images
UN
UN
ဇလွန်ပြည်တော်ပြန်ဆင်းတုတော်နှင့်စမ္မခဏ်ဂါထာတော်
မောင်ရွှန်းသစ် Friday, 25 May 2018
ဗုဒ္ဓဘာသာဝင်တို့ မန္တလေးသို့ရောက် လျှင် မဟာမြတ်မုနိဘုရားကြီးကို သွား ရောက်ဖူးမြော်ရန် ဆန္ဒဖြစ်ကြသည်။ အခွင့်သင့်လျှင် ကြိုးစား၍ သွားရောက် ဖူးမြော်ကြသည်။ အလားတူဧရာဝတီ တိုင်းဒေသကြီး ဇလွန်မြို့သို့ရောက်လျှင် ဇလွန်ပြည်တော်ပြန်ဘုရားကြီး(ဆင်းတု တော်)ကိုမဖြစ်မနေကြိုးစား၍ ဝင်ရောက် ဖူးမြော်ကြသည်။ စင်စစ်တွင်ထိုဆင်းတု တော်နှစ်ဆူမှာသမိုင်းကြောင်းအရတစ်ချိန် တည်း၊တစ်နေရာတည်းတွင်ပြုလုပ်ပူဇော် ခဲ့ကြသောဆင်းတုတော်များဖြစ်ကြသည်။
သမိုင်းကြောင်း
ဘုရားရှင်သည် သက္ကရာဇ် ၁၂၂-ခု တပို့တွဲလပြည့်နေ့တွင် ဓညဝတီရခိုင် ပြည်သို့ ရဟန္တာငါးရာခြံရံလျက် ကောင်း ကင်ခရီးဖြင့် ကြွမန်းလာခဲ့သည်။ ဓည ဝတီမြို့တော်၏အနောက်ဘက် ကစ္ဆပနဒီ (ကုလားတန်မြစ်)အရှေ့ဘက်ကမ်းရှိ သေ လာဂီရိကျောက်တောင်ထိပ်တွင်ခေတ္တရပ် တန့်တော်မူခဲ့သည်။ ဓညဝတီပြည့်ရှင် စန္ဒသူရိယမင်းသည် ထိုသတင်းကိုကြား လျှင် မြတ်စွာဘုရားထံ လာရောက်ဖူး မြော်ပြီး ဓညဝတီပြည်သို့ ပင့်ဆောင်ခဲ့ သည်။ ဘုရားရှင်သည် ဓညဝတီနေပြည် တော်တွင် သီတင်းသုံးတော်မူပြီး တရား ရေအေးတိုက်ကျွေးတော်မူခဲ့သည်။
ဘုရားရှင်နှင့်ရဟန္တာငါးရာတို့ပြန်ကြွ တော်မူခါနီးတွင် စန္ဒသူရိယမင်းက ဘုရားရှင်၏ကိုယ်စားတော်အဖြစ် ရုပ် ပွားတော်ကိုးကွယ်ခွင့်ပြုပါရန် လျှောက် ထားတော်မူပြီး နေပြည်တော်၏ အရှေ့ မြောက်ထောင့်အရပ်ရှိ သီရိဂုဏ်တောင် ထိပ်၌ရုပ်ပွားတော်မြတ်ကို သွန်းလုပ် ခဲ့သည်။ သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန် လပြည့်နေ့ ဗုဒ္ဓဟူးနေ့ညနေတွင် သွန်း လုပ်ခဲ့ရာ ကြာသပတေးနေ့နံနက်တွင် မဟာမုနိရုပ်ပွားတော်ကို ပြီးစီးအောင်မြင် ခဲ့သည်။ ပိုလျှံသောရတနာသတ္တုတို့ဖြင့် ညီတော်ရုပ်ပွားတော်များအဖြစ် ရှင် တော်မုနိ၊ရွှေဘုံသာမုနိ၊ မာန်အောင်မြင် မုနိဟူသောရုပ်ပွားဆင်းတုတော်သုံးဆူတို့ ကိုဆက်လက်သွန်းလောင်းပြုလုပ်ခဲ့သည်။
