images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ကျွမ်းကျင်သောပညာရှင်
ချစ်နိုင်(စိတ်ပညာ) Thursday, 24 May 2018
''သူငယ်ချင်း ကိုချစ်နိုင်ရေ''
''ပြော၊ သူငယ်ချင်း''
''မင်းတစ်ခါက ဝန်ခံထုတ်ဖော်ပြီး ရေးပြဖူး တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ကိုယ်သတိရလို့ မေးချင်တာ တစ်ခုရှိတယ်ကွ''
''ဘာများလဲ''
''ကိုချစ်နိုင်ဟာ တက္ကသိုလ်ကျောင်းသား ဘဝအထိ Professional ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားလုံးကို ကြေးစားလို့ပဲ နားလည်ထားမိ တယ်လို့ ရေးထားတယ်လေ''
''ဟုတ်တယ်''
''တပ်မတော်မှာ သင်တန်းတွေတက်ရပြီးတဲ့ နောက်မှာမှ Professional ဆိုတာ 'ကျွမ်းကျင် တဲ့ပညာရှင်'၊ 'ပညာရှင်ပီသသူ' လို့လည်း အဓိပ္ပာယ်ရကြောင်း သိမြင်နားလည်လာရတယ် ဆိုတာလေ''
''ဟုတ်တယ်။ စစ်သားလုပ်ရင် စစ်ပညာ ကျွမ်းကျင်တဲ့ စစ်သားဖြစ်ရမယ်''
''ကြေးစားဆိုတာတစ်ခုပဲ သိခဲ့တဲ့မင်းဟာ သြစတြေးလျနိုင်ငံသူ မျက်နှာဖြူတိုးရစ်အမျိုး သမီးတစ်ယောက်နဲ့ မီးရထားအတူစီးရင်းစကား ပြောကြတဲ့အခါ မင်းကသူမေးတဲ့Will you be a Professional Soldier ''
''ရှင်က စစ်သားဘဝနဲ့ အသက်မွေးဖို့ ရွေးချယ်ခဲ့ပြီလား''လို့ဆိုတာကို "No, No..." ဆို ပြီး ကြေးစားစစ်သားလုပ်မှာ မဟုတ်ကြောင်း၊ ပြည်သူ့တပ်မတော်သားလုပ်မှာဖြစ်တဲ့အကြောင်း၊ ပြည်သူတွေရဲ့အေးချမ်းလုံခြုံရေးအတွက် အသက် စွန့်ပြီး ကာကွယ်ရမယ့်မျိုးချစ်စစ်သား၊ ပြည် ထောင်စုကို အသက်ပေးပြီး ကာကွယ်ရတဲ့ အမျိုး သားတပ်မတော်မျိုးဖြစ်ကြောင်းNot Professional လုံးဝကြေးစားမဟုတ်လို့ ရှည်ရှည်ဝေးဝေး တွေလျှောက်ရှင်းပြနေခဲ့မိကြောင်း''
''အခုထိ ကိုယ်ဖြင့် ရှက်မိပါရဲ့ကွာ။ ၁၉၇ဝ ပြည့်နှစ်က တကယ့်အဖြစ်မှန်ပါ''
''သူကလည်း ကြောင်စီစီနဲ့ သူငယ်ချင်းကို ဘယ်လိုလူစားပါလိမ့်လို့ ကြည့်နေတာ တွေ့ရ ကြောင်း''
''ဗိုလ်သင်တန်းတက်ဖို့ ဗိုလ်လောင်းလျှောက် ထားတဲ့ တက္ကသိုလ်ဘွဲ့ရလို့လည်း ပြောရဲ့၊ အသက်မွေးမှုလုပ်ငန်းအနေနဲ့ စစ်မှုထမ်းတော့ မယ်ပေါ့။ ဟုတ်လားလို့ မေးတော့လည်း မဟုတ် ဘူး၊ မဟုတ်ဘူး။ အကြောက်အကန်ငြင်းနေတော့ တစ်ခုခုတော့လွဲနေပြီထင်တယ်ဆိုပြီး စကား ဆက်မပြောတော့ဘူး မောင်ရေ''
