images
UN
UN
အိုဇုန်းလွှာလျော့နည်းလာမှုနှင့်အကျိုးဆက်များ
ဒေါက်တာနေဝင်း(မွေးကု) Friday, 25 May 2018
ကမ္ဘာပေါ်ရှိနေထိုင်လျက်ရှိကြသော လူသားတို့၏ ကြိုးပမ်းအားထုတ်မှုအချို့ က ကမ္ဘာ့ပတ်ဝန်းကျင်ကို နိမ့်ကျစေ သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အား ပျက်စီးစေမှုများထဲတွင် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများ၊ အပင်များအားနေ ရောင်ခြည်မှ ကာကွယ်မှုပေးထားသည့် အိုဇုန်းလွှာများ ပြုန်းတီး-လျော့ပါးစေ သည့်ဖြစ်ရပ်လည်း ပါဝင်နေပါသည်။
ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများနှင့် သစ်ပင်များကို နေရောင်ခြည်မှ ကာ ကွယ်ထားသည့် အာကာသအတွင်းရှိ လေထုအလွှာကြီးလေးခုဖြစ်သည့် ထရို ပိုစပီးယား၊ စတာတိုစပီးယား၊ မီဆိုစပီး ယားနှင့် သာမိုစပီးယားအလွှာတို့တွင် ကမ္ဘာနှင့် ဒုတိယအနီးကပ်ဆုံးအလွှာ ဖြစ်သည့် စတာတိုစပီးယားအလွှာထဲ တွင် အိုဇုန်းလွှာအများဆုံးပမာဏဖြစ် သည့် ရာခိုင်နှုန်း ၉ဝ ရှိပြီး ကျန်အိုဇုန်းလွှာ ပမာဏ ၁ဝ ရာခိုင်နှုန်းမှာ ကမ္ဘာနှင့် အနီးကပ်ဆုံးအလွှာဖြစ်သည့် ထရိုပိုစပီး ယားအလွှာအတွင်းတွင် တည်ရှိပါသည်။
ကမ္ဘာပေါ်သို့ ကျရောက်လာသည့် နေရောင်ခြည်တွင်ပါရှိသော ခရမ်းလွန် ရောင်ခြည်ကျရောက်မှု၏ ၉၇ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်းအား အိုဇုန်းလွှာများမှ စုပ်ယူထားပေးလျက်ရှိပြီး အိုဇုန်းလွှာများ တဖြည်းဖြည်းပြုန်းတီးလျော့ပါးလာမှုကို ၁၉၇ဝ ပြည့်နှစ်တွင် အန္တာတိကတိုက်၏ အပေါ်ဘက်၌ အိုဇုန်းလွှာများတွင် အပေါက်များတွေ့ရှိမှုမှစတင်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် အန္တာတိကတိုက်အပေါ် ဘက်တွင် အမေရိကန်ပြည်ထောင်စု ပမာဏအကျယ်အဝန်းရှိသည့် အိုဇုန်း အပေါက်ကြီးအားတွေ့ရှိခဲ့ပါသည်။
အိုဇုန်းလွှာပမာဏအား လေ့လာ သုတေသနပြုသူများမှ အိုဇုန်းလွှာပါးလွှာ မှုအားလေပူဖောင်းများ၊ ဂြိုဟ်တုများ အသုံးပြု၍ 'တွမ်' ခေါ်အိုဇုန်းလွှာပမာဏ အားဖတ်ရှုနိုင်သည့် မြေပုံကိုအသုံးပြု၍ လေ့လာခဲ့ကြပါသည်။ ယင်းကိရိယာမှ ၁၉၆၆ ခုနှစ်အတွင်း အချိန်ရှစ်စက္ကန့်တိုင်း တွင် အိုဇုန်းလွှာအတိုင်းအတာပေါင်း ၃၅ခု အား ဖတ်ယူနိုင်ခဲ့ပါသည်။ ၂ဝဝဝ ပြည့် နှစ်မှစ၍ အိုဇုန်းလွှာလျော့ပါးလာသည့် နှုန်းမှာတစ်နှစ်လျှင် သုည ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။
အိုဇုန်းလွှာပါးလွှာလာမှုမှာ နိမ့်ကျ သောအပူချိန်ရှိသည့် နေရာများတွင် လေထုအတွင်းရှိ ကလိုရင်းဓာတ်နှင့် ဘရို မင်းဓာတ်များစုစည်းမှုကဖြစ်ပေါ်စေပြီး စတာတိုစပီးယားအလွှာ၏အပေါ်ပိုင်းတွင် အိုဇုန်းမရှိသည့်အပေါက်များ ဖြစ်ပေါ်စေ ပါသည်။ အိုဇုန်းလွှာလျော့ပါးလာမှုကို အပူပိုင်းဒေသများမှ လွဲ၍တစ်ကမ္ဘာလုံး တွင် တဖြည်းဖြည်းဖြစ်ပေါ်လျက်ရှိ ကြောင်း သိရပါသည်။
အိုဇုန်းလွှာလျော့ပါးစေသည့် အဓိက အကြောင်းများအားကြည့်ပါက 'စီအက် (ဖ)စီ' (ကလိုရိုဖလူတိုကာဗွန်) ဓာတ် ငွေ့များကြောင့် အများဆုံးဖြစ်ပြီး ဒုတိယ အဓိကအကြောင်းတစ်ခုမှာ ကမ္ဘာ့မြေ ပြင်မှ အာကာသအတွင်းသို့ ပစ်လွှတ် သည့် ဒုံးပျံများကြောင့် ဖြစ်ပါသည်။ တတိယအချက်အနေဖြင့် ကမ္ဘာကြီးပူ နွေးလာမှုကြောင့်ဖြစ်ပြီး အာကာသ အတွင်းတွင် ကမ္ဘာ့မြေမျက်နှာပြင်နှင့် အနီးကပ်ဆုံးအလွှာဖြစ်သည့် ထရိုပို စပီးယားအလွှာအတွင်း ဖန်လုံအိမ် အာနိသင်ကြောင့် အပူများအား စုပ်ယူ ထားမှုကြောင့်လည်းကောင်း၊ ကမ္ဘာမှ ထုတ်လွှင့်လိုက်သည့် နိုက်ထရိုဂျင်ဓာတ် ငွေ့များကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါ သည်။