မဟာမုနိရုပ်ပွားတော်၏ ဥာဏ်တော် အမြင့်မှာ စမ္မခဏ်(ခုံ)မပါ ခြောက်တောင် တစ်မိုက်ရှိသည်။ရှင်တော်မုနိမှာ စမ္မခဏ် အလွတ် လေးတောင်ရှစ်လက်မရှိသည်။ ရွှေဘုံသာမုနိမှာ စမ္မခဏ်အလွတ် သုံး တောင်နှင့်ဆယ်လက်မရှိသည်။ မာန် အောင်မြင်မုနိမှာ စမ္မခဏ်အလွတ် နှစ် တောင့်ထွာ (သုံးပေကိုးလက်မ)ရှိသည်။ စမ္မခဏ်အမြင့်မှာ ကိုးလက်မရှိသော ကြောင့် စမ္မခဏ်ပါဆိုလျှင် အမြင့်သုံး တောင်တိတိ(လေးပေနှင့်ခြောက်လက်မ) ရှိသည်။ ကြေးချိန် ၆၆၆ပိဿာနှင့် ၆ကျပ်သားရှိသည်။
သက္ကရာဇ် ၁၁၄၆ခုနှစ် တပို့တွဲလ တွင် ဘိုးတော်ဘုရား၏ သားတော်အိမ် ရှေ့မင်းသားသည် မဟာမုနိဆင်းတုတော် နှင့် ညီနောင်ဆင်းတုတော်သုံးဆူတို့ကို ဓညဝတီမှ အမရပူရမြို့တော်သို့ ပင့် ဆောင်ခဲ့သည်။ မာန်အောင်မြင်မုနိရုပ်ပွား တော်ကို နန်းတော်ဦး၌ ရွှေပြာသာဒ်ဖြင့် မင်းအဆက်ဆက် ကိုးကွယ်လာခဲ့သည်။
သက္ကရာဇ် ၁၂၁၄ခုနှစ် တပို့တွဲလ ဆန်းတွင် ဇလွန်မြို့သူကြီး ဦးရွှေပွင့် သည် ပုဂံမင်း၏မယ်တော်ကြီးနှင့် မိဖုရား ခေါင်ကြီးတို့ထံ ခွင့်ပန်ပြီး ဇလွန်မြို့သို့ ပင့်ဆောင်လာခဲ့ရာ တပေါင်းလဆန်း ၈ ရက်နေ့တွင်ဇလွန်မြို့သို့ ရောက်ရှိခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ပါတော်မူခြင်း
သက္ကရာဇ် ၁၂၁၄ခုနှစ်မှာပင်အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ သည်။ အင်္ဂလိပ်တို့သည် မိမိတို့သိမ်း ပိုက်ထားသော နယ်မြေရှိ ကြေးဆင်းတု တော်များအပါအဝင်ကြေးအိုး၊ ကြေးခွက်၊ ကြေးစ၊ ကြေးနပေါင်းများစွာတို့ကို သိမ်း ယူပြီး အိန္ဒိယနိုင်ငံသို့ ယူဆောင်ခဲ့သည်။ ဤသို့ဖြင့် သက္ကရာဇ် ၁၂၁၇ခုနှစ်တွင် အင်္ဂလိပ်စစ်ဗိုလ်ဆာဂျွန်ဆင်က 'ရွှေချန်' အမည်ရှိသောသင်္ဘောဖြင့် မာန်အောင်မြင် ကြေးဆင်းတုတော်ကို အိန္ဒိယနိုင်ငံဘုံဘေ မြို့သို့ သယ်ဆောင်သွားခဲ့သည်။
ဘုံဘေမြို့တွင် မြန်မာပြည်မှ သယ် ယူလာခဲ့သော ကြေးဆင်းတုတော်များနှင့် ကြေးထည်ပစ္စည်းများကို အရည်ကျို၍ အမြောက်ဆန်နှင့်ကြေးဒင်္ဂါးများသွန်းလုပ် သည်ဟုဆိုသည်။ ဤတွင် မာန်အောင် မြင်ဆင်းတုတော်ကို အရည်ကျိုမရဟု အဆိုရှိသည်။
ပြည်တော်ပြန်ခြင်း
သက္ကရာဇ် ၁၂၁၉ ခုနှစ်တွင် မာန် အောင်မြင် ဆင်းတုတော်ကို ဘုံဘေမြို့မှ သင်္ဘောဖြင့် ပင့်ဆောင်လာခဲ့ပြီး ဇလွန် မြို့အလွန် ဟင်္သာတမြို့အနီး သောင်စပ် တွင် ချထားခဲ့သည်။