''ကိုချစ်နိုင်ကလည်း 'ဒီမျက်နှာဖြူမက ရေသန့်ပုလင်း သုံး၊ လေးလုံးသယ်လာပြီး လမ်း တစ်လျှောက်လုံး ဆီထမင်းမစား၊ စာကလေး ကြော်မစား၊ အင်ဖက်နဲ့ထုပ်ထားတဲ့ ထမင်းကို မစား၊ အကြော်စုံ၊ မုန့်မျိုးစုံ ဘာဆိုဘာမှမစား။ ငှက်ပျောသီးပဲစားတဲ့သူ။ တော်တော်ရွံရှာတတ် တဲ့ စိုးရိမ်လွန်ဝေဒနာသည်'လေလား သံသယဝင် နေမိတယ်မဟုတ်လား''
''သူက ကိုယ့်ကို ငကြောင်ထင်၊ ကိုယ်က သူ့ကို ရောဂါကြောင့်ကြစိုးရိမ်လွန့် hypochondria အရူးမထင်ဆိုတော့ လိပ်စာတွေအပြန်အလှန် ရေးပေးခဲ့ကြပေမယ့် အခုထိ အဆက်အသွယ် မလုပ်မိပါဘူးကွာ'' (၁၉၇ဝ ပြည့်နှစ်က ရေသန့် ပုလင်းကို လူများစုမသုံးသေးပါ)
''အသက် ၇ဝ ရွတ်တွနေမယ့် အဘွားအိုကို များ အခုအချိန်ဆက်သွယ်ဖို့ စဉ်းစားနေသေး သလားဟ''
''ဝေးပါသေးကွာ။သြစတြေးလျ၊ နယူးဇီလန် အပါအဝင် အင်္ဂလိပ်မျိုးနွယ် မျက်နှာဖြူလူမျိုးတွေ ဟာ အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်ဆိုရင် တော်တော်အိုစာတာပဲ သူငယ်ချင်းရ။ ကိုယ်တို့ ဆီက ၇၃ နှစ်ဆိုတဲ့ဘွားဘွားတွေဟာ အပျိုလေး လို သေးသေးသွယ်သွယ်ပဲ။ ကွာခြားတယ်နော်''
''ဂရိဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေဆိုတဲ့ အမျိုးသမီးကြည့်လေကွာ။ ဆံပင်တစ်ခေါင်းလုံး ဖွေးနေရှာပြီ။ မျက်နှာကလည်း ခရမ်းခေါင်းသီးမီး ဖုတ်ထားသလို တွန့်ရှုံ့တွနေတာပဲ။ လက်ပြင်က ကိုင်းလိုက်သေး။ အသက်ခြောက်ဆယ်ကျော်နဲ့ အိုစာရွတ်တွလိုက်ပုံ''
''ဟေ့ကောင်၊ သူများနိုင်ငံက ခေါင်းဆောင် ကို မှိုချိုးမျှစ်ချိုးပြောမနေနဲ့မောင်၊ ဝဋ်လိုက်တတ် တယ်''
''အေး၊ မပြောပါဘူးကွာ။ လာရင်းကိစ္စ၊ မေးမလို့ဟာ ပြန်သတိရပြီ။ Professional ဆိုတဲ့ အင်္ဂလိပ်စကားလုံးရဲ့အနက်အဓိပ္ပာယ်လေး ပြော ပြပေးစမ်းပါကွာ''
''အင်္ဂလိပ်-မြန်မာအဘိဓာန်ကြည့်လေကွာ''
''ဟ၊ ကြည့်မနေချင်လို့မောင်ရင့်ဆီမေးပါ တယ်ဆိုမှ ဈေးမကိုင်စမ်းပါနဲ့ကွယ်။ ဟုတ်လား''
