနှစ်ဖက် ပျက်စီးကြပုံ 'ဖန္ဒနဇာတ်' မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော 'ယုန်' တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ရပုံ 'ဒုဒ္ဓုဘဇာတ်' (ပထဝီစုန္ဒြိယ ဇာတ်)။ အားသေးသော နှံစုတ်ငှက်မက အားကြီးသောဆင်ပြောင်ကြီးကို အနိုင်ယူ ၍ရန်သူကိုအထင်မသေးသင့်ပုံ ''လဋ္ဋက ဇာတ်''။ ညီညွတ်စဉ်အခါက ရန်သူ၏ လက်မှလွတ်မြောက်သော်လည်း စိတ်ဝမ်း ကွဲ၍အချင်းချင်း မညီညွတ်သောအခါ ငုံးငှက်များ မုဆိုး၏ပိုက်ကွန်၌ အမိခံ ရပုံ''သမ္မောဒမာနဒဇာတ်''။သက်မဲ့ဖြစ် သော သစ်ပင်များက တစုတဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်း ဝေးနိုင်ပုံ ''ရုက္ခဓမ္မဇာတ်''။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် ''အတ္တဒတ္တ''ဇာတ် တို့ကို ဥပမာပြဆောင် ဟောပြောဆုံး မတော်မူလိုက်၏။
ထိုအခါဘုရားရှင်ဟော ကြားသော ဒေသနာတော်ကို ကြားနာကြပြီးသော အခါ နှစ်ပြည်ထောင်မင်းနှင့်ပြည်သူများ ဝမ်းမြောက်ဝမ်းသာခြင်းများနှင့် ငြိမ်းချမ်း မှုများရသွားသဖြင့် စစ်မက်ဖြစ်ပွား သွေး ချောင်းစီးခြင်းမှ ကင်းဝေးခဲ့ကြ၏။ ထိုကဲ့ သို့ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သော နယုန်လတွင် ဘုရားရှင်ဟောကြား မဟာ သမယဒေသနာတော်၏ အထောက်အပံ့ အားဖြင့် နယုန်လတွင် ''မဟာသမယ'' အခါတော်နေ့ တည်ခဲ့ရ၏။
စာတော်ပြန်ပွဲအခါတော်နေ့
နယုန်လ၏ စာတော်ပြန်ပွဲတော်ကို ဒုတိယအင်းဝခေတ် သာလွန်မင်းကြီး လက်ထက် သက္ကရာဇ် ၁ဝဝဝ ပြည့်နှစ် မှစ၍ကျင်းပခဲ့ကြောင်း ရှေးစာပေများ တွင် တွေ့ရှိမှတ်သားရပါသည်။
ထိုမှတ်တမ်းအရ စာပေကျမ်းမြတ် သင်ကြားကြသော သာမဏေတို့သည် အနက်အဓိပ္ပာယ်ကိုပါ ဆိုနိုင်ကြရမှာဖြစ် ၏။ ထိုစာပြန်ပွဲအတွက် ပဉ္ဇင်း(၁ဝ၈)ပါး၊ သာမဏေခုနစ်ပါးနှင့်စာပွဲသဘင်ကို စခဲ့ ကြကြောင်း ''အင်ဂုံ'' စာတမ်းခေါ် လောကဗျူဟာကျမ်းတွင် အင်းဝမင်းများ နယုန်လစာပြန်ပွဲများ ကျင်းပမှုကို မှတ် တမ်းပြုရေးသားထားပါသည်။
မြန်မာက္ကရာဇ် ၁ဝ၉၅ ခုနှစ်တွင် ရာ ဇာဓိပတိမင်းကြီးသည် အင်းဝမြို့တော် တွင် ကျောင်းဆောက်လှူဒါန်းခဲ့ပြီး ပခန်း ကြီးမြို့ ကြေးပုရပိုက်သင် ပထမကျော် ''ရှင်Óဏဝရ''ကို တင်လှူ၍ ''ကျော် အောင်စံထား''ဟုတွင်၏ဟုလည်း သမိုင်း မှတ်တမ်းအဖြစ် မှတ်သားခဲ့ရပါသည်။
မင်းတုန်းမင်းကြီးလက်ထက် ၁၂၃၅ ခုနှစ်မှအစပြု၍ ပထမပြန်စာတော်ပြန်ပွဲ တွင် ဝိနည်းတော်သာမဟုတ် ပိဋကတ် သုံးပုံအလုံးစုံကို နှုတ်ငုံနှုတ်တက်ကျက် မှတ်ပြန်ဆိုနိုင်ရန် စီစဉ်ခဲ့၏။