မာန်အောင်မြင်ဆင်းတုရုပ်ပွားတော် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခြင်းအ ကြောင်းကို 'ဇလွန်မြို့မာန်အောင်မြင်ပြည် တော်ပြန် မြတ်စွာဘုရားကြီးသမိုင်းအ ကျဉ်းချုပ်'စာအုပ်တွင် ''အင်္ဂလန်ပြည့် ရှင် ဝိတိုရိယဘုရင်မကြီးသည် အိန္ဒိယ နိုင်ငံကိုခေတ္တရောက်ရှိစဉ် ပြင်းထန်သော ခေါင်းကိုက်ရောဂါစွဲကပ်ခဲ့ပြီး အိပ်မက် အရ မာန်အောင်မြင်ဆင်းတုတော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့စေခဲ့ကြောင်း'' ဖော်ပြထားသည်။
မာန်အောင်မြင်ရုပ်ပွားဆင်းတုတော် ကို ပြန်တွေ့သောအခါ ဟင်္သာတနှင့် ဇလွန်မြို့သားတို့ သူပိုင်ကိုယ်ပိုင် အငြင်း ပွားခဲ့ကြရာ ဆင်းတုတော်ရှိ စမ္မခဏ် ဂါထာကို ရွတ်ဆိုနိုင်သော ဇလွန်မြို့က အနိုင်ရခဲ့သည်။သို့သော်ဟင်္သာတမြို့သား တို့က အလျှော့မပေးသောကြောင့် ဆင်း တုတော်ကို ဖောင်တော်ပေါ်တင်၍ အလယ်တွင်ထားပြီးလှေများဖြင့် နှစ်ဖက် အပြိုင်ဆွဲကြရာ ဇလွန်မြို့ဘက်က အနိုင် ရခဲ့သည်။ သို့ဖြင့် ယနေ့တိုင် ဇလွန်မြို့ တွင် မာန်အောင်မြင်ပြည်တော်ပြန်မြတ် စွာဘုရားကြီးအဖြစ်ကိုးကွယ်ခဲ့ကြသည်။
စမ္မခဏ်ဂါထာ
စမ္မခဏ်ဟူသည် ဆင်းတုတော်နှင့် ပလ္လင်တို့အကြားရှိ ကိုယ်တော်နှင့်တစ် ဆက်တည်း သွန်းလုပ်ထားသော ခုံပင် ဖြစ်သည်။ ထိုစမ္မခဏ်တွင် ရေးထိုးထား သော ဂါထာကို စမ္မခဏ်ဂါထာဟု ခေါ် တွင်ခြင်း ဖြစ်သည်။ ဇလွန်မြို့ပြည်တော် ပြန်ဆင်းတုတော်၏ စမ္မခဏ်ဂါထာတော် မှာ မြန်မာနိုင်ငံတွင်ထင်ရှားသော ဂါထာ ဖြစ်သည်။ ရွတ်ဖတ်သူတို့ ကိုယ်တွေ့အ ကျိုးကျေးဇူးများ ထူးထူးခြားခြားရှိကြ သဖြင့် ထင်ရှားခြင်းလည်း ဖြစ်သည်။
စင်စစ်ဇလွန်မာန်အောင်မြင် ရုပ်ပွား တော်တွင် စမ္မခဏ်ဂါထာအပြင် အခြား ဂါထာသုံးပုဒ်ရှိသေးသည်ဟု ဆိုသည်။ ထိုဂါထာတော်များမှာ နဖူးသင်းကျစ် တော်ရှိ ဂါထာ၊ လက်ယာလက်ရုံးတော် ရှိ ဂါထာနှင့် လက်ဝဲလက်ရုံးတော်ရှိ ဂါထာများဖြစ်ကြသည်။သို့သော် စမ္မခဏ် ဂါထာတစ်ပိုဒ်သာ ဆုတောင်းပြည့်ဂါထာ အဖြစ် ထင်ရှားသည်။
ဆင်းတုတော်ရှိပါသော ဂါထာတော် လေးပုဒ်တို့ကို မတစ်လုံးကြေဟု ကျော် ကြားသော ခင်ကြီးဖျော်ဆရာတော်၏ ဆရာခင်ကြီးပြောင်ဆရာတော်ကရေးသား စီရင်ခဲ့သည်ဟုတစ်ဆင့်စကားရှိခဲ့သည်။