''ကောင်းပါပြီ။ အမေး နွားကျောင်းသားရှိ လာတော့ ဖြေရသေးတာပေါ့။ Professional ဆို တာကို ပရဖက်ရှနဲ(လ်)လို့ အသံထွက်ရတယ်။ ပရော်ဖယ်ရှင်နယ်လို့ မဆိုရဘူးနော်။ နာမ်ပုဒ် အနေနဲ့ အဓိပ္ပာယ်သုံးခုသုံးနိုင်တယ်။
(၁) ကျွမ်းကျင်တဲ့ပညာရှင်၊
(၂) အားကစားသမား၊ ဇာတ်သမား၊ သဘင် သည်၊ ဂီတပညာရှင်စတဲ့ကြေးစား၊ ရုပ် ရှင်မင်းသား၊
(၃) ပညာရှင်ပီသသူ၊ တကယ့်ပညာရှင် နာမဝိ သေသနပုဒ်အဖြစ်လည်း သုံးနိုင်သေး တယ်။ သုံးခု အဓိပ္ပာယ်ရတယ်။
(၁) အတတ်ပညာဆိုင်ရာ၊
(၂) ပညာရှင်ပီသတဲ့၊ ပညာသည်ပီသတဲ့၊
(၃) သက်မွေးမှုလုပ်ငန်းအဖြစ် လုပ်ကိုင်တဲ့။
ဥပမာ-Professional Soldier
Professional Politician အသက်မွေးမှု အနေနဲ့လုပ်တဲ့စစ်သား၊ အသက်မွေးမှုအနေနဲ့လုပ် တဲ့နိုင်ငံရေးသမား(လခစားတာမှန်ပေမယ့် နိုင်ငံ့ ဝန်ထမ်းအဖြစ် ထမ်းဆောင်မှုကို ကြေးစားလို့ တော့မခေါ်သင့်ဘူးပေါ့။ အဘိဓာန်မှာလည်း Adj မှာ အဲဒီလိုဖော်ပြမထားကြပါဘူး။) ကိုယ် အသက်မွေးရတဲ့၊ ထမင်းကျွေးနေတဲ့ပညာရပ်၊ ဘာသာရပ်ကိုတော့ ကျွမ်းကျင်တတ်မြောက် အောင် သေချာစွာ အမြဲတစေဆည်းပူးလေ့လာ ဖြည့်ဆည်းနေရမယ်ဆိုတဲ့ သဘောကိုတော့ ကိုယ်တို့လည်း အသက် ၄ဝ နီးလာမှ၊ စစ်ဦးစီး တက္ကသိုလ်တက်ရတဲ့အခါမှ သဲသဲကွဲကွဲနဲ့ ထင် ထင်ရှားရှား သိမြင်ခဲ့ပါတယ်''
''Professional ဆိုတာကို ဗိုလ်ကြီး၊ဗိုလ်မှူး လောက်အထိ ကြေးစားလို့ပဲ မှတ်ယူပြီး နားခါး ခဲ့တာပေါ့ဟုတ်လား''
''ဟုတ်တယ် သူငယ်ချင်း။ ဝေါဟာရ အဓိပ္ပာယ်တွေဟာ ရှာဖွေလေလေ တွေ့ရှိလေလေ ပဲကွ''
''ကိုယ့်မိတ်ဆွေတစ်ယောက်က ပြောတယ် ကိုချစ်နိုင်။ သူပြောတာ မှန်သင့်သလောက် မှန် ချင်မှန်မယ်။ ဒါပေမဲ့ ခါးသီးတဲ့အမှန် ဆိုရမယ်''
''ဘာလဲ''
''ကိုယ်တို့မြန်မာလူမျိုးတွေဟာ ကြုံရာကျ ပန်းဝင်လုပ်ရမယ်ဆိုရင် ဟိုဟာစပ်စပ်၊ ဒီဟာစပ် စပ် ဘာမဆိုအကုန်လုပ်တတ်တယ်တဲ့။ တစ်ခုခု ကို ထိထိရောက်ရောက်နဲ့ ဖြစ်ဖြစ်မြောက်မြောက် ကျွမ်းကျင်နိုင်နင်းစွာ လုပ်ဆောင်ပြစမ်းပါဆိုရင် တော့ ဖိုးသာဝ နွားသိုးချည်းပဲတဲ့''
''ဘာလဲဟ။ ဖိုးသာဝက''
''ဖိုးသာဝ နွားသိုးက လူပုံအလယ်မှာတော့ တကယ်ပဲ ဝှေ့မယ့်ပုံမျိုးပေါ့ကွာ။ တကယ်လည်း ဆိုင်ကြရရော အမြီးထောင်ပြေးတဲ့ကောင်လေ''
''ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဘူးပေါ့။ ဟုတ်လား။ နေပါဦး သူက ဘာကိုကြည့်ပြော တာလဲ''
''လွှတ်တော်တွေထဲရောက်နေတဲ့ ခေါင်း ပေါင်းစ တလူလူနဲ့ အမတ်တွေကိုကြည့်ပြောတာ ဟေ့။ အပြောကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်း မယ်နဲ့ နေရာမရခင်က။ တကယ်အလုပ်လုပ်ရတဲ့ အခါမှာတော့ အင်္ဂလိပ်လက်ထက်က အင်္ဂလိပ် လိုရေးထားတဲ့ ဥပဒေကိုတောင် လိပ်ပတ်လည် အောင် ဘာမှမသိသေးဘူး။ ဘာသာမပြန်ရသေး တဲ့ဥပဒေ ၆ဝဝ ကို အမတ် ၆ဝဝက ဥပဒေတစ်ခု စီ မြန်မာလိုပြန်နိုင်တာမျိုး မဖြစ်သင့်ပေဘူး လား။ ဖျင်းတာကို ပြောနေကြတာလေကွာ''
''ဥပဒေဝေါဟာရမပြောနဲ့ အင်္ဂလိပ်စာကို သူ တို့ရော ရေးတတ်ဖတ်တတ်ကြလို့လား''
''အင်္ဂလိပ်စာဆရာတွေနဲ့ သင်ပေးနေတယ် ဆိုလား ကြားတာပဲ။ နှစ်နှစ်တော့ ကြာသွားပြီ။ ဘာများပြောင်းလဲမှာလည်း မသိဘူး''
''သူငယ်ချင်း။ နိုင်ငံရေးသမားကို ပရဖက် ရှနဲလ်နိုင်ငံရေးသမား ပီပီပြင်ပြင်မဖြစ်ကြသေး လို့ အားမလိုအားမရ မဖြစ်ကြပါနဲ့။ ဆက်ပြီး လေ့လာဆည်းပူးကြပါစေဦး။ သူတို့ကိုလည်း အချိန်ပေးရမှာပဲလေ''
''ကိုချစ်နိုင်က ဘယ်ပါတီဝင်မှ မဟုတ်ဘဲနဲ့ ရှေ့လိုက်ပြီး ကာကွယ်မနေစမ်းပါနဲ့ကွာ။ အမတ် ဟာ အမတ်ရဲ့အဓိကအလုပ်ဖြစ်တဲ့ ဥပဒေ ဟောင်းတွေကို ခေတ်ကာလနဲ့ညီအောင် ပြင်တတ် ရမယ်။ အခြေအနေနဲ့ဆီလျော်အောင် ပြောင်းနိုင် ရမယ်။ နိုင်ငံနဲ့လူမျိုး အကျိုးရှိမယ့်ဥပဒေအသစ် တွေ ရေးဆွဲနိုင်ရမယ်။ ဒါဟာ ဥပဒေပြုလွှတ် တော်အမတ်တွေရဲ့ အဓိကအလုပ်မဟုတ်လား။ ဌာနဆိုင်ရာနဲ့ အခြားအဖွဲ့အစည်းတွေက မူ ကြမ်းရေးဆွဲလာတာကို လုံးကြီးတင်ထည့်ပါ၊ နငယ်အမြီးရှည်ပါလို့ပြောရုံ၊ မဲပေးရုံလေးသက် သက်ကတော့ ပေးထားရတဲ့ လစာနဲ့တန်ရဲ့လား။ စဉ်းစားစရာပဲ။ 'နယ်ဘက်စီမံရေး'မှာတော့ ဝင် ပါချင်တယ်''
''ဟေ့ သူငယ်ချင်း။ မင်းတို့ ငါတို့ပဲ မဲတွေ ထောက်ခံပေးလာလို့ အရွေးခံရတဲ့ အမတ်တွေ လေကွာ။ အခုမှ အပြစ်မတင်ပါနဲ့ဟ။ သူကြိုက် သလိုလုပ်ပါစေ''