''စီအက်(ဖ)စီ (ခေါ်)ကလိုရိုဖလူတို ကာဗွန်ဓာတ်ငွေ့များမှာ လေအေးပေး စက်များ၊ ရေခဲသေတ္တာများ အသုံးပြုမှုမှ ပေါ်ထွက်လာပြီး ယင်းဓာတ်ငွေ့များ၊ အိုဇုန်းလွှာအတွင်းသို့ ရောက်ရှိချိန်တွင် ခရမ်းလွန်ရောင်ခြည်ကြောင့် ဓာတ်ပြိုကွဲ သွားပြီး ကလိုရင်းဓာတ်ငွေ့များပေါ်ထွက် လာ၍ အိုဇုန်းလွှာကို ပါးလွှာစေပါ သည်။ အိုဇုန်းလွှာလျော့ပါးလာမှုမြင့်မား လာမှုကို ၁၉၇ဝပြည့်နှစ် စောစောပိုင်းကာ လများမှ စတင်တွေ့ရှိခဲ့ရပြီး ယင်းကာလ တွင် လူတို့အသုံးပြုမှုများကြောင့် ''စီ အက်(ဖ)စီ''ဓာတ်ငွေ့များ များပြားလာ သောကြောင့် ဖြစ်ပါသည်။ ၄င်းအပြင် ကမ္ဘာပေါ်ရှိ မီးတောင်များပေါက်ကွဲမှု များက ကလိုရင်းနှင့် ဘရိုမင်းဓာတ်ငွေ့ များအား ပေါ်ထွက်လာစေသောကြောင့် လည်း အိုဇုန်းလွှာကို ပါးလွှာစေပါ သည်။
အိုဇုန်းလွှာများ တဖြည်းဖြည်းလျော့ ပါးလာမှုကြောင့် နေရောင်ခြည်တွင်ပါရှိ သည့် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ ထားနိုင်မှု နည်းပါးလာသည့်အတွက် သတ္တဝါများနှင့်သစ်ပင်များအပေါ် ခရမ်း လွန်ရောင်ခြည်ကျရောက်မှုများပြားလာ ပါသည်။ ကမ္ဘာ့လေထုအတွင်းတွင်လည်း အောက်ဆီဂျင်ထုတ်လုပ်မှုနည်းပါးလာ ပြီး ဟိုက်ဒရိုဂျင်ပါရော့ဆိုဒ် ဓာတ်ငွေ့ များ များပြားလာပြီး လူသားတို့ ကျန်းမာ ရေးကို ထိခိုက်လာပါသည်။
ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများ ပြားလာမှုကြောင့် လူများတွင် အရေပြား ကင်ဆာရောဂါများဖြစ်ပွားခြင်း၊ မျက်စိ များတွင် တိမ်စွဲသည့်ရောဂါများ၊ အဆုတ် နှင့်ဆိုင်သော ရောဂါများ၊ မျိုးပွားမှုဆိုင် ရာ ရောဂါများကို ဖြစ်ပေါ်စေပါသည်။ ရေနေသတ္တဝါများနှင့်ကုန်းရေနေသတ္တဝါ များတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေပြီး ၄င်းတို့၏ဘဝစက်ဝိုင်း လည်ပတ်မှုတွင် အဆင့်လိုက်ကြီးထွားမှု များအား ထိခိုက်စေခြင်း၊ ပုံသဏ္ဌာန် မမှန်သည့် ကိုယ်ခန္ဓာတည်ဆောက်မှု များကိုလည်း ဖြစ်ပေါ်စေပါသည်။ သစ်ပင်ပန်းပင်များနှင့်ပတ်သက်၍လည်း သစ်ပင်ပန်းပင်တို့၏ ပန်းပွင့်သည့်အချိန် ကာလကိုသာမက ပန်းပွင့်သည့်အရေ အတွက်ကိုပါ ပြောင်းလဲစေသည်တို့ကို ဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် အိုဇုန်းလွှာလျော့ပါးပြုန်း တီးမှုဆက်တိုက်ဖြစ်ပေါ်နေကာ ယနေ့ အခြေအနေတွင်ထိတ်လန့်ဖွယ်ရာကိစ္စတစ်ခု အဖြစ်တည်ရှိပြီး လူသားတို့၏ကိုယ်ခန္ဓာ အား အဆိပ်အတောက်ဖြစ်စေသည့် ဟိုက် ဒရိုဂျင်ပါရော့ဆိုဒ်ပါဝင်သည့် ရေကန် များမှ ရေများကို မသောက်သုံးကြရန် နှင့် သန့်ရှင်းစိတ်ချရသည့်ရေများကိုသာ သောက်သုံးရန် လိုအပ်ပါကြောင်း အပြည်ပြည်ဆိုင်ရာ လေထုပတ်ဝန်းကျင် လေ့လာရေးနှင့် သုတေသနအဖွဲ့များ၏ အိုဇုန်းလွှာလျော့ပါးလာမှုနှင့်လူသားများ အပေါ် အကျိုးသက်ရောက်မှုများနှင့် ပတ်သက်သည့်အကြောင်းအရာများကို ကောက်နုတ်ရေးသားတင်ပြလိုက်ရပါ သည်။