စမ္မခဏ်ဂါထာတော်နှင့်ပတ်သက်၍ ဒိဗ္ဗစက္ခုဆရာတော် စီရင်ရေးသားသော 'အိမ်ဖြူတော်မန္တာန်ပေါင်းချုပ်ကျမ်း' (စာ-၅၄)တွင် ''ဘုန်းတန်ခိုးကြီးခြင်း၊ အန္တရာယ်ကင်းခြင်း၊ လာဘ်လာဘဝင် ခြင်း၊ ရန်အောင်ခြင်းများကို လက်တွေ့ အကျိုးပေးသော ဂါထာတော်ကြီးဖြစ်ပါ ၏။ ပါဠိသက်သက် နေ့စဉ်ရွတ်ဖတ်ပါ။ ထူးဆန်းသောကောင်းကျိုးဟူသမျှပေးနိုင် သော ဂါထာတော်မြတ်ကြီးဖြစ်ပါ၏'' ဟု ညွှန်းဆိုထားကြောင်း တွေ့ရှိရသည်။
''ဂါထာ၏ မူရင်းတွင် စတုပ္ပဋ္ဌာနံ'' ဟု ပါရှိသော်လည်း မန်လည်ဆရာတော် ကြီးက ဇလွန်မြို့ မာန်အောင်မြင်ဆင်းတု တော်ကြီးကို လာရောက်ဖူးမြော်သော အခါ 'စတုသတိပဋ္ဌာနံ'ဟူ၍ ဖြည့်ပေး ခဲ့ကြောင်း၊ မူရင်းဂါထာတော်ကို မနုတ် ပယ်ကောင်းသော်လည်း ဖြည့်သင့်လျှင် ဖြည့်ကောင်းကြောင်း၊ ပြည်မြို့ရတနာ မာန်အောင် တောရကမ္ဘာရွှေရင်အေးဆရာ တော်ကြီးဦးဝိဇ္ဇာဗလကအမိန့်ရှိခဲ့ဖူးသည်။
ဆရာတော်ကြီးက စမ္မခဏ်ဂါထာ တော်နှင့်ပတ်သက်၍ 'ဒီဂါထာက တန် ခိုးသိဒ္ဓိကြီးမားတဲ့ ဂါထာမြတ်ဖြစ်တယ်။ ဒီဂါထာကို ရွတ်လျှင် ဘယ်ရန်သူမှ ကိုယ့်ကိုရန်မပြုနိုင်ဘူး။ ရန်ပြုဖို့ဗိုလ်ခြေ တစ်ထောင်ဝိုင်းပြီး ရှာတာတောင်ရှာလို့ မတွေ့နိုင်ဘူး။ကိုယ်ပျောက်ဂါထာလို့တောင် ဆိုကြတာ'' ဟု မိန့်တော်မူခဲ့သည်။
စမ္မခဏ်ဂါထာ ပါဠိ
ဣတိပိ၊ ပိဋကတ္တယံ။
အနိစ္စံ၊ ဒုက္ခံ၊ အနတ္တံ။
သတ္ထဗောဇ္ဈင်္ဂေါ။
အဋ္ဌင်္ဂိကော၊ မဂ္ဂေါ။
စတုသတိပဋ္ဌာနံ။
သဗ္ဗဿဣန္ဒော၊သဟဿ သူရိယော။
သြောင်း နမော မေတ္တာနံ။
ရာဇဘယံ၊ စောရဘယံ။
ဥဒကဘယံ၊ အဂ္ဂိဘယံ။
သတ္ထဘယံ၊ သဗ္ဗဘယံ။
ဇေယျော၊ ဇယတုမင်္ဂလံ။
အနိစ္စံ၊ သင်္ခတံ။
ပဋိစ္စသမုပ္ပနံ္န။
ခယဓမ္မံ၊ ဝယဓမ္မံ၊ ဝိရာဂဓမ္မံ။
နိရောဓ ဓမ္မံ၊ ခမတိ။
စမ္မခဏ်ဂါထာ အနက်
ပိဋကတ္တယံ၊ ပိဋကတ်သုံးပုံသည်။ ဣတိပိ ဣမိနာစ ကာရဏေန၊ ဤသို့ ဖြစ်ခြင်း၊ ပျက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်း။ အနိစံ္စ၊ အနိစ္စ မည်၏။ ဣတိပိ ဣမိနာစ ကာရဏေန၊ ဤသို့ဖြစ်ခြင်း၊ ပျက်ခြင်းတို့သည် မပြတ် နှိပ်စက်ခြင်းသဘောရှိသောအကြောင်း ကြောင့်လည်း။ ဒုက္ခံ၊ ဒုက္ခမည်၏။ ဣတိ ပိ ဣမိနာစ ကာရဏေန၊ဤသို့ မိမိအလို သို့မလိုက်ခြင်းသဘောရှိသောအကြောင်း ကြောင့်လည်း။ အနတ္တံ၊ အနတ္တမည်၏။
