images
UN
UN
တောင်သူများဆန္ဒဖော်ထုတ်
Sunday, 27 May 2018
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်း ကျေးရွာအုပ်စု ငယ်သူကျေးရွာနေ လယ်လုပ်ငန်းလုပ်ကိုင်သူ ဦးအောင် အောင်(၄၅နှစ်)ဦးဆောင်၍ အင်အား ၃ဝခန့်တို့သည် ယနေ့ နံနက် ၈ နာရီတွင် သတ်မှတ်ခွင့်ပြုပေးထား သည့်အတိုင်း ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် ပြသခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်သူများ သည် မိသားစုဝမ်းစာရေးအတွက် ရှာဖွေစားသောက်နေကြသော မိမိ ပိုင်လယ်ယာများအား သစ်တော ဦးစီးဌာနမှ ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းပြီး ၂ဝ၁၂ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ ပြန်လည် စွန့်လွှတ်သော်လည်း မူလပိုင်ရှင် များထံ ပြန်လည်မရောက်ရှိဘဲ အခြားသူများလုပ်ကိုင်နေခြင်းများ အား ဌာနဆိုင်ရာများနှင့် လယ်/စီ အဆင့်ဆင့်အားအသိပေးအကြောင်း ကြား အသနားခံခဲ့သော်လည်း မှန်ကန်သောဆုံးဖြတ်ချက်မရရှိ ခြင်းကြောင့် ဘိုကလေးမြို့နယ် လယ်/စီ အဖွဲ့အား ကျေနပ်မှုမရှိ သဖြင့် ငြိမ်းချမ်းစွာစုဝေး၍ သတ် မှတ်ထားသည့် ကြွေးကြော်သံများ အား ကြွေးကြော်ခဲ့ကြပြီး စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြ ခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်သူများသည် သတ်မှတ်ထားသည့် ဗွီနိုင်း၊ ပို စတာ၊ ဆိုင်းဘုတ်များကိုင်ဆောင် ၍ စုရပ်နေရာမှ စကားဝါလမ်း၊ ရာကျော်လမ်းနှင့် စိန်ပန်းလမ်း များအတိုင်း၊ ထိုမှတစ်ဆင့် မဟာ စည်ဘုန်းတော်ကြီးကျောင်းဝင်းအနီး သတ်မှတ်ထားသည့် ဟစ်တိုင် နေရာသို့ နံနက် ၉ နာရီ ၃ မိနစ် တွင်ရောက်ရှိခဲ့ကြပြီး နံနက် ၉ နာရီ ၅မိနစ်တွင် လူစုခွဲကာ မိမိတို့ နေရပ်သို့ အသီးသီးပြန်လည်ထွက် ခွာသွားခဲ့ကြကြောင်းနှင့် ထူးခြားမှု တစ်စုံတစ်ရာမရှိဘဲ အေးချမ်းစွာ ပြီးစီးခဲ့ကြောင်း သိရသည်။