'' Professional ဆိုတဲ့စကားလုံးတစ်ခုက နေပြီး ကိုယ့်ကို အလင်းရောင်တစ်ခုပေးလိုက် တယ်ကွ ကိုချစ်နိုင်ရ။ အုပ်ချုပ်တဲ့မင်းဟာ မင်း တာဝန်၊ မင်းအလုပ်ကို ကောင်းမွန်ကျေပွန်စွာလုပ် တတ်ရမယ်။ ဝန်ထမ်းဟာ ဝန်ထမ်းတာဝန်၊ ဝန် ထမ်းအလုပ်ကို ကျွမ်းကျင်နိုင်နင်းစွာ လုပ်ဆောင် ရမယ်။ အိမ်ထောင်ဦးစီးဖခင်ဟာ ဖခင်နေရာ၊ ဖခင်အလုပ်ကို သူ ပီပီပြင်ပြင် သေသေချာချာ လုပ်ရမယ်။ သားဟာ သားတာဝန်၊ သားနေရာက သားအလုပ်ကို ကောင်းမွန်စွာ လုပ်ရပါမယ်။ လူတိုင်းလူတိုင်းက ကိုယ့်နေရာ၊ ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်မှ ရှင်သန်နေ လိမ့်မယ်လို့ တရုတ်ပညာရှိ ကွန်ဖြူးရှပ်စ်က မိန့်ဆိုခဲ့တယ်လေကွာ။ မလုပ်တတ်ရင်သွား၊ မလုပ်နိုင်ရင်သွား။ ငကန်းသေရင် ငစွေလာ။ ဒါပဲ''
''ဟေ့ကောင် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေ တာပါ မောင်ရာ။ ပြည်သူပြည်သားများက သူတို့ ကိုယ်စားရွေးချယ်လိုက်ကြတဲ့သူတွေကပဲ ဥပဒေ ပြုတယ်၊ အုပ်ချုပ်တယ်၊ စီမံဆောင်ရွက်တယ်။ ပြည်သူကမကျေနပ်ရင် ဘယ်သူ့ကိုမဆို တာဝန် နေရာကနေ ရုပ်သိမ်းခွင့်လည်းရှိပါတယ်ဗျာ''
''ကိုချစ်နိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ထဲက နိုင်ငံသားတွေရဲ့လူ့အခွင့်အရေးတွေ ပြဋ္ဌာန်းထားတာ စာထဲမှာရှိနေတာကို သူငယ်ချင်း ပြောနေတာဟ။ ဒါကို အသက်ဝင်အောင်ရေးဆွဲ အကောင်အထည်ဖော်ကြရမယ့် တာဝန်ရှိသူတွေ က ဘယ်သူတွေတုန်း။ ဥပဒေ၊ နည်းဥပဒေတွေRight to Recall ကို ပြည်သူပြည်သား အမှန် တကယ် အာဏာပိုင်စိုးရေးအတွက် ဥပဒေ အတည်ပြုပြဋ္ဌာန်းလက်မှတ်ရေးထိုးမယ့်သူက ဘယ်သူဘယ်ဝါတုန်း''
''ပြည်သူပြည်သားတွေက သိကြပါတယ်''
''ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ပါးစပ်ပြဲအောင် တချို့က အော်ခဲ့ပြီး တကယ်တမ်း ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေ၊ အခြေခံဥပဒေ က ရေးဆွဲပြဋ္ဌာန်းပေးပြီးသားကို ဆက်လက် အကောင်အထည်မဖော်တတ်ဘဲ မျက်နှာပြောင် ပြောင်နဲ့ ရှောင်လွှဲနေကြတဲ့သူတွေဟာ ဘယ်သူ တွေလဲ''
''ဒါတွေဟာ တဖြည်းဖြည်းတော့ဖြစ်လာမှာ ပါ''