သတ္ထဗောဇ္ဈင်္ဂေါ၊ ခုနစ်ပါးသော ဗောဇ္ဈင်သည်လည်းကောင်း။ အဋ္ဌင်္ဂိ ကော၊ အင်္ဂါရှစ်ပါးရှိသော။ မဂ္ဂေါ၊ မဂ် သည်လည်းကောင်း။ စတုပဋ္ဌာနံ၊ အရမ္မ ဏ ဥပနိဿယ ကမ္မအတ္ထိပစ္စည်းဟူသော လေးပါးသောပဋ္ဌာန်းသည်လည်းကောင်း။ သဗ္ဗဿ၊ အလုံးစုံသော တရားအပေါင်း ကို။ ဣန္နော၊ ဣဿရော အစိုးရတော်မူ သော မြတ်စွာဘုရားသည်လည်းကောင်း။ သဟဿသူရိယော၊ သဟဿရံသိ သူရိ ယော၊ ရောင်ခြည်တစ်ထောင်အလင်းကို ဆောင်သော နေမင်းသည်လည်းကောင်း။ ဣတိပိ ဣမိနာစ ကာရဏေန၊ ဤသို့ဖြစ် ခြင်း၊ ပျက်ခြင်း စသည်သဘောရှိသော အကြောင်းကြောင့်လည်းကောင်း။ အနိစ္စံ၊ အနိစ္စမည်၏။ဒုက္ခံ၊ဒုက္ခမည်၏။ အနတ္တံ၊ အနတ္တမည်၏။ သြောင်းဥတ္တမာနံ၊ အထူး သဖြင့် မြတ်တော်မူကုန်သော။ မေတ္တာနံ၊ မဟာမေတ္တာအရှင်ဖြစ်တော်မူကုန်သော ဘုရားရှင်တို့အား။ နမော၊ ရှိခိုးပါ၏။ဧတေသံ၊ ထိုမေတ္တာအရှင် ဖြစ်တော်မူ ကုန်သော ဘုရားရှင်တို့၏။အာနုဘာဝေန၊ မေတ္တာတော် အာနုဘော်တော်အားဖြင့်။
ရာဇဘယံ၊ မင်းဘေးကိုလည်းကောင်း။ စောရဘယံ၊ ခိုးသူဘေးကို လည်းကောင်း။ ဥဒကဘယံ၊ ရေဘေးကိုလည်းကောင်း။ အဂ္ဂိဘယံ၊ မီးဘေးကိုလည်းကောင်း။ သတ္ထဘယံ၊ ဓားလက်နက်ဘေးကိုလည်း ကောင်း။ သဗ္ဗဘယံ၊ အလုံးစုံသော ဘေးကိုလည်းကောင်း။ဇေယျော၊ အောင်မြင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ မင်္ဂလံ၊ ကုသိုလ် မင်္ဂလာဟူသမျှသည်။ ဇယတု၊ အောင်မြင်နိုင်သည်ဖြစ်ပါစေသတည်း။
ပဋိစ္စသမုပ္ပန္နံ၊ အကြောင်းတရားကို စွဲ၍ဖြစ်သောအကျိုးတရား သည်။ သင်္ခတံ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူ သောအကြောင်း တရားလေးပါးတို့သည် ပေါင်းကာ ပြုပြင်အပ်သည်ဖြစ်၍။ အနိစ္စံ၊ အမြဲမရှိ၊ ခယဓမ္မံ၊ ကုန်ခြင်းသဘောရှိ၏။ ဝယဓမ္မံ၊ ပျက်ခြင်းသဘော ရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဝိရာဂဓမ္မံ၊ရာဂကင်းခြင်း သဘောရှိသော။ နိရောဓ ဓမ္မံ၊ ချုပ်ငြိမ်းခြင်းသဘောရှိသောနိဗ္ဗာန်ကို။ ပဏ္ဍိတော၊ ပညာရှိ အပေါင်းသည်။ ခမတိ၊ နှစ်သက်မြတ်နိုးတော်မူပါ၏အရှင်ဘုရား။
စမ္မခဏ်ဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြစေလိုသော စေတနာဖြင့် ရေးသားတင်ပြ အပ်ပါသည်။
ကိုးကား
၁။ ကိုယ်တိုင်သွားရောက်ဖူးမြော်ခြင်း၊
၂။ ဇလွန်မြို့ မာန်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး (သမိုင်းအကျဉ်းချုပ်) ၁၉၉၃၊ ဖေဖော်ဝါရီလ
၃။ ဂါထာပရိတ်တော်များနှင့် ကိုယ့်တွေ့ဖြစ်ရပ်များ၊ မြတ်မင်္ဂလာ အယ်ဒီတာအဖွဲ့၊ ၁၉၉ဝ၊ ဖေဖော်ဝါရီလ၊