images
UN
UN
ဈေးနှုန်းတန်ဖိုးများပြားသည်ဟု သတင်းများထွက်ပေါ်ခဲ့သော လူနာတင်ယာဉ်တပ်ဆင်ထုတ်လုပ်မှုနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာနပြန်လည်ရှင်းလင်း
ဟန်လေး Thursday, 24 May 2018
ဈေးနှုန်းတန်ဖိုး များပြားသည် ဟု သတင်းများထွက်ပေါ်ခဲ့သော လူနာတင်ယာဉ်တပ်ဆင်ထုတ်လုပ် မှုနှင့်ပတ်သက်၍ စက်မှုဝန်ကြီး ဌာနက ယနေ့ပြန်လည်ရှင်းလင်း ထားကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းတင်ပြချက် တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ Ambulance (လူနာ တင်မော်တော်ယာဉ်) တင်ဒါခေါ် ယူရာတွင် ဈေးနှုန်းအနည်းဆုံးဖြစ် သည့်ငွေကျပ်သိန်း ၇၄ဝ ဖြင့် ပွင့် လင်းမြင်သာမှုရှိစွာ တင်ဒါအောင် မြင်ခဲ့ကြောင်း၊ မော်တော်ယာဉ် သီးသန့်တန်ဖိုးမှာငွေကျပ်သိန်း၃၅ဝ သာဖြစ်ပြီး ဂျပန်နိုင်ငံမှထုတ်လုပ် သည့် ဘယ်မောင်းTOYOTA HIACE COMMUTER 2017 Model အမျိုးအစား Brand New (0 km (3km မှ 30km အတွင်း) ဖြစ်ကြောင်း၊ပထမအဆင့်အနေဖြင့်Luxuryလူစီးကားများအားတင် သွင်းပြီး Medical Equipments များကို ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း ၍ ပုံစံထုတ်တပ်ဆင်ခြင်း ဖြစ် ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ စက်မှုဝန်ကြီး ဌာနမှထုတ်လုပ်သည့်Standard Ambulance တွင် Medical Equ-ipments များ၏ အခွန်ခပါပြီး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း ၃၉ဝ ဖြစ်ပြီးUSA Brand “Fer-no” Stretcher အပါအဝင် Grade မြင့် အမျိုးအစား ၄၁ မျိုးပါဝင် ကြောင်း၊ Hi-End Medical Equipments အမျိုးအစားများဖြစ် သည့်နှလုံးနှိုးစက် (Automated Electrical Defibrillator)၊အောက် ဆီဂျင်ပေးစက် (Oxygen Administration Equipment (20 L) နှစ် လုံး)နှင့် Patient’s Vital Sign Monitor စသည့်အရေးကြီးပစ္စည်း များထည့်သွင်းတပ်ဆင်ထားကြောင်း၊ တူရကီပညာရှင်များနှင့်ပူးပေါင်း၍ Medical Equipments တပ်ဆင် ထားပြီး Ambulance များအား Commission on Accreditation of Ambulance, Myanmar (CAAM) အဖွဲ့မှ စစ်ဆေးအတည် ပြုထားသည့် လူနာတင်ယာဉ်များ ဖြစ်ကြောင်း၊ ပြည်ပမှအလားတူ Ambulance အဟောင်းများတင် သွင်းမည်ဆိုပါကငွေကျပ်သိန်း၁၂၅ဝ ခန့်ကျသင့်မည်ဖြစ်၍ အသုံး ပြုပြီး Medical Equipments များမှာလည်းGrade နိမ့်ပစ္စည်းများဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ် သည့်Brand New Ambulance များမှာ ရာခိုင်နှုန်း ၄ဝခန့်သက်သာ မည်ဖြစ်ပြီးတစ်နှစ်အာမခံပေးထား ကြောင်း၊ ယခုအခါ ပြင်ပပုဂ္ဂလိက ဆေးရုံကြီးများမှ ကားအသစ်များ ကိုGrade အမြင့်Medical Eq-uipment များဖြင့် ဝယ်ယူလိုပါ၍ ကမ်းလှမ်းလျက်ရှိကြောင်း၊ စက်မှု ဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထူးအစီအစဉ်ဖြင့်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။