''ကိုချစ်နိုင်။ မင်းကတော့ ပါတီစွဲဝါဒစွဲမရှိ လို့ ဖြူစင်ရိုးသားစွာနဲ့ပြောနေတာ။ လစာသိန်း ၅ဝ ရယူနေတဲ့လူတွေ သိန်း ၄ဝ၊ သိန်း ၃ဝ၊ သိန်း ၂ဝ စားစရိတ် ဘာဘာညာညာ မပါသေး လစာ ၁ဝ သိန်း၊ခြောက်သိန်း လစဉ်ရယူနေကြတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်ပြီး ထမင်းရှာစား နေကြတဲ့လူတွေဟာ အာဏာမရှိခင်က ဒီမိုက ရေစီရရေး ဒို့အရေး အော်ဟစ်ခဲ့ကြသလောက် နေရာထိုင်ခုံကလေးလည်းရရော ဒီမိုကရေစီ အခြေခံ လူ့အခွင့်အရေးအကြောင်းကို လေသံ တောင်မဟကြတော့ပါလား။ ပြည်သူလူထုရဲ့ လက်ထဲမှာ တာဝန်မကျေတဲ့လုပ်ငန်းဆောင်တာ၊ မအောင်မြင်တဲ့ ကိုယ်ကျင့်တရား အကျင့်စရိုက် တွေ၊ မကောင်းကြတဲ့ လွှတ်တော်အဆင့်ဆင့်က လူတွေကို ပြန်လည်ခေါ်ယူခွင့်ရှိသင့်တယ် မဟုတ် လား။ ငါများပါသွားမှာလားဆိုပြီး စိုးရိမ်စိတ်နဲ့ ဒီလို ဒီမိုကရေစီအခြေခံအခွင့်အရေးမျိုးတွေကို ဥပဒေရေးရကောင်းမှန်းလည်းမသိ၊ ပေးရကောင်း မှန်းလည်းမသိတဲ့ နိုင်ငံရေးသမားမျိုးကို ဘာလို့ တို့ကဆက်ထားရမှာလဲ။ မကျွမ်းကျင်ရင် တာဝန် မယူပါနဲ့။ လုပ်ရင်လည်း မှန်မှန်ကန်ကန် ဖိဖိစီးစီး လုပ်ကြပါ။ ကိုယ်က ပရဖက်ရှနဲလ် မဖြစ်တဲ့နိုင်ငံ ရေးသမားတွေကို ပြည်သူလူထု ကိုယ်စားဆိုပြီး သူတို့ကို အာဏာမဏ္ဍိုင်သုံးရပ် ပုံအပ်နှင်းခဲ့တာ ကြတာတော့ မှားနေကြပြီလား။ သုံးသပ်ဝေဖန် ရမယ့်အချိန်ကိုတော့ရောက်လာပြီ။စတုတ္ထမဏ္ဍိုင် ဘာလုပ်နေလဲ''
''ပြောင်းလဲချိန်တန်ပြီလို့ ဆိုချင်တာလား''
''စူးနေရာစူး၊ ဆောက်နေရာဆောက်။ သူ့ နေရာနဲ့သူ ကျွမ်းကျင်လိမ္မာသော ပုဂ္ဂိုလ်မျိုးကို တာဝန်မပေးဘဲ လက်ညှိုးထောင်၊ ခေါင်းညိတ်၊ အားလုံးကောင်းနေပါသည်ခင်ဗျားဆိုတဲ့ လူစား တွေနဲ့သာ ရှေ့ဆက်သွားနေမယ်ဆိုရင်တော့ မြန် မာပြည်ရဲ့နေရာဟာ ကမ္ဘောဒီးယားနဲ့ လာအိုရဲ့ အောက်မှာ ၇၅ ဘူတာလောက် နောက်ကျ ကျန်ရစ်တော့မှာပဲ''
''ထားပါလေ''
''ကျွမ်းကျင်တဲ့ပညာရှင်တွေ ပြည်တွင်းမှာ အများကြီး။ နယ်ပယ်အသီးသီးရှိနေကြပေမယ့် နိုင်ငံခြားသားဆိုမှ အရည်အချင်း အဆင့်မီတယ် လို့ တလွဲဆံပင်ကောင်းနေတာဟာလည်း ကျွမ်း ထိုးမှောက်ခုံကျရှုံးနေကြရတဲ့ အကြောင်းတစ်ခု ဖြစ်ပုံရတယ်''
''ကဲကဲ သူငယ်ချင်း မေးချင်တာလည်းမေး ပြီးပြီ။ ပြောချင်တာလည်းပြောပြီးပြီ။ ဒီလိုရင်ဖွင့် ခွင့်ရှိနေသေးတာကိုပဲ ကျေးဇူးတင်လိုက်ပါကွယ်''