သီပေါမင်းလက်ထက် ၁၂၃၇ ခုနှစ် တွင် စာတော်ပြန်ပွဲသည် တစ်ခေတ်ဆန်း လာခဲ့၏။ ပထမ စာတော်ပြန်ဥပဒေကို စာတော်ပြန်စာအုပ်အဖြစ် ပုံနှိပ်ခဲ့၏။ ဤ သို့ဖြင့် ပရိယတ္တိသာသနာတိုးတက်ပြန့် ပွားရန်နှင့် ပညာရှင်များ ထွန်းကားလာ ရန်ဟူသော ဆန္ဒဖြင့် စာတော်ပြန်ပွဲကို နယုန်လရာသီပွဲတော်အဖြစ် တခမ်းတနား ကြီးကျယ်စွာ ကျင်းပခဲ့သည်ဟုလည်း ယူဆရပါသည်။စာတော်ပြန်ပွဲသည် တိုင်း နိုင်ငံ၏ သာသနာရေး၊ နိုင်ငံရေး၊ ပညာ ရေးနှင့် အုပ်ချုပ်ရေးများတွင် လိမ္မာကျွမ်း ကျင်သောပညာရှင်များ မွေးထုတ်ပေး သည့်ပွဲဖြစ်ခဲ့ရုံသာမက ရှေးခေတ်အခါမှ အစပျိုးခဲ့သော''ပညာရှင်''ရွေးချယ်ပွဲ ဟုလည်းတင်ကျန်ခဲ့သည်မှာ ယနေ့တိုင် ဟု ဆိုနိုင်ပါသည်။
သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း စာပြန်ပွဲများ ပျောက်ကွယ်သွားခဲ့သော် လည်း ခရစ်နှစ် ၁၈၈၉ ခုနှစ် အောက် တိုဘာလမှစ၍ ပြန်လည်ပေါ်ပေါက်လာ ခဲ့ပါသည်။
ခရစ်နှစ် ၁၈၉၄ ခုနှစ်ဒီဇင်ဘာလ မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် ရှေး မင်းများကျင်းပခဲ့ကြသလို ပါဠိပထမပြန် စာမေးပွဲများ ကျင်းပခွင့်ရရှိခဲ့သည်ကို လည်း သမိုင်းမှတ်တမ်းတစ်ရပ်အဖြစ် မှတ်သားသိရှိရပါသည်။
လယ်ထွန်မင်္ဂလာအခါတော်ပွဲ
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် အခါကပင် နယုန်လတွင် လယ်ယာ လုပ်ငန်းခွင်များပြုလုပ်ခြင်း၊ ထွန်ယက် စိုက်ပျိုးခြင်းများရှိခဲ့ပုံကို မှတ်တမ်းပြုခဲ့ သော ''ဇိနတ္ထပကာသနီ''ကျမ်း၌ဖော်ပြ ထားသည်မှာ-
သိဒ္ဓတ္ထ---မင်းသားကို ဖွား မြင်တော်မူပြီး တစ်လမြောက်သော အခါ ဖခင်မင်းကြီးသည် မူးမတ် ဗိုလ်ပါအခြံအရံတို့နှင့် လယ်ထွန် မင်္ဂလာပြုခဲ့သည်''ဟု ဖော်ပြ ထားပါသည်။
မြန်မာ့ထုံးတမ်းအစဉ်အလာ မိရိုးဖလာကို ရိုသေကြသောတောင် သူဦးကြီးများက နယုန်လသို့ရောက် ပြီဆိုမှဖြင့် ပုဗ္ဗကြယ်ကိုရည်ရွယ်၍ တင်သပူဇော်ကြသော''ပုန်းမကြည် ပွဲ''သည်လည်း လယ်ယာမြေ၏ မဖြစ်မနေရှိနေသော လယ်မြေ အတွက်ပြုလုပ်မြဲပွဲပါတည်း။
နယုန်လနှင့် ဝါခေါင်လသည် လယ်ယာမြေအတွင်း ပျိုးကြဲ၊ ကောက်စိုက်နှင့်တောင်သူတို့ ဝမ်းစာ စပါးထွက်တိုးပွားအောင် အားသွန် ခွန်စိုက် စိုက်ပျိုးကြသော လများ အဖြစ် မိုးဦးအစ စပါးပင်ပျိုကို ရေစိုစိုမြေသားအတွင်းစိုက်ပျိုးခြင်း ကို စနိုင်ရန်ပြင်ဆင်ကြသည့်အခါ ပင်ဖြစ်၏။
နယုန်လ၏ ရာသီပန်းမှာ စံပယ်ပန်းနှင့် မြတ်လေး(မုလေး) ပန်းတို့ဖြစ်ပြီး မွှေးရနံ့သင်းပျံ့မှုကို အကြောင်းပြုပြီး မဟာအတုလမင်း ကြီးက-
''ဗိုလ်ခြံတဲ့ရွှေလယ်မှာ ငွေ စံပယ်ဖြူ မုလေးကမွေးလှတယ် လေး''ဆိုသော အရေးဖြင့်စပ်ဆို ကာ ရာသီပန်းအတွက် ဂုဏ်ဆင့် ပေးခဲ့သည်ကိုလည်း မှတ်သားရ ဖူးပါသည်။
နွေနှောင်းကာလ နယုန်လ သည်---အပူရှိန်လည်းပြင်းလွန်းပါ သည်။ လူကြီးသူမများက ''ကဆုန် နယုန် ဆွေ့ဆွေ့ခုန် ပူပြင်းချက်က ပြောမကုန်''ဆိုသော အညည်း အတွားနှင့် နယုန်ကို ကုန်စေချင် နေကြသည်ကိုလည်း ကြုံခဲ့ဖူးပါ သည်။ နယုန်လလယ်လောက်တွင် နယုန်လအတွက် အဆွေခင်ပွန်း များဖြစ်သော မိုးသားများရောက် လာပြီဟု အသံပြုကာ မိုးရွာသွန်း၍ အပူရှိန်ကိုပယ်ရှားခဲ့သောကြောင့် ပုံမှန်ရာသီအငွေ့အသက်များနှင့် နယုန်လကုန် မိုးသည်းပုံကို ခံစား ကြရတော့မှာဖြစ်ပါသည်။